အေပါစားအလွကို ဘယ္သူမွ တန္ဖိုးမထားဘူး ညီမေလး

0
1919

ခ်စ္တဲ့ ညီမေလး သိပါေစ

••••••••••••

လြတ္လပ္စြာ ေနထိုင္ခြင့္က ရွိပါတယ္။ စည္းေတာ့ မေက်ာ္ေစနဲ ့ေပါ့။ ပြင့္လင္းစြာ ေျပာဆိုခြင့္ ရွိပါတယ္။ မရိုင္းေစနဲ ့ေပါ့။

ပိုင္ဆိုင္ထားတဲ့ အလွ လူတကာ ျမင္ေအာင္ ျပခ်င္ေနရင္ေတာ့ မိန္းကေလးေတြရဲ ့တန္ဖိုး ဘယ္သူေတြကို လက္ညိဳး ထိုးျပရမလဲ ခုေခတ္ႀကီးမွာေပါ ့ကြယ္။

သနပ္ခါးကို ပါးဘယ္ညာလိမ္း ထမိန္ကို ထိုင္မသိမ္း ၀တ္စရာ မလိုဘူး။ မိန္းကေလးေတြရဲ ့အလွ ေပၚေအာင္ျပမွ ဒီေန ့ေခတ္မွာ အဆင္ေျပမယ္ ထင္တဲ့စိတ္ လႊင့္ပစ္နိုင္ပါေစ။ စကပ္တို ေပါင္္ခြဲ ယဥ္ေက်းမႈေတြ ေရွာင္လႊဲလို ့ ဒီမိုကေရစီ စကားလံုးနဲ ့ အၿပိဳင္ မိန္းမတို ့ သိကၡာေတြ မယိုင္ပါေစနဲ ့ကြယ္။

ေစာင့္ထိန္းရမဲ့ သိကၡာ လိုက္နာရမဲ့ က်င့္၀တ္ ကိုယ္ေတြ လက္ထဲမွာ အဆင္သင့္ မျဖစ္ခဲ့ရင္ သားေကာင္းမိခင္ စကားလံုး အဆင္ေျပေျပ သံုးနိုင္မယ္ မထင္ဘူး။ ေတြ ့ျမင္တုန္း ခဏ ဟာ.. ဟင္.. ဆိုတဲ ့ အာေမဍိတ္သံ ႀကားမွာ ဂုဏ္ယူခ်င္တဲ့ စိတ္ တိတ္တဆိတ္ ပယ္ေဖ်ာက္နိုင္ပါေစ။

က်ားတို႔ သဘာ၀ တပ္မက္စိတ္ကလြဲရင္ တန္ဖိုးထားတဲ့ စိတ္ထား တျပားသားမွ မရတဲ ့ အလွ ဘာလို ့မ်ား ရခ်င္ေနတာပါလိမ့္။ ေယာက်္ားေလး တစ္ေယာက္ ညနက္သန္းေခါင္ထိ လမ္းေပၚမွာ ေရာက္ေနေသးရင္ အိမ္ေျပး စကားလံုးထက္ ပိုမရဘူး။

မိန္းကေလး တစ္ေယာက္ ညနက္သန္းေကာင္ထိ လမ္းေပၚမွာ ေရာက္ရင္ ညေႀကးေတြ ခြဲ မေကာင္းတဲ ့ မိန္းမပဲလို ့ တမ္း စြပ္စြဲက်ဖို ့ မ်ားတယ္။

ေယာက်္ားေလး တစ္ေယာက္ ေပၚေအာင္ျပတဲ့ အလွ ၀ိတ္မ တဲ့ကာလ ပင္ပင္ပန္းပန္း လုပ္ရတဲ့ တဒဂၤပဲ ရွိတယ္။ မိန္းကေလး တစ္ေယာက္ ေပၚေအာင္ျပတဲ့ အလွ SEXY က်တယ္ ဆိုတဲ့ စကားလံုး ထက္ ပိုမရဘူး။

ဒီေတာ့ ညီမေလးရယ္.. ဘယ္ေနရာ ဘယ္ေဒသကုိ သြားသြား ညီအကို ေမာင္ႏွမ မ်က္ႏွာေလးေတြ ေတာ့ ပတ္၀န္းက်င္မွာ ထားခြင့္ျပဳနိုင္ပါေစ။

ေျပာင္းလဲလာတဲ့ ေခတ္ယဥ္ေက်းမႈ အရ ေပၚေအာင္ျပရမွ ေက်နပ္နိုင္မယ္ ဆိုရင္လည္း ေသခ်ာတာ တခု သတိျပဳနိုင္ ပါေစကြယ္။ ေပါေပါ ေလာေလာ ရတဲ့ အလွ ဘယ္သူမွ ထာ၀ရ တန္ဖိုး မထားဘူး ဆိုတာကိုေပါ့။

