မေကြ်းခ်င္ရင္ မျပပါနဲ႔

0
10531

(Zawgyi)

မေကြ်းခ်င္ရင္ မျပပါနဲ႔

အစိုးရ အထက္တန္း ေက်ာင္းတေက်ာင္းတြင္ ျဖစ္သည္ … ေက်ာင္းသူ တဦးႏွင့္ ေက်ာင္းသားတဦး စကား ေျပာေနသည္ကုိ ဆရာမ ေဘးမွ ေျခာင္းၿပီး နားေထာင္ေနသည္ ။

” ေက်ာ္ေက်ာ္ေရ ဒီမွာ ၾကည့္ပါ့အုံး ငါ့အိမ္က ေပးလုိက္တာ ။ ပန္းသီးတလုံး ။ အရမ္းစားလုိ႕ ေကာင္းမွာပဲဟဲ႔ ”

” ငါ့ကုိလဲ တျခမ္း ေကြ်းပါ့လား ျမင့္ျမင့္ရယ္
ငါလည္း စားခ်င္လုိ႕ပါ ”

” ေအာင္မွာ ဘာလုိ႕ေကြ်းရမွာလဲ ဒီပန္းသီးက အရမ္းစားလုိ႕ ေကာင္းတာဟဲ႕
နင့္ကုိ ေကြ်းရင္ ငါနည္းနည္းပဲ စားရမွာေပါ့ဟဲ႔ ”

” ျမင့္ျမင့္ရာ နင္ ေတာ္ေတာ္ အက်င့္ပုပ္တာပဲ
မေကြ်းခ်င္ပဲ ငါ့ကုိ ဘာလုိ႔ ျပတာလဲ
အခု ငါက ျမင္ေတာ့ အရမ္း စားခ်င္တာေပါ့ နင္ ငါ့ကုိ ေကြ်းဟာ ”

” ေသလုိက္ပါ့လား မေကြ်းပါဘူး”

ေက်ာ္ေက်ာ္သည္ သူမ်ားႏွင့္ မတူပါ ။ လုိခ်င္တာ မရမက ယူတက္သည္ ။
ျမင့္ျမင့္က ပန္းသီးကုိ ျပျပီး မေကြ်းသျဖင့္ လုယူဖုိ႕ စဥ္းစားလုိက္သည္ ။

” မေကြ်းရင္ လုတယ္ဟာ ”

ေက်ာ္ေက်ာ္ ပန္းသီးလုျပီး ေျပးသြားျပီ ။ ျမင့္ျမင့္ ငုိျပီ ။
သူ႕အျပစ္ႏွင့္သူ ခံရေလျပီ ။ ၾကြားခ်င္ ျပခ်င္ေတာ့ ခံရတာေပါ့ ။

ဆရာမ ဆီ သြားတုိင္သည္ ။ ဆရာမ ျဖစ္ေၾကာင္း ကုန္စင္ အကုန္ သိျပီးသား။
ေက်ာ္ေက်ာ္ ကုိ ထုိင္ထ အခါ ၅၀ လုပ္ျပီး အျပစ္ေပး လုိက္သည္ ။

ထုိ႕ေနာက္ အတန္းထဲမွ ေက်ာင္းသား ေက်ာင္းသူမ်ားကုိ ဆုံးမစကား ေျပာေလသည္။

” ကေလးတုိ႔ ေရ
အခု ျမင့္ျမင့္နဲ႔ ေက်ာ္ေက်ာ္တုိ႕ ေျပာတာေတြကုိ ဆရာမ အကုန္ၾကားတယ္ …
ျမင့္ျမင့္က ပန္းသီးကုိ ေက်ာ္ေက်ာ္ ျမင္ေအာင္ ျပတယ္
စားခ်င္လာေအာင္ အရသာရွိေၾကာင္း ေျပာတယ္ …
အရမ္း စားခ်င္လာေတာ့ သူမေကြ်းဘူူး…
အဲဒီေတာ့ ေက်ာ္ေက်ာ္က စိတ္မထိန္းႏုိင္ပဲ လုစားလုိက္တယ္ …

တကယ္ဆုိရင္ ျမင့္ျမင့္မွာလည္း အျပစ္ မကင္းပါဘူး
သူ႕အျပစ္နဲ႔သူ ခံရတာ ဒီလုိပဲ သမီးတုိ႔လည္း မွတ္သားထားပါ ”

” အခုေခတ္မွာ မိန္းခေလး ေတြဟာ ေယာက္က်ားေလးေတြ ျမင္ေအာင္ ရင္သားေတြေဖာ္ ေပါင္ေတြျပတဲ႕ အဝတ္အစားေတြ ဝတ္က်တယ္ … ခုန ပန္းသီး လုိေပါ့
မေကြ်းခ်င္ပဲ သူတပါး ျမင္ေအာင္ ျပတာဟာ အႏၲ၇ာယ္ ကုိ ဖိတ္ေခၚသလုိပဲ

မိန္းကေလးေတြက ဒီလုိ အတြင္းသားေတြ ျပေတာ့ စိတ္ရုိင္းရွိတဲ႕ ေယာက္က်ားသားေတြက ျဖစ္ခ်င္ရာ ျဖစ္ဆုိျပီး လုစားတက္တယ္

သမီးတုိ႕လည္း ေနာင္တခ်ိန္ အရြယ္ေရာက္လာရင္ လုံလုံ ၿခံဳၿခဳံ ဝတ္ၾကပါလုိ႕ ဆရာမ မွာခ်င္တယ္ ”

” ဟုတ္ကဲ႕ပါ ဆရာမ ”

