ယခုႏွစ္တြင္း ေမာ္ရင္ဟိုရဲ႕ ထူးျခားတဲ့ ေအာင္ပြဲခံမႈမ်ား…

0
56

ေမာ္ရင္ဟို (သူ႔ကိုယ္သူေတာ့ Special One) ဆိုတဲ့ နာမည္တစ္ခုနဲ႔ ကမၻာေက်ာ္တဲ့ နည္းျပတစ္ေယာက္။ ေဘာလံုး ေလာကမွာလည္း ေအာင္ျမင္မႈ မွတ္တုိင္မ်ားစြာ စုိက္ထူႏုိင္ခဲ့သူ။ အျငင္း ပြားစရာေတြ ျပိဳင္ဘက္ေတြကို မ်က္မုန္းက်ိဳးေအာင္ ႀကိမ္ဖန္မ်ားစြာ ျပဳလုပ္ခဲ့တဲ့ သူဆိုလည္း မမွားပါဘူး။

ဒီႏွစ္ ေဘာလံုး ရာသီမွာလည္း ထူးျခားတဲ့ ပံုစံေတြနဲ႔ ေအာင္ပြဲခံမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ သူ႔ရဲ႕ ေအာင္ပြဲခံမႈ ပံုစံေတြဟာလည္း ပရိသတ္ေတြၾကားမွာ ေရပန္စားခဲ့ပါတယ္။ ဒီႏွစ္အတြင္း ေမာ္ရင္ဟိုဟာ ပံုစံအမ်ိဳးမ်ိဳးနဲ႔ ေအာင္ပြဲခံ ခဲ့ေပမယ့္ အားလံုးထဲမွာမွ ပရိသတ္ေတြအၾကား ေရပန္းစားခဲ့တဲ့ အထာက်က် ေအာင္ပြဲခံ ခဲ့တဲ့ ျဖစ္ရပ္ ၃ ခုကို ေဖာ္ျပေပး လိုက္ပါတယ္။

ခ်ဲလ္ဆီးကြင္းတြင္ သေရ ရလဒ္ ထြက္ေပၚခဲ့စဥ္က..

ဒီပြဲမွာ ယူႏိုက္တက္ အသင္းဟာ မိနစ္ ၉၀ အထိ ခ်ဲလ္ဆီးကို အႏုိင္ရေနၿပီးမွ ေနာက္ဆံုး မိနစ္မွာ ေပးလိုက္ရတဲ့ ေခ်ပဂိုးေၾကာင့္ သေရ တစ္မွတ္သာ ရယူႏုိင္ခဲ့ပါတယ္။ အဆုိပါ ပြဲအၿပီးမွာေတာ့ ေမာ္ရင္ဟိုဟာ သူ႔ကို ပြဲစဥ္တစ္ေလွ်ာက္လံုး ေအာ္ဟစ္ ေလွာင္ေျပာင္ ခဲ့ၾကတဲ့ ခ်ဲလ္ဆီး ပရိသတ္ေတြကို လက္ ၃ ေခ်ာင္းေထာင္ျပကာ တံု႔ျပန္သြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ ေမာ္ရင္ဟိုဟာ ခ်ဲလ္ဆီး အသင္းကို ပရီးမီးယားလိဂ္ ဖလား ၃ ႀကိမ္ ရယူေပးခဲ့တယ္ ဆိုတာကို ရည္ညႊန္းသြားခဲ့တာပါ။

ဂ်ဴဗင္တပ္ ကြင္းမွာ အႏုိင္ရခဲ့တဲ့ ပြဲစဥ္..

ဒီရာသီမွာ ရႈံးပြဲ လံုး၀ မရွိေသးတဲ့ ဂ်ဴဗင္တပ္အသင္းကို အေ၀းကြင္းမွာ ယူႏိုက္တက္ အသင္း ပြဲခ်ိန္ ၈၅ မိနစ္ထိ ရႈံးနိမ့္ေနခဲ့ေပမယ့္ ေနာက္က် သြင္းဂိုးေတြနဲ႔အတူ ပြဲအၿပီးမွာ ၂-၁ နဲ႔ အႏုိင္ရသြားခဲ့ပါတယ္။ ပြဲစဥ္ အၿပီးမွာေတာ့ သူ႔ကို ပြဲခ်ိန္တစ္ေလွ်ာက္လံုး ပုဂိၢဳလ္ေရးအရ တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့တဲ့ ဂ်ဴဗင္တပ္ ပရိသတ္ေတြကို ခနဲ႔တဲ့ ပံုစံနဲ႔ ေအာင္ပြဲခံျပခဲ့ပါတယ္။ အဲ့ဒီ ျဖစ္ရပ္ကေတာ့ ပရိသတ္ေတြၾကား အေတာ္ေလးကို နာမည္ ႀကီးသြားခဲ့တာပါ။

ယန္းဘြိဳင္းစ္အသင္းကို အႏုိင္ရခဲ့တဲ့ ပြဲစဥ္..