​ေစတနာျဖင္​့…

(Unicode)

ချစ်တဲ့ ညီမလေး သိပါစေ

••••••••••••

လွတ်လပ်စွာ နေထိုင်ခွင့်က ရှိပါတယ်။ စည်းတော့ မကျော်စေနဲ့ပေါ့။ ပွင့်လင်းစွာ ပြောဆိုခွင့် ရှိပါတယ်။ မရိုင်းစေနဲ့ပေါ့။

ပိုင်ဆိုင်ထားတဲ့ အလှ လူတကာ မြင်အောင် ပြချင်နေရင်တော့ မိန်းကလေးတွေရဲ့တန်ဖိုး ဘယ်သူတွေကို လက်ညိုး ထိုးပြရမလဲ ခုခေတ်ကြီးမှာပေါ့ကွယ်။

သနပ်ခါးကို ပါးဘယ်ညာလိမ်း ထမိန်ကို ထိုင်မသိမ်း ဝတ်စရာ မလိုဘူး။ မိန်းကလေးတွေရဲ့အလှ ပေါ်အောင်ပြမှ ဒီနေ့ခေတ်မှာ အဆင်ပြေမယ် ထင်တဲ့စိတ် လွှင့်ပစ်နိုင်ပါစေ။ စကပ်တို ပေါင်ခွဲ ယဉ်ကျေးမှုတွေ ရှောင်လွှဲလို ့ ဒီမိုကရေစီ စကားလုံးနဲ့ အပြိုင် မိန်းမတို့ သိက္ခာတွေ မယိုင်ပါစေနဲ့ကွယ်။

စောင့်ထိန်းရမဲ့ သိက္ခာ လိုက်နာရမဲ့ ကျင့်ဝတ် ကိုယ်တွေ လက်ထဲမှာ အဆင်သင့် မဖြစ်ခဲ့ရင် သားကောင်းမိခင် စကားလုံး အဆင်ပြေပြေ သုံးနိုင်မယ် မထင်ဘူး။ တွေ့မြင်တုန်း ခဏ ဟာ.. ဟင်.. ဆိုတဲ့ အာမေဍိတ်သံ ကြားမှာ ဂုဏ်ယူချင်တဲ့ စိတ် တိတ်တဆိတ် ပယ်ဖျောက်နိုင်ပါစေ။

ကျားတို့ သဘာ၀ တပ်မက်စိတ်ကလွဲရင် တန်ဖိုးထားတဲ့ စိတ်ထား တပြားသားမှ မရတဲ့ အလှ ဘာလို့များ ရချင်နေတာပါလိမ့်။ ယောကျ်ားလေး တစ်ယောက် ညနက်သန်းခေါင်ထိ လမ်းပေါ်မှာ ရောက်နေသေးရင် အိမ်ပြေး စကားလုံးထက် ပိုမရဘူး။

မိန်းကလေး တစ်ယောက် ညနက်သန်းကောင်ထိ လမ်းပေါ်မှာ ရောက်ရင် ညကြေးတွေ ခွဲ မကောင်းတဲ့ မိန်းမပဲလို့ တမ်း စွပ်စွဲကျဖို့ များတယ်။

ယောကျ်ားလေး တစ်ယောက် ပေါ်အောင်ပြတဲ့ အလှ ဝိတ်မ တဲ့ကာလ ပင်ပင်ပန်းပန်း လုပ်ရတဲ့ တဒင်္ဂပဲ ရှိတယ်။ မိန်းကလေး တစ်ယောက် ပေါ်အောင်ပြတဲ့ အလှ SEXY ကျတယ် ဆိုတဲ့ စကားလုံး ထက် ပိုမရဘူး။

ဒီတော့ ညီမလေးရယ်.. ဘယ်နေရာ ဘယ်ဒေသကို သွားသွား ညီအကို မောင်နှမ မျက်နှာလေးတွေ တော့ ပတ်ဝန်းကျင်မှာ ထားခွင့်ပြုနိုင်ပါစေ။

ပြောင်းလဲလာတဲ့ ခေတ်ယဉ်ကျေးမှု အရ ပေါ်အောင်ပြရမှ ကျေနပ်နိုင်မယ် ဆိုရင်လည်း သေချာတာ တခု သတိပြုနိုင် ပါစေကွယ်။ ပေါပေါ လောလော ရတဲ့ အလှ ဘယ်သူမှ ထာဝရ တန်ဖိုး မထားဘူး ဆိုတာကိုပေါ့။

စေတနာဖြင့်…

LEAVE A REPLY

Please enter your comment!
Please enter your name here