သမီးတုိ႕ လုံလုံ ၿခဳံၿခံဳ ဝတ္ပါ့မယ္ ။

ျမန္မာမေလး တုိ႔ေရ ေျပာခ်င္တာကေတာ့ ဒါပါပဲကြယ္
မေကြ်းခ်င္ရင္ မျပပါနဲ႔ လုစား ခံရတတ္တယ္ေနာ္
နားလည္ သေဘာေပါက္ပါေစ …

MalMadi

(Unicode)

မကျွေးချင်ရင် မပြပါနဲ့

အစိုးရ အထက်တန်း ကျောင်းတကျောင်းတွင် ဖြစ်သည် … ကျောင်းသူ တဦးနှင့် ကျောင်းသားတဦး စကား ပြောနေသည်ကို ဆရာမ ဘေးမှ ခြောင်းပြီး နားထောင်နေသည် ။

” ကျော်ကျော်ရေ ဒီမှာ ကြည့်ပါ့အုံး ငါ့အိမ်က ပေးလိုက်တာ ။ ပန်းသီးတလုံး ။ အရမ်းစားလို့ ကောင်းမှာပဲဟဲ့ ”

” ငါ့ကိုလဲ တခြမ်း ကျွေးပါ့လား မြင့်မြင့်ရယ်
ငါလည်း စားချင်လို့ပါ ”

” အောင်မှာ ဘာလို့ကျွေးရမှာလဲ ဒီပန်းသီးက အရမ်းစားလို့ ကောင်းတာဟဲ့
နင့်ကို ကျွေးရင် ငါနည်းနည်းပဲ စားရမှာပေါ့ဟဲ့ ”

” မြင့်မြင့်ရာ နင် တော်တော် အကျင့်ပုပ်တာပဲ
မကျွေးချင်ပဲ ငါ့ကို ဘာလို့ ပြတာလဲ
အခု ငါက မြင်တော့ အရမ်း စားချင်တာပေါ့ နင် ငါ့ကို ကျွေးဟာ ”

” သေလိုက်ပါ့လား မကျွေးပါဘူး”

ကျော်ကျော်သည် သူများနှင့် မတူပါ ။ လိုချင်တာ မရမက ယူတက်သည် ။
မြင့်မြင့်က ပန်းသီးကို ပြပြီး မကျွေးသဖြင့် လုယူဖို့ စဉ်းစားလိုက်သည် ။

” မကျွေးရင် လုတယ်ဟာ ”

ကျော်ကျော် ပန်းသီးလုပြီး ပြေးသွားပြီ ။ မြင့်မြင့် ငိုပြီ ။
သူ့အပြစ်နှင့်သူ ခံရလေပြီ ။ ကြွားချင် ပြချင်တော့ ခံရတာပေါ့ ။

ဆရာမ ဆီ သွားတိုင်သည် ။ ဆရာမ ဖြစ်ကြောင်း ကုန်စင် အကုန် သိပြီးသား။
ကျော်ကျော် ကို ထိုင်ထ အခါ ၅၀ လုပ်ပြီး အပြစ်ပေး လိုက်သည် ။

ထို့နောက် အတန်းထဲမှ ကျောင်းသား ကျောင်းသူများကို ဆုံးမစကား ပြောလေသည်။

” ကလေးတို့ ရေ
အခု မြင့်မြင့်နဲ့ ကျော်ကျော်တို့ ပြောတာတွေကို ဆရာမ အကုန်ကြားတယ် …
မြင့်မြင့်က ပန်းသီးကို ကျော်ကျော် မြင်အောင် ပြတယ်
စားချင်လာအောင် အရသာရှိကြောင်း ပြောတယ် …
အရမ်း စားချင်လာတော့ သူမကျွေးဘူူး…
အဲဒီတော့ ကျော်ကျော်က စိတ်မထိန်းနိုင်ပဲ လုစားလိုက်တယ် …

တကယ်ဆိုရင် မြင့်မြင့်မှာလည်း အပြစ် မကင်းပါဘူး
သူ့အပြစ်နဲ့သူ ခံရတာ ဒီလိုပဲ သမီးတို့လည်း မှတ်သားထားပါ ”

” အခုခေတ်မှာ မိန်းခလေး တွေဟာ ယောက်ကျားလေးတွေ မြင်အောင် ရင်သားတွေဖော် ပေါင်တွေပြတဲ့ အဝတ်အစားတွေ ဝတ်ကျတယ် … ခုန ပန်းသီး လိုပေါ့
မကျွေးချင်ပဲ သူတပါး မြင်အောင် ပြတာဟာ အန္တရာယ် ကို ဖိတ်ခေါ်သလိုပဲ

မိန်းကလေးတွေက ဒီလို အတွင်းသားတွေ ပြတော့ စိတ်ရိုင်းရှိတဲ့ ယောက်ကျားသားတွေက ဖြစ်ချင်ရာ ဖြစ်ဆိုပြီး လုစားတက်တယ်

သမီးတို့လည်း နောင်တချိန် အရွယ်ရောက်လာရင် လုံလုံ ခြုံခြုံ ဝတ်ကြပါလို့ ဆရာမ မှာချင်တယ် ”

” ဟုတ်ကဲ့ပါ ဆရာမ ”

သမီးတို့ လုံလုံ ခြုံခြုံ ဝတ်ပါ့မယ် ။

မြန်မာမလေး တို့ရေ ပြောချင်တာကတော့ ဒါပါပဲကွယ်
မကျွေးချင်ရင် မပြပါနဲ့ လုစား ခံရတတ်တယ်နော်
နားလည် သဘောပေါက်ပါစေ …

MalMadi

LEAVE A REPLY

Please enter your comment!
Please enter your name here