မစြပ္စြဲပါဘူး

0
19213

(Zawgyi)

မစြပ္စြဲပါဘူး

မိန္းမ ျဖစ္သူက ေက်ာင္းဆရာမ ။

တာဝန္က်ရာ ၿမိဳ႕မွ အိမ္ကို ျပန္ေရာက္ လာေသာ အခါ သူ႔ေယာက္်ားကို

” ရွင့္ အိမ္ေဖာ္ကလည္း ေခ်ာလွခ်ည္လား ကိုမိုးႀကီးရဲ႕ ”

” ေခ်ာလား မေခ်ာလား မသိပါဘူးကြာ
အဝတ္ေလွ်ာ္ ထမင္း ခ်က္တတ္ရင္ ၿပီးတာဘဲ ဆိုၿပီး ေခၚထားလိုက္ တာပါ ”

” ရွင္နဲ႔ေရာ ကင္း ရွင္းရဲ႕လား ေယာက္်ား ”

” ရွင္းပါ့ ”

” တအိမ္လုံးမွာ ရွင္တို႔ ႏွစ္ေယာက္ထဲ ဆိုေတာ့ ”

” ဘာဆိုင္လဲကြာ ၊
ညမိုးခ်ဳပ္တာနဲ႔ သူ႔အခန္း သူအိပ္ ၊ ငါ့အခန္း ငါအိပ္ သီးျခားဆီပါ ”

” ၿပီးတာပါပဲ ”

ဒီလိုနဲ႔ ေက်ာင္း ျပန္ဖြင့္ေတာ့ သူ႔မိန္းမလည္း တာဝန္က်ရာကို ျပန္သြားတယ္ ။

ႏွစ္ရက္ ၊ သုံးရက္ ေနေတာ့ အိမ္ေဖာ္ေလးက ကိုမိုးႀကီးကို သတင္း ပို႔တယ္ ။

ဟင္းခ်က္တဲ့ ဒယ္အိုးႀကီး ေပ်ာက္ေနတယ္ တဲ့ …

” ဆရာမ ျပန္သြားကတည္းက ေပ်ာက္တာ …
မွားမ်ား ပါသြားေလသလား ေမးၾကည့္ပါအုံး ” ဆိုေတာ့ ….

ကိုမိုးႀကီး လည္း သူ႔မိန္းမဆီ စာေရးၿပီး ေမးရ တာေပါ့ … …

” မိန္းမေရ …
မင္းယူတယ္ လို႔ မစြပ္စြဲပါဘူး
မင္း ျပန္သြား ကတည္းက ဟင္းခ်က္တဲ့ ဒယ္အိုးႀကီး ေပ်ာက္ေနလို႔ ” လို႔ ဆိုပီး စာပို႔ လိုက္တယ္ ။

အဲ့ဒီေတာ့
သူ႔မိန္းမဆီက စာျပန္လာတယ္ … …

” ေယာက်္ားေရ …
ရွင္တို႔ အတူ အိပ္တယ္လို႔ မစြပ္စြဲပါဘူး
အဲ့ဒီ အိမ္ေဖာ္မိန္းမသာ သူ႔အိပ္ယာမွာ သူ အိပ္ရင္ ဒယ္အိုးကို ျပန္ေတြ႕တာ ၾကာၿပီ ၊

ဒယ္အိုးက

.

.

.

.

.

.

.

သူ႔ ေခါင္းအုံး ေအာက္မွာ ”

” ငြမ့္ .. ”

(Unicode)

မစွပ်စွဲပါဘူး

မိန်းမ ဖြစ်သူက ကျောင်းဆရာမ ။

တာဝန်ကျရာ မြို့မှ အိမ်ကို ပြန်ရောက် လာသော အခါ သူ့ယောက်ျားကို

” ရှင့် အိမ်ဖော်ကလည်း ချောလှချည်လား ကိုမိုးကြီးရဲ့ ”

” ချောလား မချောလား မသိပါဘူးကွာ
အဝတ်လျှော် ထမင်း ချက်တတ်ရင် ပြီးတာဘဲ ဆိုပြီး ခေါ်ထားလိုက် တာပါ ”

” ရှင်နဲ့ရော ကင်း ရှင်းရဲ့လား ယောက်ျား ”

” ရှင်းပါ့ ”

” တအိမ်လုံးမှာ ရှင်တို့ နှစ်ယောက်ထဲ ဆိုတော့ ”

” ဘာဆိုင်လဲကွာ ၊
ညမိုးချုပ်တာနဲ့ သူ့အခန်း သူအိပ် ၊ ငါ့အခန်း ငါအိပ် သီးခြားဆီပါ ”

” ပြီးတာပါပဲ ”

ဒီလိုနဲ့ ကျောင်း ပြန်ဖွင့်တော့ သူ့မိန်းမလည်း တာဝန်ကျရာကို ပြန်သွားတယ် ။

နှစ်ရက် ၊ သုံးရက် နေတော့ အိမ်ဖော်လေးက ကိုမိုးကြီးကို သတင်း ပို့တယ် ။

ဟင်းချက်တဲ့ ဒယ်အိုးကြီး ပျောက်နေတယ် တဲ့ …

” ဆရာမ ပြန်သွားကတည်းက ပျောက်တာ …
မှားများ ပါသွားလေသလား မေးကြည့်ပါအုံး ” ဆိုတော့ ….

ကိုမိုးကြီး လည်း သူ့မိန်းမဆီ စာရေးပြီး မေးရ တာပေါ့ … …

” မိန်းမရေ …
မင်းယူတယ် လို့ မစွပ်စွဲပါဘူး
မင်း ပြန်သွား ကတည်းက ဟင်းချက်တဲ့ ဒယ်အိုးကြီး ပျောက်နေလို့ ” လို့ ဆိုပီး စာပို့ လိုက်တယ် ။

အဲ့ဒီတော့
သူ့မိန်းမဆီက စာပြန်လာတယ် … …

” ယောကျ်ားရေ …
ရှင်တို့ အတူ အိပ်တယ်လို့ မစွပ်စွဲပါဘူး
အဲ့ဒီ အိမ်ဖော်မိန်းမသာ သူ့အိပ်ယာမှာ သူ အိပ်ရင် ဒယ်အိုးကို ပြန်တွေ့တာ ကြာပြီ ၊

ဒယ်အိုးက

.

.

.

.

.

.

.

သူ့ ခေါင်းအုံး အောက်မှာ ”

” ငွမ့် .. “

LEAVE A REPLY

Please enter your comment!
Please enter your name here