နာၾကင္ေနေသာ ခ်ိလွ

0
8997

က်မမွာ ရည္းစားတစ္ေယာက္ ရွိခဲ့ဘူးတယ္။ နာမည္က ကိုမ်ိဳးႀကီး တဲ့… fb ကပဲ ေတြ႕တာပါ… လူပံုက ရိုးပံုရိုးလက္နဲ႔ ယဥ္ယဥ္မြန္မြန္ပါပဲ.. သူက လာ add တာရွင့္…

သူ႔ profile က လျပည့္ေန႔ ဘုရားေပၚမွ ာရိုက္ထားတဲ့ ပံုေလးနဲ႔ ပန္းေလးကိုင္ ေယာပုဆိုးေလးနဲ႔ လည္ကတံုးေလးနဲ႔မို႔ acc ကလည္း အစစ္မို႔ က်မလည္း လက္ခံလိုက္မိတယ္…

ငယ္ငယ္ရြယ္ရြယ္နဲ႔ ဘုရားတရားစာေတြ share တယ္.. ဆံုးမစာေတြ share တယ္.. သံေဝဂစာေတြတင္တယ္ ဆိုေတာ့…

ေအာ္… ရုပ္ရည္ေလး သနားကမားေလး.. ဘာသာတရား ကိုင္းရွိုင္း ဘုန္းႀကီးလည္း တႏွစ္တခါ ဝတ္တယ္ဆိုေတာ့… ေၾကြၿပီေလ ဆိုၿပီး တိတ္တိတ္ crush မိတာေပါ့..

ေနာက္ပိုင္း သူနဲ႔က်မ cb ကစကားေတြ ဘာေတြေျပာရင္း ခ်စ္သူေတြ ျဖစ္သြားၾကေရာေပါ့ရွင္.. ခ်စ္သူျဖစ္ အေျဖေပးၿပီး ေနာက္ပိုင္းလည္း cb က စကားေျပာေတာ့ ယဥ္ယဥ္ေက်းေက်းပဲ…

တေန႔ေတာ့ က်မတို႔ေတြ႕ရေအာင္ဆိုၿပီး ခ်ိန္းၾကတယ္.. က်မလည္း လွလွေတြျပင္ၿပီး ရင္ေတြလည္း ဖလန္းဖလန္း ဂ်လန္းဂ်လန္းေပါ့

ကဲ..ေတြ႕ပါၿပီရွင္…
ကိုယ္ေတာ္ေခ်ာ… ထိုင္ၿပီး စကားေလးဘာေလးေျပာ.. ရီရီေမာေမာနဲ႔ က်မနားကို ကပ္လာတယ္..

ဒန္ တန္႔ တန္ ေပါ့ေနာ္…
ဒိန္း တပ္ တပ္ ဒိန္း ေပါ့…

” လက္ေလး ကိုင္ၾကည့္ခ်င္တယ္”

” အို.. အကိုကလည္း”

က်မလည္း ရင္ေတြ ခုန္တာေပါ့ရွင္..

” ေအာ္.. လွၾကည္ရယ္ လက္ကေလးက အေပၚယံ အေရျပား တေထာက္စာသာ လွေနေပမယ့္ ေအာက္မွာေတာ့ ေသြးေတြ အေၾကာေတြနဲ႔ ရြံစရာႀကီးပါ.. မီးရွို႔ရင္ ဒီလက္ေတြက ေကာက္ေကြးၿပီး မဲျပာကုန္မွာေနာ္…”

” အမ္… ဘာေတြေျပာေနတာလဲ.. နိမိတ္မရွိ နိမာမရွိ အကိုရယ္…”

” ေျပာျပတာပါ လွၾကည္ရယ္..”

