ေဖြးေဖြးနဲ႔တြဲရိုက္ထားတဲ့ ပုံေလးေတြ စိုင္းစိုင္း ဘာေၾကာင့္ ဆက္တိုက္တင္ေနရလဲ ဆိုတာ..

0
4151

(Zawgyi)

ေဖြးေဖြးနဲ႔ အတူတူ ရိုက္ထားတဲ့ ပံုအေဟာင္းေလး ေတြကို ဆက္တိုက္ တင္ရင္းနဲ႕ ပရိသတ္ေတြကို ေမးခြန္းေတြ ထုတ္ထားပါတယ္။ သူဘာလို႔ ဒီလိုေတြ လုပ္ေနလဲ ဆိုတာ ဒီဇင္ဘာ (၁) ရက္ေန႕က်ရင္ သိရေတာ့မွာပါ။

ပရိသတ္ အခ်စ္ေတာ္ စိုင္းစိုင္းခမ္းလိႈင္ တစ္ေယာက္ ပရိသတ္ေတြကို ေခါင္းစားေအာင္ ဆက္တိုက္လုပ္ေနပါတယ္။ ေဖြးေဖြးနဲ႕ ဓာတ္ပံုအေဟာင္း ေလးေတြ တင္ၿပီး ပရိသတ္ေတြ သူတို႕ႏွစ္ေယာက္နဲ႕ ပတ္သက္ၿပီး ဘယ္ေလာက္ မွတ္မိေၾကာင္း ေမးခြန္းေတြ ထုတ္ေနတာ ေတြ႕ရ ပါတယ္။

ဒီေန႕လည္း ေဖြးေဖြးနဲ႕ အတူ ရိုက္ထားတဲ့ ဓာတ္ပံုတစ္ပံုကို တင္ထားပါတယ္။ အဲ့ဒီ ဓာတ္ပံုက “က်ဴးပစ္ရဲ႕ ေက်းကၽြန္မ်ား” ဇာတ္ကားထဲက ဓာတ္ပံု ျဖစ္ပါတယ္။ အဲ့ဒီပံုကိုတင္ရင္း စိုင္းစိုင္းက ယခုလို ေျပာထားတာ ေတြ႕ရပါတယ္။ “ကၽြန္ေတာ္နဲ႕ ရုပ္ရွင္သရုပ္ေဆာင္ ေဖြးေဖြးရဲ႕ ဇာတ္ဝင္ခန္းပံုအေဟာင္းေလးေတြကို ျပန္ရွာၿပီး တင္ေနတာ ဘာျဖစ္လို႕လဲဆိုေတာ့ ” လို႕ ေရးကာ ပရိသတ္ေတြကို ေခါင္းစားေအာင္လုပ္ထားပါတယ္။

အရင္ေန႔ ေတြကလည္း ေဖြးေဖြးနဲ႔ ပံုေတြ ဆက္တုိက္တင္ၿပီး ပရိသတ္ ေတြကို ေမးခြန္းေတြ ထုတ္ထားတာပါ။ သူဘာလို႔ အဲ့လို ေမးလဲ ဆိုတာကိုလည္း ဒီဇင္ဘာ (၁) ရက္ေန႕က်ရင္ ေျပာျပမယ္လို႕ ေရးထားပါေသးတယ္။ သူ႕ရဲ႕ ပရိသတ္ေတြကို သူတင္ထား တဲ့ ဓာတ္ပံုကို ေဖြးေဖြးရဲ႕ Fan ေတြကိုလည္း ျပေပးဖို႕အတြက္ စကားပါးထားပါေသးတယ္။ စိုင္းစိုင္းနဲ႕ ေဖြးေဖြးပံုကို ၾကည့္ၿပီး သူတို႕ႏွစ္ေယာက္ ဘယ္မွာ သရုပ္ေဆာင္ထားလဲဆိုတာ ပရိသတ္ေတြ အကုန္လံုးက ေျဖဆိုႏိုင္တာလည္း ေတြ႕ရပါတယ္။