ဒီအျဖစ္အပ်က္ကေတာ့ မေန႔ နံနက္ပိုင္းက ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ပြဲမွာ ျဖစ္ပြားခဲ့တာပါ။ ယူႏုိက္တက္အသင္းဟာ ဒီပြဲစဥ္မွာ အႏုိင္ရရင္ ေနာက္ထပ္ တစ္ဆင့္ကို တက္ေရာက္မွာ ျဖစ္ေပမယ့္လည္း ပြဲကစားခ်န္ မိနစ္ ၉၀ အထိ ယန္းဘြိဳင္းစ္နဲ႔ အႀကိတ္အနယ္ ကစားခဲ့ရပါတယ္။ ဒါေပမယ့္လည္း နာက်င္ အခ်ိန္ပိုမွာ ဖယ္လိုင္နီ ဂိုးသြင္းလိုက္ခ်ိန္မွာ ေမာ္ရင္ဟုိဟာ အႀကီးအက်ယ္ ေအာင္ပြဲခံ ခဲ့ပါတယ္။ သူဟာ အနီးမွာရွိတဲ့ ေရဘူးေတြကို ကန္ေက်ာက္ခဲ့သလို ပစ္ေပါက္ပီး ေအာင္ပြဲခံခဲ့တာပါ။

(Unicode)

မော်ရင်ဟို (သူ့ကိုယ်သူတော့ Special One) ဆိုတဲ့ နာမည်တစ်ခုနဲ့ ကမ္ဘာကျော်တဲ့ နည်းပြတစ်ယောက်။ ဘောလုံး လောကမှာလည်း အောင်မြင်မှု မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့သူ။ အငြင်း ပွားစရာတွေ ပြိုင်ဘက်တွေကို မျက်မုန်းကျိုးအောင် ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့တဲ့ သူဆိုလည်း မမှားပါဘူး။

ဒီနှစ် ဘောလုံး ရာသီမှာလည်း ထူးခြားတဲ့ ပုံစံတွေနဲ့ အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ အောင်ပွဲခံမှု ပုံစံတွေဟာလည်း ပရိသတ်တွေကြားမှာ ရေပန်စားခဲ့ပါတယ်။ ဒီနှစ်အတွင်း မော်ရင်ဟိုဟာ ပုံစံအမျိုးမျိုးနဲ့ အောင်ပွဲခံ ခဲ့ပေမယ့် အားလုံးထဲမှာမှ ပရိသတ်တွေအကြား ရေပန်းစားခဲ့တဲ့ အထာကျကျ အောင်ပွဲခံ ခဲ့တဲ့ ဖြစ်ရပ် ၃ ခုကို ဖော်ပြပေး လိုက်ပါတယ်။

ချဲလ်ဆီးကွင်းတွင် သရေ ရလဒ် ထွက်ပေါ်ခဲ့စဉ်က..

ဒီပွဲမှာ ယူနိုက်တက် အသင်းဟာ မိနစ် ၉၀ အထိ ချဲလ်ဆီးကို အနိုင်ရနေပြီးမှ နောက်ဆုံး မိနစ်မှာ ပေးလိုက်ရတဲ့ ချေပဂိုးကြောင့် သရေ တစ်မှတ်သာ ရယူနိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲအပြီးမှာတော့ မော်ရင်ဟိုဟာ သူ့ကို ပွဲစဉ်တစ်လျှောက်လုံး အော်ဟစ် လှောင်ပြောင် ခဲ့ကြတဲ့ ချဲလ်ဆီး ပရိသတ်တွေကို လက် ၃ ချောင်းထောင်ပြကာ တုံ့ပြန်သွားခဲ့ပါတယ်။ အဲ့ဒါကတော့ မော်ရင်ဟိုဟာ ချဲလ်ဆီး အသင်းကို ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် ရယူပေးခဲ့တယ် ဆိုတာကို ရည်ညွှန်းသွားခဲ့တာပါ။

ဂျူဗင်တပ် ကွင်းမှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်..

ဒီရာသီမှာ ရှုံးပွဲ လုံး၀ မရှိသေးတဲ့ ဂျူဗင်တပ်အသင်းကို အဝေးကွင်းမှာ ယူနိုက်တက် အသင်း ပွဲချိန် ၈၅ မိနစ်ထိ ရှုံးနိမ့်နေခဲ့ပေမယ့် နောက်ကျ သွင်းဂိုးတွေနဲ့အတူ ပွဲအပြီးမှာ ၂-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပွဲစဉ် အပြီးမှာတော့ သူ့ကို ပွဲချိန်တစ်လျှောက်လုံး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ ဂျူဗင်တပ် ပရိသတ်တွေကို ခနဲ့တဲ့ ပုံစံနဲ့ အောင်ပွဲခံပြခဲ့ပါတယ်။ အဲ့ဒီ ဖြစ်ရပ်ကတော့ ပရိသတ်တွေကြား အတော်လေးကို နာမည် ကြီးသွားခဲ့တာပါ။

ယန်းဘွိုင်းစ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်..

ဒီအဖြစ်အပျက်ကတော့ မနေ့ နံနက်ပိုင်းက ယှဉ်ပြိုင် ကစားခဲ့တဲ့ပွဲမှာ ဖြစ်ပွားခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ဒီပွဲစဉ်မှာ အနိုင်ရရင် နောက်ထပ် တစ်ဆင့်ကို တက်ရောက်မှာ ဖြစ်ပေမယ့်လည်း ပွဲကစားချန် မိနစ် ၉၀ အထိ ယန်းဘွိုင်းစ်နဲ့ အကြိတ်အနယ် ကစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း နာကျင် အချိန်ပိုမှာ ဖယ်လိုင်နီ ဂိုးသွင်းလိုက်ချိန်မှာ မော်ရင်ဟိုဟာ အကြီးအကျယ် အောင်ပွဲခံ ခဲ့ပါတယ်။ သူဟာ အနီးမှာရှိတဲ့ ရေဘူးတွေကို ကန်ကျောက်ခဲ့သလို ပစ်ပေါက်ပီး အောင်ပွဲခံခဲ့တာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here