” ကိုယ္လံုးေလးက ေသးေသးေလးေနာ္ လွၾကည္.. ခါးေလးက ေသးေသးေလး တပ္မက္စရာပဲ.. ဒီအသုဘ ခနၶာကိုယ္မွာ မၾကည့္တတ္ရင္ေတာ့ တဏွာစိတ္ရိုင္းေတြ ဝင္တတ္ၾကတယ္ လွၾကည္ရယ္ အကိုလည္း ဝင္မိေနၿပီ”…တဲ့

” ဟမ္.. ဘာေတြေျပာေနတာလဲ.. ဘယ္က အသုဘလဲ ဘာတဏွာစိတ္ရိုင္းလဲ… အကိုရယ္ စကားကို ေကာင္းေကာင္းေျပာပါ”

” ေတြးမိတာ ေျပာတာပါ လွၾကည္ရဲ႕.. ”

သူကေျပာလည္းေျပာ… က်မကိုလည္း ဆြဲဖက္လိုက္တယ္။ က်မလည္း သူ႔ရင္ခြင္ထဲ ေရာက္သြားတာေပါ့… သူက က်မကို အတင္း နမ္းတယ္..

” ေမႊးလိုက္တာ လွၾကည္ရယ္.. ” တဲ့

က်မလည္း ရင္ေတြ ခုန္ေနတာေပါ့..

” ရင္ေတြ ခုန္ေနလား လွၾကည္” တဲ့

” အင္း… ခုန္ေနသလိုပဲ အကို.. ” လို႔ေျပာေတာ့

” သတိလက္မလြတ္ေစနဲ႔ လွၾကည္ ကာမစိတ္ရိုင္းေတြ ဝင္မလာခင္ အေတြ႕အထိကို အသိနဲ႔ျဖတ္ပါ” တဲ့…

” ဘာ… ရွင္.. ရွင္ဘာေတြ ေျပာေနတာလဲ ”

” မဟုတ္ပါဘူး ပုထုဇဥ္ လူသားေတြအတြက္ ကာမဂုဏ္ ခံစားတတ္တာကို သတိရမိလို႔ပါ လွၾကည္ရယ္…”

” ဟယ္… ဘာ ကာမဂုဏ္လဲ အကိုရယ္ ဒုကၡပါပဲ..”

” လွၾကည္ကို အကို တကယ္ ခ်စ္တာလားဟင္ ”

က်မ ေမးရတာေပါ့.. မျဖစ္ေတာ့ဘူးေလ.. မိန္းမတို႔ မာယာနဲ႔ သူ႔ကို ခၽြဲရေတာ့မယ္ ႏႈတ္ခမ္းေလးစူၿပီး စူးရွထက္ အသံမ်ိဳးေလးနဲ႔..

” ခ်စ္တာေပါ့ လွၾကည္ရယ္.. လွၾကည္ေရာ အကို႔ကို တပ္မက္လား”

” ဟမ္.. ဘာကို တပ္မက္ရမွာတုန္း.. စကားေတြက ဘယ္လိုေတြေျပာေနတာလဲ”

” ဟုတ္တယ္ေလ ခ်စ္တယ္ ဆိုတာ တပ္မက္တာဘဲေပါ့ လွၾကည္ရယ္ သူေတာ္ေကာင္းေတြမွာ ရွိတဲ့ ေမတၱာကမွ ေအးခ်မ္းတာ…”

” ကဲ.. ဟုတ္ပါၿပီ အကိုရယ္.. ထားပါေတာ့… က်မ ဘုန္းႀကီးတစ္ပါးရဲ႕ တရားေတြ လာနာေနရသလိုပဲ..”

” မင္း မ်က္လံုးေလးေတြ သိပ္လွတယ္ အကို႔ကို ၾကည့္စမ္း လွၾကည္”

သူနဲ႔က်မ အၾကည့္ျခင္းဆံု ရင္ေတြခုန္.. ဟီဟိ.. အဲဒီအခ်ိန္မွာဘဲ သူ႔မ်က္ႏွာက က်မ မ်က္ႏွာနားကို ကပ္လာၿပီး တိုးတိုးေလးေျပာတယ္

” သိပ္လွလြန္းတယ္ လွၾကည္ရယ္” တဲ့…

ကဲ.. က်မ ရင္ေတြခုန္လိုက္တာ တကိုယ္လံုး ကတုန္ကရင္ေတြျဖစ္လာတာ.. အာေခါင္ေတြလည္း ေျခာက္လာတယ္..

