မယူသင့္ေသာ ေယာက်္ား (8) မ်ဳိး

0
10073

မယူသင့္ေသာ ေယာက်္​ား (၈) မ်ိဳး

လင္​မြဲ

ဘယ္​​ေလာက္​ပဲ ခ်စ္​ခ်စ္​ စီးပြား​ေရး အဆင္​မ​ေျပဘူး ဆိုရင္​ အိမ္​​ေထာင္​​ေရးဟာ ​ေရမ႐ွိတဲ့ အိုင္​မွာ ​ေနရတဲ့ ငါးလိုပဲ ပူ​ေလာင္​​ေျခာက္​​ေသြ႔ လြန္​းပါတယ္​။ ဒါ့​ေၾကာင့္ မြဲတဲ့​ေယာက်္​ားကို မယူ​ေလနဲ႔။

လင္​နာ

မဂၤလာဦးညက စလို႔ ျဖစ္​လိုက္​တဲ့ ေရာဂါႀကီး​ေသး​ ေပါင္​းစံု၊ ပိုး​ေမြးသလို ေမြး​ေနရမယ့္ ကိုခ်ဴ ခ်ာ၊ ကုလိုက္​ရတဲ့​ ေဆး၊ ႐ွိသမ်ွ အကုန္​​ေျပာင္​။ အက်ိဳးစီးပြား တိုးတက္​ရာ လမ္​းမျမင္​ ဆုတ္​ယုတ္​ရန္​သာ႐ွိ မယူ​ေလနဲ႔ အမိ။

လင္​အရက္​သမား (လင္​သူရာႀကိဳက္​)

အရက္​​ေသစာ၊ ယခု​ ေခတ္​​ေတာ့ မူးယစ္​​ေဆး​ ေသာက္​စားမူးယစ္​တတ္​တဲ့ ​ေယာက်္​ား မိတ္​​ေကာင္​း​ ေဆြ​ေကာင္​းမ႐ွိ၊ ဂုဏ္​သိကၡာ ကင္​းမဲ့၊ ​ေက်ာ္​​ေစာမႈ နတၳိ၊ စီးပြားဥစၥာ ပ်က္​ျပား။ ကိုယ္​့လက္​ထဲ​ေရာက္​မွ ျပဳ ျပင္​ပါ့မယ္​၊ ကိုယ္တိုင္ ​ကိုင္​တြယ္​ပါ့မယ္​လို႔ မ​ေတြးနဲ႔။ ကတိ​ေတြ အထပ္​ထပ္​​ေပးလည္​း မယံုလိုက္​​ေလနဲ႔။ လ်ွာမွာ အ႐ိုးမ႐ွိ။ အလကား ​ေခြးၿမီး​ေကာက္​ က်ည္​​ေတာက္​စြပ္​ပဲ။

လင္​မိုက္​ (လင္​ရမ္​းကား)

ထစ္​ခနဲ႐ွိ ဆဲ​ေရး၊ ​ေပးစား၊ အိုးခြက္​ ပန္​းကန္​မက်န္​ ကုန္​​ေအာင္​ ႐ိုက္​ခြဲ။ ​ေျခပါလက္​ပါ ရမ္​းကား။ ယူမိရင္​ မ်က္​ရည္​နဲ႔ ဒူးနဲ႔ ဝမ္​းဆက္ ျဖစ္​လိမ္​့မယ္​။

လင္​ဖ်င္​း

အစစ အရာရာ မိန္​းမကသာ ဦး​ေဆာင္​ရတယ္​။ အစပိုင္​း​ေတာ့ မိုက္​တယ္​။ ခ်စ္​လို႔ပဲ ဦးစား​ေပး သ​ေယာင္​​ေယာင္​၊ သာယာစရာလိုလို ဘာလိုလို။ ကိုယ္​ပိုင္​ ရပ္​တည္​ခ်က္​မ႐ွိ။ ကိုယ္​ပိုင္​ အစြမ္​းအစ မ႐ွိ။ ႏြားမ်ားလို သူမ်ားခိုင္​းတာ နားစြင့္ၿပီး လုပ္​တတ္​တဲ့​ ေယာက်္​ား။ လင္​႐ုပ္​​ေသး ​ေဝး​ေဝးက​သာ ​ေ႐ွာင္​။