စိုင္းစိုင္း တစ္ေယာက္ ပရိသတ္ေတြကို ေခါင္းစားေအာင္ လုပ္ရင္းနဲ႕ ဒီဇင္ဘာ (၁) ရက္ေန႕အတြက္ ဘာေတြလာဦးမလဲ ဆိုတာ ပရိသတ္ေတြ ရင္ခုန္လုိ႕ေနပါတယ္။ စိုင္းစိုင္းနဲ႕ ေဖြးေဖြးဟာ အႏုပညာေလာကမွာ ေအာင္ျမင္မႈကိုယ္စီ ရရွိထားတဲ့ အႏုပညာရွင္ေတြ ျဖစ္ပါတယ္။ ေဖြးေဖြးဟာ ျမန္မာႏုိင္ငံရဲ႕ သရုပ္ေဆာင္ ေလာကမွာ ထိပ္တန္းစာရင္းဝင္ မင္းသမီးတစ္ဦးဆိုလည္း မမွားပါဘူး။ သူတို႕နွစ္ေယာက္ရဲ႕ ေပါင္းစည္းမႈက ဘာမ်ားျဖစ္မလဲ ဆိုၿပီး ပရိသတ္ေတြလည္း စိတ္ဝင္စားေနၾကပါတယ္။

 

စိုင္းစိုင္းခမ္းလိႈင္ဟာ ၂၀၀၀ခုႏွစ္မွာ ေခ်ာကလက္ေရာင္ ေရခဲအိမ္မက္ ေတးစီးရီးကို ထြက္ရွိခဲ့ကာ ၂၀၀၁ ခုႏွစ္မွာ သူငယ္ခ်င္းမ်ားစြာ အေခြ၊ ၂၀၀၃ ခုႏွစ္မွာ ေဖေဖာ္ဝါရီ မွတ္တမ္း၊ ၂၀၀၄ ခုႏွစ္မွာ Sai Sai Live Show နဲ႕ ၂၀၀၅ခုႏွစ္မွာ စိုင္းစုိင္းဟု ေခၚသည္၊ ၂၀၀၇ခုႏွစ္မွာ Sai Sai Birthday ၊ 2009ခုႏွစ္မွာ Ever ေဂၚလီ၊ ၂၀၁၂ခုႏွစ္မွာ ဒိတ္ဒိတ္က်ဲ စတဲ့ ေတးစီးရီးမ်ားနဲ႕ အတြဲေခြမ်ားစြာမွာလည္း သီဆိုထားသူ တစ္ဦး လည္း ျဖစ္ပါတယ္။

သရုပ္ေဆာင္ပိုင္းနဲ႕ ပတ္သက္လို႔ ၂၀၀၇ခုႏွစ္မွာ မဂၤလာပါဇာတ္ကား၊ ၂၀၀၇ ခုႏွစ္မွာ ဂုဏ္ရွိန္ျပင္းတဲ့ ခ်စ္ျခင္း သိကၡာ၊ ၂၀၀၈ခုႏွစ္မွာ ရင္ခြင္ႏွင္းဆီ ၊ ၂၀၁၁ခုႏွစ္မွာ အာဒံရယ္ ဧဝရယ္ ဒႆရယ္၊ ၂၀၁၆ခုႏွစ္မွာ ေအဒင္ရဲ႕ နတ္သမီး၊ From Bangkok To Mandalay၊ ဂ်ဳန္းဂ်ဳန္းဂ်က္ဂ်က္ စတဲ့ ရုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္ထားသူ တစ္ဦး ျဖစ္ပါတယ္။ အဲ့ဒီေနာက္ စုိင္းစုိင္းခမ္းလႈိင္ရဲ႕ စီးပြားေရး အေနနဲ႔ Frezon Production မွာလည္း ဦးေဆာင္ သူတစ္ဦးလည္း ျဖစ္သလုိ SAI Cosmetix ရဲ႕ ထုတ္လုပ္သူ တစ္ဦးလည္း ျဖစ္ပါတယ္။

(Unicode)

ဖွေးဖွေးနဲ့ အတူတူ ရိုက်ထားတဲ့ ပုံအဟောင်းလေး တွေကို ဆက်တိုက် တင်ရင်းနဲ့ ပရိသတ်တွေကို မေးခွန်းတွေ ထုတ်ထားပါတယ်။ သူဘာလို့ ဒီလိုတွေ လုပ်နေလဲ ဆိုတာ ဒီဇင်ဘာ (၁) ရက်နေ့ကျရင် သိရတော့မှာပါ။