” ၾကားရဲ႕လား လွၾကည္.. အေပါက္က ခံစားလို႔ရရဲ႕လား” တဲ့

” ဟမ္.. ဘာ… ဘာ.. ဘာအေပါက္လဲ.. ဘာေတြေျပာေနတာလဲ”

” မ်က္စိေလ လွၾကည္ရဲ႕ မ်က္စိကေန အကို႔ကိုျမင္ၿပီး နားေပါက္ကေန အကိုေျပာတဲ့ စကားေတြကို ခံစားမိလားလို႔ တရားသေဘာအရ ခနၶာကိုယ္ရဲ႕ ဒြါရ ကိုးေပါက္စလံုးက အပုပ္ရည္ေတြ က်ဆင္းေနၾကတာေလ..
လွၾကည္ရဲ႕ အေပါက္ေရာ အကို႔ရဲ႕ အေပါက္ပါ.. ပါ.. ပါ..”

“ျဖန္း…” (ပါးခ်သံ)

” ရွင္ မိုက္ရိုင္းလွခ်ည္လား ဟင္.. ရည္းစားနဲ႔လာ date ပါတယ္.. ကာမေတြေရာ အေပါက္ေတြေရာ တပ္မက္တာေတြေရာ တဏွာေတြေရာ… ဘာေတြလည္း မသာေကာင္ႀကီး… ရွင္ ရူးေနတာလား ဟမ္…
က်မအဖြား တရားေခြ ဖြင့္ထားရင္း ထိုင္နာတာေတာင္ ခုေလာက္ တရားမရဘူး.. က်မျပန္မယ္”

” ေဒါသေတြ ႀကီးလွခ်ည္လား လွၾကည္ရယ္.. ပါးရိုက္လိုက္တဲ့ အခ်ိန္မွာ ေဒါသေတြထြက္ အကို႔ကိုစိုးပိုးဆက္ပက္ (အဲ..) ပိုးစိုးပက္ဆက္ ေျပာေနတဲ့အခါမွာ ဖရုႆဝါစာေတြ ထြက္နဲ႔ မင္းဟာ စိတ္ဆင္ရိုင္းကို အသိဥာဏ္ခၽြန္းနဲ႔ အုပ္လို႔မရတဲ့ ဘီလူးမတစ္ေကာင္ လိုပါလား ”

” ဘာ…..”

” ျဖန္း…” (ပါးထပ္ ရိုက္သံ)

” ထပ္ေျပာစမ္း.. ထပ္ခ်မွာ …ဟင္ က်မကို ဘာမွတ္ေနလည္း .. အရင္ေခတ္က လက္ပက္နီအဖြဲ႕ဝင္ က်မက.. က်မအေဖက အရင္က လက္ပက္နီေခါင္းေဆာင္..
ရွင့္ေလာက္ကေတာ့ ဂုတ္ကေန ဆြဲၿပီး လႊင့္ပစ္လိုက္လို႔ ရတယ္.. ထပ္ေျပာၾကည့္စမ္း..”

” မ.. မ ..ေျပာေတာ့ပါဘူး… လွၾကည္ရယ္.. အကို မင္းကို ခ်စ္လို႔ပါ..”

” တိတ္စမ္း..ေစာက္ရူးေကာင္… အလကားေကာင္… ဖီးလ္မယ္ၾကံလိုက္ရိုက္ခ်လိုက္… ro မယ္ရွိေသး ေတာက္ခ်လိုက္နဲ႔… ရိုလာကိုစတာစီးေနရသလိုပဲ..
တာ့တာပဲ..ရွင္နဲ႔က်မ ျပတ္ၿပီ ေစာက္ေပါေကာင္… fb မွာလည္း block လိုက္ၿပီ ေနာက္လည္း လာမပတ္သက္နဲ႔ေတာ့..”