လင္​ပ်င္​း

​ေသခ်ာတယ္..​ ခ်စ္​သူ ဘဝမွာ ကတည္​းက ထမင္​း​ေတာင္ ​ခြံ႔​ေကြၽးရလိမ္​့မယ္​။ မိခင္​စိတ္​ ႐ွိတတ္​တဲ့ မိန္​းက​ေလး​ေတြ အဖို႔ သ​ေဘာ က်စရာပဲ။ ဒီလိုအစား ၾကာၾကာဝါးမွ ခါးမွန္​းသိမယ္​။ မိတ္​​ေဆြ​ေကာင္​း မ႐ွိ။ အပ်င္​းထူ အ​ေရထြက္​ စီးပြား မတက္​။

လင္​အို

အိုတဲ့​ ေယာက်္​ား သူမ်ား အတြက္​​ေရာ၊ မိန္​းမအတြက္​​ေရာ ဘယ္​​ေနရာမ်ား အသံုးတဲ့တာ ႐ွိသတုန္​း။ သဝန္​ တိုတတ္​တာ ႏွစ္​​ေယာက္ ​မ႐ွိ။ သူမစြမ္​းတာ သူသိတိုင္​း လူတစ္​ကာနဲ႔ ​ေပးစား။ စိတ္​ကို မီးလို ပူ​ေစတဲ့​ေယာက်္​ား ​ေဝးရာက ႐ွား​ေလာ့ ခ်စ္​သမီး။

လင္​ အလိုမျပည့္

ဘယ္​​ေလာက္​ပဲ ေကာင္​း​ေအာင္​ လုပ္​​ေပး​ေပး ​ေက်းဇူးတရားကို မသိ၊ အဆိုးအျပစ္​သာ ျမင္​တတ္​ ေျပာတတ္​တဲ့​ ေယာက်္​ား။ အျပဳသ​ေဘာမ​ေဆာင္​ အပ်က္​သ​ေဘာ၊ အဖ်က္​သ​ေဘာသာ ႐ွိတဲ့​ေယာက်္​ား အလကားပဲ။

ႀကိဳက္​ရင္​လည္​း ယူ​ေတာ္​မူ မတားလိုပါ။
(ဝဋ္​​ေႂကြး ဆပ္​လိုတဲ့ သ​ေဘာ)

(ဖတ္​ခဲ့ဖူး​ေသာ ဗဟုသုတအား မ်ွ​ေဝလိုက္ပါ​သည္​။)

(Unicode)

မယူသင့်သော ယောကျ်ား (၈) မျိုး

လင်မွဲ

ဘယ်လောက်ပဲ ချစ်ချစ် စီးပွားရေး အဆင်မပြေဘူး ဆိုရင် အိမ်ထောင်ရေးဟာ ရေမရှိတဲ့ အိုင်မှာ နေရတဲ့ ငါးလိုပဲ ပူလောင်ခြောက်သွေ့ လွန်းပါတယ်။ ဒါ့ကြောင့် မွဲတဲ့ယောကျ်ားကို မယူလေနဲ့။

လင်နာ

မင်္ဂလာဦးညက စလို့ ဖြစ်လိုက်တဲ့ ရောဂါကြီးသေး ပေါင်းစုံ၊ ပိုးမွေးသလို မွေးနေရမယ့် ကိုချူ ချာ၊ ကုလိုက်ရတဲ့ ဆေး၊ ရှိသမျှ အကုန်ပြောင်။ အကျိုးစီးပွား တိုးတက်ရာ လမ်းမမြင် ဆုတ်ယုတ်ရန်သာရှိ မယူလေနဲ့ အမိ။

လင်အရက်သမား (လင်သူရာကြိုက်)

