ခ်စ္သူရဲ႕အုတ္ဂူေလးဆီ အလြမ္းေတြအျပည့္နဲ႔ သြားေရာက္ခဲ့တဲ့ နီလန္း

0
3128

(Zawgyi)

ျမန္မာႏိုင္ငံမွာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ သီခ်င္းဆို ၿပိဳင္ပြဲႀကီးျဖစ္တဲ့ Myanmar Idol Season 3 ၿပိဳင္ပြဲႀကီးကေန ပရိသတ္ရဲ႕ အားေပးမႈ၊ ခ်စ္ခင္မႈတို႔ကို ရရွိခဲ့တဲ့ အဆိုေတာ္မေလး နီလန္းကေတာ့ သီခ်င္းေတြဆုိရင္း၊ ေဖ်ာ္ေျဖပြဲေတြလုပ္ရင္း အႏုပညာဂီတလမ္းေၾကာင္းေပၚမွာေလွ်ာက္လွမ္းေနျပီပဲျဖစ္ပါတယ္။

နီလန္းဟာ သူမ အားသြန္ခြန္စိုက္ ၿပိဳင္ပြဲ၀င္ေနစဥ္ကာလမွာ သူမ သိပ္ခ်စ္ရတဲ့ ခ်စ္သူကို ဆံုးရႈံးခဲ့ရသူတစ္ေယာက္ ျဖစ္ပါတယ္။ သူမရဲ႕ ခ်စ္သူဟာ ကိုယ့္ကိုကိုယ္ ေသေၾကာင္းႀကံစည္ကာ လူ႔ေလာကၾကီးထဲက ထြက္ခြာသြားခဲ့တာျဖစ္ၿပီး ခ်စ္သူကို ဆံုးရႈံးလိုက္တဲ့ နီလန္းတစ္ေယာက္ မ်က္ရည္ေတြနဲ႔ ၿပိဳင္ပြဲ၀င္ခဲ့ရတဲ့ ညေလးကိုေတာ့ ပရိသတ္ေတြ မွတ္မိၾကဦးမယ္ ထင္ပါတယ္။

 

ၾကည့္ရႈသူ ပရိသတ္ေတြ အပါအ၀င္ ဒိုင္ေတြပါ မ်က္ရည္က် ၀မ္းနည္း ပူေဆြးခဲ့ရတဲ့ သူမတို႔ရဲ႕အခ်စ္ဇာတ္လမ္းေလးကေတာ့ တကယ့္ကို ေၾကကြဲဖြယ္ရာ ေကာင္းလွပါတယ္။ ခ်စ္သူရဲ႕ အလိုဆႏၵအတိုင္း ဂီတေလာကမွာ ေအာင္ျမင္တဲ့သူ တစ္ေယာက္ျဖစ္ေအာင္ ၾကိဳးစားေနတဲ့ နီလန္းကေတာ့ ခ်စ္သူကိုဘယ္ေလာက္ေတာင္ လြမ္းဆြတ္ေနမလဲေနာ္။

ဒီကေန႔မွာေတာ့ နီလန္း တစ္ေယာက္ အနားမွာ မရွိေတာ့တဲ့ ခ်စ္သူရဲ႕ အုတ္ဂူေလးဆီကုိ သြားကာ အလြမ္းေတြ ေျဖခဲ့ရပံုကို သူမရဲ႕ ေဖ့စ္ဘြတ္ စာမ်က္ႏွာေပၚမွာ ၀မ္းနည္းဖြယ္ အမွတ္တရ အေနနဲ႔ တင္ထားတာကို ေတြ႔ရပါတယ္။

ခ်စ္သူရဲ႕ အုတ္ဂူေလးေရွ႕မွာ ပူေဆြး မ်က္ရည္ က်ေနတဲ့ နီလန္းရဲ႕ ပံုရိပ္ေတြက ၾကည့္ရႈသူ ပရိသတ္ေတြကို မ်ားစြာ စိတ္မေကာင္း ျဖစ္ေစခဲ့ပါတယ္။ ေအာင္ျမင္မႈေတြ ရလာတဲ့အခ်ိန္မွာ တြဲစရာ လက္တစ္စံု ေပ်ာက္ဆံုးသြားတာ၊ အထူးသျဖင့္ ခ်စ္သူေတြ ခ်စ္မ၀ျဖစ္ေနေသးတဲ့ အခ်ိန္မွာ ေသကြဲကြဲရတဲ့ ခံစားခ်က္ႀကီးကေတာ့ ေၾကာက္စရာ အေကာင္းဆံုးပါပဲေနာ္။