” လွၾကည္သေဘာပါ.. အကိုကေတာ့ ေရစက္ ပါလာတယ္ ထင္ၿပီး ေပ်ာ္လိုက္ရတာ.. ေရွးဘဝကဆုေတာင္းေတြျပည့္ၿပီ.. ငါ့အတြက္ ပါရမီျဖည့္ဖက္ ရၿပီဆိုၿပီး မေနာပီတိ ဂြမ္းဆီထိေနခဲ့ရတာ…
အခု ဥေပကၡာျပဳေတာ့မွာေပါ့… ရပါတယ္ အကို ေက်နပ္ပါတယ္.. ပါးရိုက္ ခံရတာကိုလည္း ဝဋ္ေႂကြးလို႔ သတ္မွတ္ပါတယ္။ အကိုအျပစ္မယူဘူး ခြင့္လႊတ္ပါတယ္..” တဲ့

အဲလိုနဲ႔ပဲ က်မ ရည္းစားနဲ႔ လမ္းခြဲခဲ့ပါတယ္။ First date, first cut ပဲရွင့္… သူ႔ fb ကိုလည္း block ထားလိုက္တယ္။ ဖုန္းေတြေရာ viber ေရာ အကုန္ block ထားလိုက္တယ္…

က်မမွားလား သူမွားလား ရွင္တို႔ဘဲ ဆံုးျဖတ္ၾကည့္.. ခုလိုပံုဆို မဂၤလာဦးညမွာတင္ ဝင္တယ္ ထြက္တယ္ မွတ္ခိုင္းရင္း က်မ တခါထဲ တရားရသြားႏိုင္တယ္ေလ… (အသက္ရႉမွတ္တာ ေျပာပါတယ္) 😆

အံမယ္ ဒင္းက.. အဲ့ေန႔က စေတးတပ္စ္ တင္ထားေသးတယ္။ က်မ ေနာက္ acc တစ္ခုနဲ႔ ဝင္ၾကည့္တာ..

” ဝဋ္ေႂကြးရွိရင္ ေက်ေအာင္ ဆပ္ၾကပါ ” တဲ့

feeling so sad တဲ့… မသာေကာင္က

ရွင္တို႔လည္း က်မလိုျဖစ္မယ္ သတိထားၾက….

Min Yel Kyaw Swar

(Unicode)

နာကြင်နေသော ချိလှ

ကျမမှာ ရည်းစားတစ်ယောက် ရှိခဲ့ဘူးတယ်။ နာမည်က ကိုမျိုးကြီး တဲ့… fb ကပဲ တွေ့တာပါ… လူပုံက ရိုးပုံရိုးလက်နဲ့ ယဉ်ယဉ်မွန်မွန်ပါပဲ.. သူက လာ add တာရှင့်…

သူ့ profile က လပြည့်နေ့ ဘုရားပေါ်မှ ာရိုက်ထားတဲ့ ပုံလေးနဲ့ ပန်းလေးကိုင် ယောပုဆိုးလေးနဲ့ လည်ကတုံးလေးနဲ့မို့ acc ကလည်း အစစ်မို့ ကျမလည်း လက်ခံလိုက်မိတယ်…

ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားတရားစာတွေ share တယ်.. ဆုံးမစာတွေ share တယ်.. သံဝေဂစာတွေတင်တယ် ဆိုတော့…

အော်… ရုပ်ရည်လေး သနားကမားလေး.. ဘာသာတရား ကိုင်းရှိုင်း ဘုန်းကြီးလည်း တနှစ်တခါ ဝတ်တယ်ဆိုတော့… ကြွေပြီလေ ဆိုပြီး တိတ်တိတ် crush မိတာပေါ့..

