ေရာ္နယ္ဒို ဘာေၾကာင့္ ကမၻာ့အေကာင္းဆုံး ကစားသမားျဖစ္လဲဆိုတာ ေျပာခဲ့တဲ့ေရာ္ဘင္

0
57

(Zawgyi)

ဂ်ာမန္ဘီလူး ဘုိင္ယန္ျမဴးနစ္ အသင္းရဲ႕ တိုက္စစ္မွဴး အာဂ်န္ ေရာ္ဘင္က လက္ရွိ ဂ်ဴဗင္တပ္ အသင္းမွာ ကစားေနတဲ့ တိုက္စစ္မွဴး ေရာ္နယ္ဒုိဟာ ကမၻာ့ အေကာင္းဆံုး တိုက္စစ္မႈးျဖစ္ၿပီး သူ ဘာေၾကာင့္ အခုလို ေျပာႏုိင္ရလဲ ဆိုတာကိုလဲ ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ပါတယ္။

ေရာ္ဘင္က “ ေရာ္နယ္ဒုိ အီတလီကို ေျပာင္းလာတာ သူ႔ကုိယ္သူ ကမၻာ့ အေကာင္းဆံုး ကစားသမားဆိုတာကို ထပ္မံ သက္ေသျပခ်င္လို႔ ဆိုပီး ခင္ဗ်ားတို႔ ထင္လား? ကြ်န္ေတာ္ကေတာ့ အဲ့လို မထင္ပါဘူး။

သူဟာ အဂၤလန္နဲ႔ စပိန္တို႔မွာ သက္ေသျပခဲ့ ၿပီးပါၿပီ။ ဒါ့ေၾကာင့္ ေနာက္ထပ္ သက္ေသျပစရာ မလုိေတာ့ပါဘူး။ ဘာလို႔လဲ ဆိုေတာ့ သူဟာ ကမၻာ့အေကာင္းဆံုး ကစားသမား ျဖစ္ေနလို႔ပါပဲ ” လို႔ ေျပာၾကား သြားခဲ့တာပါ။

ေရာ္နယ္ဒိုဟာ ကမၻာ့ အေကာင္းဆံုး ကစားသမားဆုကို ၅ႀကိမ္အထိ ရယူထားႏုိင္ခဲ့သလို အဂၤလန္ေျမ ျဖစ္တဲ့ မန္ခ်က္စတာ ယူႏိုက္တက္မွာ ကစားခဲ့တုန္းက အဓိက ဆုဖလား ၂ ခုျဖစ္တဲ့ ပရီးမီးယားလိဂ္ဖလား ခ်န္ပီယံလိဂ္ ဖလားတို႔ကို ရယူႏုိင္ခဲ့သလို စပိန္ေျမျဖစ္တဲ့ ရီးရဲမက္ဒရစ္မွာ ကစားခဲ့တုန္းကလည္း အဓိက ဆုဖလား ၂ ခု ျဖစ္တဲ့ လာလီဂါ ဖလား၊ ခ်န္ပီယံလိဂ္ဖလား တို႔ကို ရယူေပး ႏိုင္ခဲ့ပါတယ္။

အခု အီတလီေျမ ျဖစ္တဲ့ ဂ်ဴဗင္တပ္ အသင္းမွာလည္း အေကာင္းဆံုး ေျခစြမ္းျပ ေနၿပီး စီးရီးေအ ဖလားကို ဆြတ္ခူးဖို႔က အေတာ္ေလး နီးစပ္ေနသလို ခ်န္ပီယံလိဂ္ မွာလည္း ဘယ္ေလာက္ထိ စြမ္းေဆာင္ျပႏုိင္မလဲ ဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

(Unicode)

ဘိုင်ယန်မြူးနစ် အသင်းရဲ့ တိုက်စစ်မှူး အာဂျန် ရော်ဘင်က လက်ရှိ ဂျူဗင်တပ်အသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှုးဖြစ်ပြီး သူ ဘာကြောင့် အခုလို ပြောနိုင်ရလဲ ဆိုတာကိုလဲ ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။

ရော်ဘင်က “ ရော်နယ်ဒို အီတလီကို ပြောင်းလာတာ သူ့ကိုယ်သူ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆိုတာကို ထပ်မံ သက်သေပြချင်လို့ ဆိုပီး ခင်ဗျားတို့ ထင်လား? ကျွန်တော်ကတော့ အဲ့လို မထင်ပါဘူး။

သူဟာ အင်္ဂလန်နဲ့ စပိန်တို့မှာ သက်သေပြခဲ့ ပြီးပါပြီ။ ဒါ့ကြောင့် နောက်ထပ် သက်သေပြစရာ မလိုတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေလို့ပါပဲ ” လို့ ပြောကြား သွားခဲ့တာပါ။

ရော်နယ်ဒိုဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို ၅ကြိမ်အထိ ရယူထားနိုင်ခဲ့သလို အင်္ဂလန်မြေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်မှာ ကစားခဲ့တုန်းက အဓိက ဆုဖလား ၂ ခုဖြစ်တဲ့ ပရီးမီးယားလိဂ်ဖလား ချန်ပီယံလိဂ် ဖလားတို့ကို ရယူနိုင်ခဲ့သလို စပိန်မြေဖြစ်တဲ့ ရီးရဲမက်ဒရစ်မှာ ကစားခဲ့တုန်းကလည်း အဓိက ဆုဖလား၂ခုဖြစ်တဲ့ လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလား တို့ကို ရယူပေး နိုင်ခဲ့ပါတယ်။

အခု အီတလီမြေ ဖြစ်တဲ့ ဂျူဗင်တပ် အသင်းမှာလည်း အကောင်းဆုံး ခြေစွမ်းပြနေပြီး စီးရီးအေ ဖလားကို ဆွတ်ခူးဖို့က အတော်လေး နီးစပ်နေသလို ချန်ပီယံလိဂ်မှာလည်း ဘယ်လောက်ထိ စွမ်းဆောင်ပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here