အရက်သေစာ၊ ယခု ခေတ်တော့ မူးယစ်ဆေး သောက်စားမူးယစ်တတ်တဲ့ ယောကျ်ား မိတ်ကောင်း ဆွေကောင်းမရှိ၊ ဂုဏ်သိက္ခာ ကင်းမဲ့၊ ကျော်စောမှု နတ္ထိ၊ စီးပွားဥစ္စာ ပျက်ပြား။ ကိုယ့်လက်ထဲရောက်မှ ပြု ပြင်ပါ့မယ်၊ ကိုယ်တိုင် ကိုင်တွယ်ပါ့မယ်လို့ မတွေးနဲ့။ ကတိတွေ အထပ်ထပ်ပေးလည်း မယုံလိုက်လေနဲ့။ လျှာမှာ အရိုးမရှိ။ အလကား ခွေးမြီးကောက် ကျည်တောက်စွပ်ပဲ။

လင်မိုက် (လင်ရမ်းကား)

ထစ်ခနဲရှိ ဆဲရေး၊ ပေးစား၊ အိုးခွက် ပန်းကန်မကျန် ကုန်အောင် ရိုက်ခွဲ။ ခြေပါလက်ပါ ရမ်းကား။ ယူမိရင် မျက်ရည်နဲ့ ဒူးနဲ့ ဝမ်းဆက် ဖြစ်လိမ့်မယ်။

လင်ဖျင်း

အစစ အရာရာ မိန်းမကသာ ဦးဆောင်ရတယ်။ အစပိုင်းတော့ မိုက်တယ်။ ချစ်လို့ပဲ ဦးစားပေး သယောင်ယောင်၊ သာယာစရာလိုလို ဘာလိုလို။ ကိုယ်ပိုင် ရပ်တည်ချက်မရှိ။ ကိုယ်ပိုင် အစွမ်းအစ မရှိ။ နွားများလို သူများခိုင်းတာ နားစွင့်ပြီး လုပ်တတ်တဲ့ ယောကျ်ား။ လင်ရုပ်သေး ဝေးဝေးကသာ ရှောင်။

လင်ပျင်း

သေချာတယ်.. ချစ်သူ ဘဝမှာ ကတည်းက ထမင်းတောင် ခွံ့ကျွေးရလိမ့်မယ်။ မိခင်စိတ် ရှိတတ်တဲ့ မိန်းကလေးတွေ အဖို့ သဘော ကျစရာပဲ။ ဒီလိုအစား ကြာကြာဝါးမှ ခါးမှန်းသိမယ်။ မိတ်ဆွေကောင်း မရှိ။ အပျင်းထူ အရေထွက် စီးပွား မတက်။

လင်အို

အိုတဲ့ ယောကျ်ား သူများ အတွက်ရော၊ မိန်းမအတွက်ရော ဘယ်နေရာများ အသုံးတဲ့တာ ရှိသတုန်း။ သဝန် တိုတတ်တာ နှစ်ယောက် မရှိ။ သူမစွမ်းတာ သူသိတိုင်း လူတစ်ကာနဲ့ ပေးစား။ စိတ်ကို မီးလို ပူစေတဲ့ယောကျ်ား ဝေးရာက ရှားလော့ ချစ်သမီး။

လင် အလိုမပြည့်

ဘယ်လောက်ပဲ ကောင်းအောင် လုပ်ပေးပေး ကျေးဇူးတရားကို မသိ၊ အဆိုးအပြစ်သာ မြင်တတ် ပြောတတ်တဲ့ ယောကျ်ား။ အပြုသဘောမဆောင် အပျက်သဘော၊ အဖျက်သဘောသာ ရှိတဲ့ယောကျ်ား အလကားပဲ။

ကြိုက်ရင်လည်း ယူတော်မူ မတားလိုပါ။
(ဝဋ်ကြွေး ဆပ်လိုတဲ့ သဘော)

(ဖတ်ခဲ့ဖူးသော ဗဟုသုတအား မျှဝေလိုက်ပါသည်။)

LEAVE A REPLY

Please enter your comment!
Please enter your name here