ပရိသတ် အချစ်တော် စိုင်းစိုင်းခမ်းလှိုင် တစ်ယောက် ပရိသတ်တွေကို ခေါင်းစားအောင် ဆက်တိုက်လုပ်နေပါတယ်။ ဖွေးဖွေးနဲ့ ဓာတ်ပုံအဟောင်း လေးတွေ တင်ပြီး ပရိသတ်တွေ သူတို့နှစ်ယောက်နဲ့ ပတ်သက်ပြီး ဘယ်လောက် မှတ်မိကြောင်း မေးခွန်းတွေ ထုတ်နေတာ တွေ့ရ ပါတယ်။

ဒီနေ့လည်း ဖွေးဖွေးနဲ့ အတူ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို တင်ထားပါတယ်။ အဲ့ဒီ ဓာတ်ပုံက “ကျူးပစ်ရဲ့ ကျေးကျွန်များ” ဇာတ်ကားထဲက ဓာတ်ပုံ ဖြစ်ပါတယ်။ အဲ့ဒီပုံကိုတင်ရင်း စိုင်းစိုင်းက ယခုလို ပြောထားတာ တွေ့ရပါတယ်။ “ကျွန်တော်နဲ့ ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးရဲ့ ဇာတ်ဝင်ခန်းပုံအဟောင်းလေးတွေကို ပြန်ရှာပြီး တင်နေတာ ဘာဖြစ်လို့လဲဆိုတော့ ” လို့ ရေးကာ ပရိသတ်တွေကို ခေါင်းစားအောင်လုပ်ထားပါတယ်။

အရင်နေ့ တွေကလည်း ဖွေးဖွေးနဲ့ ပုံတွေ ဆက်တိုက်တင်ပြီး ပရိသတ် တွေကို မေးခွန်းတွေ ထုတ်ထားတာပါ။ သူဘာလို့ အဲ့လို မေးလဲ ဆိုတာကိုလည်း ဒီဇင်ဘာ (၁) ရက်နေ့ကျရင် ပြောပြမယ်လို့ ရေးထားပါသေးတယ်။ သူ့ရဲ့ ပရိသတ်တွေကို သူတင်ထား တဲ့ ဓာတ်ပုံကို ဖွေးဖွေးရဲ့ Fan တွေကိုလည်း ပြပေးဖို့အတွက် စကားပါးထားပါသေးတယ်။ စိုင်းစိုင်းနဲ့ ဖွေးဖွေးပုံကို ကြည့်ပြီး သူတို့နှစ်ယောက် ဘယ်မှာ သရုပ်ဆောင်ထားလဲဆိုတာ ပရိသတ်တွေ အကုန်လုံးက ဖြေဆိုနိုင်တာလည်း တွေ့ရပါတယ်။

စိုင်းစိုင်း တစ်ယောက် ပရိသတ်တွေကို ခေါင်းစားအောင် လုပ်ရင်းနဲ့ ဒီဇင်ဘာ (၁) ရက်နေ့အတွက် ဘာတွေလာဦးမလဲ ဆိုတာ ပရိသတ်တွေ ရင်ခုန်လို့နေပါတယ်။ စိုင်းစိုင်းနဲ့ ဖွေးဖွေးဟာ အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီ ရရှိထားတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ ဖွေးဖွေးဟာ မြန်မာနိုင်ငံရဲ့ သရုပ်ဆောင် လောကမှာ ထိပ်တန်းစာရင်းဝင် မင်းသမီးတစ်ဦးဆိုလည်း မမှားပါဘူး။ သူတို့နှစ်ယောက်ရဲ့ ပေါင်းစည်းမှုက ဘာများဖြစ်မလဲ ဆိုပြီး ပရိသတ်တွေလည်း စိတ်ဝင်စားနေကြပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင် ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာ အခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟု ခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း သီဆိုထားသူ တစ်ဦး လည်း ဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်း သိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frezon Production မှာလည်း ဦးဆောင် သူတစ်ဦးလည်း ဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here