နောက်ပိုင်း သူနဲ့ကျမ cb ကစကားတွေ ဘာတွေပြောရင်း ချစ်သူတွေ ဖြစ်သွားကြရောပေါ့ရှင်.. ချစ်သူဖြစ် အဖြေပေးပြီး နောက်ပိုင်းလည်း cb က စကားပြောတော့ ယဉ်ယဉ်ကျေးကျေးပဲ…

တနေ့တော့ ကျမတို့တွေ့ရအောင်ဆိုပြီး ချိန်းကြတယ်.. ကျမလည်း လှလှတွေပြင်ပြီး ရင်တွေလည်း ဖလန်းဖလန်း ဂျလန်းဂျလန်းပေါ့

ကဲ..တွေ့ပါပြီရှင်…
ကိုယ်တော်ချော… ထိုင်ပြီး စကားလေးဘာလေးပြော.. ရီရီမောမောနဲ့ ကျမနားကို ကပ်လာတယ်..

ဒန် တန့် တန် ပေါ့နော်…
ဒိန်း တပ် တပ် ဒိန်း ပေါ့…

” လက်လေး ကိုင်ကြည့်ချင်တယ်”

” အို.. အကိုကလည်း”

ကျမလည်း ရင်တွေ ခုန်တာပေါ့ရှင်..

” အော်.. လှကြည်ရယ် လက်ကလေးက အပေါ်ယံ အရေပြား တထောက်စာသာ လှနေပေမယ့် အောက်မှာတော့ သွေးတွေ အကြောတွေနဲ့ ရွံစရာကြီးပါ.. မီးရှို့ရင် ဒီလက်တွေက ကောက်ကွေးပြီး မဲပြာကုန်မှာနော်…”

” အမ်… ဘာတွေပြောနေတာလဲ.. နိမိတ်မရှိ နိမာမရှိ အကိုရယ်…”

” ပြောပြတာပါ လှကြည်ရယ်..”

” ကိုယ်လုံးလေးက သေးသေးလေးနော် လှကြည်.. ခါးလေးက သေးသေးလေး တပ်မက်စရာပဲ.. ဒီအသုဘ ခန္ဓာကိုယ်မှာ မကြည့်တတ်ရင်တော့ တဏှာစိတ်ရိုင်းတွေ ဝင်တတ်ကြတယ် လှကြည်ရယ် အကိုလည်း ဝင်မိနေပြီ”…တဲ့

” ဟမ်.. ဘာတွေပြောနေတာလဲ.. ဘယ်က အသုဘလဲ ဘာတဏှာစိတ်ရိုင်းလဲ… အကိုရယ် စကားကို ကောင်းကောင်းပြောပါ”

” တွေးမိတာ ပြောတာပါ လှကြည်ရဲ့.. ”

သူကပြောလည်းပြော… ကျမကိုလည်း ဆွဲဖက်လိုက်တယ်။ ကျမလည်း သူ့ရင်ခွင်ထဲ ရောက်သွားတာပေါ့… သူက ကျမကို အတင်း နမ်းတယ်..

” မွှေးလိုက်တာ လှကြည်ရယ်.. ” တဲ့

ကျမလည်း ရင်တွေ ခုန်နေတာပေါ့..

” ရင်တွေ ခုန်နေလား လှကြည်” တဲ့

” အင်း… ခုန်နေသလိုပဲ အကို.. ” လို့ပြောတော့

” သတိလက်မလွတ်စေနဲ့ လှကြည် ကာမစိတ်ရိုင်းတွေ ဝင်မလာခင် အတွေ့အထိကို အသိနဲ့ဖြတ်ပါ” တဲ့…

” ဘာ… ရှင်.. ရှင်ဘာတွေ ပြောနေတာလဲ ”

” မဟုတ်ပါဘူး ပုထုဇဉ် လူသားတွေအတွက် ကာမဂုဏ် ခံစားတတ်တာကို သတိရမိလို့ပါ လှကြည်ရယ်…”

” ဟယ်… ဘာ ကာမဂုဏ်လဲ အကိုရယ် ဒုက္ခပါပဲ..”