(Unicode)

မြန်မာနိုင်ငံမှာ အောင်မြင်ကျော်ကြားတဲ့ သီချင်းဆို ပြိုင်ပွဲကြီးဖြစ်တဲ့ Myanmar Idol Season 3 ပြိုင်ပွဲကြီးကနေ ပရိသတ်ရဲ့ အားပေးမှု၊ ချစ်ခင်မှုတို့ကို ရရှိခဲ့တဲ့ အဆိုတော်မလေး နီလန်းကတော့ သီချင်းတွေဆိုရင်း၊ ဖျော်ဖြေပွဲတွေလုပ်ရင်း အနုပညာဂီတလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေပြီပဲဖြစ်ပါတယ်။

နီလန်းဟာ သူမ အားသွန်ခွန်စိုက် ပြိုင်ပွဲဝင်နေစဉ်ကာလမှာ သူမ သိပ်ချစ်ရတဲ့ ချစ်သူကို ဆုံးရှုံးခဲ့ရသူတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ ချစ်သူဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ကာ လူ့လောကကြီးထဲက ထွက်ခွာသွားခဲ့တာဖြစ်ပြီး ချစ်သူကို ဆုံးရှုံးလိုက်တဲ့ နီလန်းတစ်ယောက် မျက်ရည်တွေနဲ့ ပြိုင်ပွဲဝင်ခဲ့ရတဲ့ ညလေးကိုတော့ ပရိသတ်တွေ မှတ်မိကြဦးမယ် ထင်ပါတယ်။

ကြည့်ရှုသူ ပရိသတ်တွေ အပါအဝင် ဒိုင်တွေပါ မျက်ရည်ကျ ဝမ်းနည်း ပူဆွေးခဲ့ရတဲ့ သူမတို့ရဲ့အချစ်ဇာတ်လမ်းလေးကတော့ တကယ့်ကို ကြေကွဲဖွယ်ရာ ကောင်းလှပါတယ်။ ချစ်သူရဲ့ အလိုဆန္ဒအတိုင်း ဂီတလောကမှာ အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ နီလန်းကတော့ ချစ်သူကိုဘယ်လောက်တောင် လွမ်းဆွတ်နေမလဲနော်။

ဒီကနေ့မှာတော့ နီလန်း တစ်ယောက် အနားမှာ မရှိတော့တဲ့ ချစ်သူရဲ့ အုတ်ဂူလေးဆီကို သွားကာ အလွမ်းတွေ ဖြေခဲ့ရပုံကို သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ဝမ်းနည်းဖွယ် အမှတ်တရ အနေနဲ့ တင်ထားတာကို တွေ့ရပါတယ်။

ချစ်သူရဲ့ အုတ်ဂူလေးရှေ့မှာ ပူဆွေး မျက်ရည် ကျနေတဲ့ နီလန်းရဲ့ ပုံရိပ်တွေက ကြည့်ရှုသူ ပရိသတ်တွေကို များစွာ စိတ်မကောင်း ဖြစ်စေခဲ့ပါတယ်။ အောင်မြင်မှုတွေ ရလာတဲ့အချိန်မှာ တွဲစရာ လက်တစ်စုံ ပျောက်ဆုံးသွားတာ၊ အထူးသဖြင့် ချစ်သူတွေ ချစ်မဝဖြစ်နေသေးတဲ့ အချိန်မှာ သေကွဲကွဲရတဲ့ ခံစားချက်ကြီးကတော့ ကြောက်စရာ အကောင်းဆုံးပါပဲနော်။

LEAVE A REPLY

Please enter your comment!
Please enter your name here