” လှကြည်ကို အကို တကယ် ချစ်တာလားဟင် ”

ကျမ မေးရတာပေါ့.. မဖြစ်တော့ဘူးလေ.. မိန်းမတို့ မာယာနဲ့ သူ့ကို ချွဲရတော့မယ် နှုတ်ခမ်းလေးစူပြီး စူးရှထက် အသံမျိုးလေးနဲ့..

” ချစ်တာပေါ့ လှကြည်ရယ်.. လှကြည်ရော အကို့ကို တပ်မက်လား”

” ဟမ်.. ဘာကို တပ်မက်ရမှာတုန်း.. စကားတွေက ဘယ်လိုတွေပြောနေတာလဲ”

” ဟုတ်တယ်လေ ချစ်တယ် ဆိုတာ တပ်မက်တာဘဲပေါ့ လှကြည်ရယ် သူတော်ကောင်းတွေမှာ ရှိတဲ့ မေတ္တာကမှ အေးချမ်းတာ…”

” ကဲ.. ဟုတ်ပါပြီ အကိုရယ်.. ထားပါတော့… ကျမ ဘုန်းကြီးတစ်ပါးရဲ့ တရားတွေ လာနာနေရသလိုပဲ..”

” မင်း မျက်လုံးလေးတွေ သိပ်လှတယ် အကို့ကို ကြည့်စမ်း လှကြည်”

သူနဲ့ကျမ အကြည့်ခြင်းဆုံ ရင်တွေခုန်.. ဟီဟိ.. အဲဒီအချိန်မှာဘဲ သူ့မျက်နှာက ကျမ မျက်နှာနားကို ကပ်လာပြီး တိုးတိုးလေးပြောတယ်

” သိပ်လှလွန်းတယ် လှကြည်ရယ်” တဲ့…

ကဲ.. ကျမ ရင်တွေခုန်လိုက်တာ တကိုယ်လုံး ကတုန်ကရင်တွေဖြစ်လာတာ.. အာခေါင်တွေလည်း ခြောက်လာတယ်..

” ကြားရဲ့လား လှကြည်.. အပေါက်က ခံစားလို့ရရဲ့လား” တဲ့

” ဟမ်.. ဘာ… ဘာ.. ဘာအပေါက်လဲ.. ဘာတွေပြောနေတာလဲ”

” မျက်စိလေ လှကြည်ရဲ့ မျက်စိကနေ အကို့ကိုမြင်ပြီး နားပေါက်ကနေ အကိုပြောတဲ့ စကားတွေကို ခံစားမိလားလို့ တရားသဘောအရ ခန္ဓာကိုယ်ရဲ့ ဒွါရ ကိုးပေါက်စလုံးက အပုပ်ရည်တွေ ကျဆင်းနေကြတာလေ..
လှကြည်ရဲ့ အပေါက်ရော အကို့ရဲ့ အပေါက်ပါ.. ပါ.. ပါ..”

“ဖြန်း…” (ပါးချသံ)

” ရှင် မိုက်ရိုင်းလှချည်လား ဟင်.. ရည်းစားနဲ့လာ date ပါတယ်.. ကာမတွေရော အပေါက်တွေရော တပ်မက်တာတွေရော တဏှာတွေရော… ဘာတွေလည်း မသာကောင်ကြီး… ရှင် ရူးနေတာလား ဟမ်…
ကျမအဖွား တရားခွေ ဖွင့်ထားရင်း ထိုင်နာတာတောင် ခုလောက် တရားမရဘူး.. ကျမပြန်မယ်”

” ဒေါသတွေ ကြီးလှချည်လား လှကြည်ရယ်.. ပါးရိုက်လိုက်တဲ့ အချိန်မှာ ဒေါသတွေထွက် အကို့ကိုစိုးပိုးဆက်ပက် (အဲ..) ပိုးစိုးပက်ဆက် ပြောနေတဲ့အခါမှာ ဖရုဿဝါစာတွေ ထွက်နဲ့ မင်းဟာ စိတ်ဆင်ရိုင်းကို အသိဉာဏ်ချွန်းနဲ့ အုပ်လို့မရတဲ့ ဘီလူးမတစ်ကောင် လိုပါလား ”

” ဘာ…..”

” ဖြန်း…” (ပါးထပ် ရိုက်သံ)

” ထပ်ပြောစမ်း.. ထပ်ချမှာ …ဟင် ကျမကို ဘာမှတ်နေလည်း .. အရင်ခေတ်က လက်ပက်နီအဖွဲ့ဝင် ကျမက.. ကျမအဖေက အရင်က လက်ပက်နီခေါင်းဆောင်..
ရှင့်လောက်ကတော့ ဂုတ်ကနေ ဆွဲပြီး လွှင့်ပစ်လိုက်လို့ ရတယ်.. ထပ်ပြောကြည့်စမ်း..”

” မ.. မ ..ပြောတော့ပါဘူး… လှကြည်ရယ်.. အကို မင်းကို ချစ်လို့ပါ..”

” တိတ်စမ်း..စောက်ရူးကောင်… အလကားကောင်… ဖီးလ်မယ်ကြံလိုက်ရိုက်ချလိုက်… ro မယ်ရှိသေး တောက်ချလိုက်နဲ့… ရိုလာကိုစတာစီးနေရသလိုပဲ..
တာ့တာပဲ..ရှင်နဲ့ကျမ ပြတ်ပြီ စောက်ပေါကောင်… fb မှာလည်း block လိုက်ပြီ နောက်လည်း လာမပတ်သက်နဲ့တော့..”

” လှကြည်သဘောပါ.. အကိုကတော့ ရေစက် ပါလာတယ် ထင်ပြီး ပျော်လိုက်ရတာ.. ရှေးဘဝကဆုတောင်းတွေပြည့်ပြီ.. ငါ့အတွက် ပါရမီဖြည့်ဖက် ရပြီဆိုပြီး မနောပီတိ ဂွမ်းဆီထိနေခဲ့ရတာ…
အခု ဥပေက္ခာပြုတော့မှာပေါ့… ရပါတယ် အကို ကျေနပ်ပါတယ်.. ပါးရိုက် ခံရတာကိုလည်း ဝဋ်ကြွေးလို့ သတ်မှတ်ပါတယ်။ အကိုအပြစ်မယူဘူး ခွင့်လွှတ်ပါတယ်..” တဲ့

အဲလိုနဲ့ပဲ ကျမ ရည်းစားနဲ့ လမ်းခွဲခဲ့ပါတယ်။ First date, first cut ပဲရှင့်… သူ့ fb ကိုလည်း block ထားလိုက်တယ်။ ဖုန်းတွေရော viber ရော အကုန် block ထားလိုက်တယ်…

ကျမမှားလား သူမှားလား ရှင်တို့ဘဲ ဆုံးဖြတ်ကြည့်.. ခုလိုပုံဆို မင်္ဂလာဦးညမှာတင် ဝင်တယ် ထွက်တယ် မှတ်ခိုင်းရင်း ကျမ တခါထဲ တရားရသွားနိုင်တယ်လေ… (အသက်ရှူမှတ်တာ ပြောပါတယ်) 😆

အံမယ် ဒင်းက.. အဲ့နေ့က စတေးတပ်စ် တင်ထားသေးတယ်။ ကျမ နောက် acc တစ်ခုနဲ့ ဝင်ကြည့်တာ..

” ဝဋ်ကြွေးရှိရင် ကျေအောင် ဆပ်ကြပါ ” တဲ့

feeling so sad တဲ့… မသာကောင်က

ရှင်တို့လည်း ကျမလိုဖြစ်မယ် သတိထားကြ….

Min Yel Kyaw Swar

LEAVE A REPLY

Please enter your comment!
Please enter your name here