ေနာင္တ

0
6284

(Zawgyi)

ေနာင္တ

( အရမ္းေကာင္းတဲ့ ပညာေပးေလးပါ ၊ လူတိုင္း ဖတ္​​ေစ ခ်င္​ပါတယ္​ )

မဂၤလာဦးညမွာ ဇနီးသည္ ျဖစ္သူက ခင္ပြန္းသည္​ နားကပ္ၿပီး သူတို႕ရဲ႕ ပထမဆံုး ခ်စ္ရည္ လူးပလူး တဲ့ အထိမ္းအမွတ္ အေနနဲ႕ ေဒၚလာ ၂၀ ေတာင္းတယ္ ။

စိတ္ဝင္စားစရာ ေကာင္းတာနဲ႕ ေကာင္ေလးက ခ်က္ခ်င္း သေဘာတူ လိုက္တယ္ ။

ေကာင္မေလးရဲ႕ ခ်စ္စရာ အျပဳအမူေလး တစ္ခု မို႕လည္း ၾကည္​ၾကည္​ ျဖဴျဖဴ ေပးခဲ့တာေပါ့ ။

လိုခ်င္တာေလးေတြ ဝယ္ဖို႕၊ သံုးဖို႔ စြဲဖို႕ ေတာင္းတာပဲ ျဖစ္မွာပါ ဆိုၿပီး ေကာင္ေလးက မွတ္ခ်က္ ျပဳထားတာေပါ့။

အဲ့လိုနဲ႔ …

သူတို႔ အိမ္ေထာင္သက္ အႏွစ္ ( ၃၀ ) ေက်ာ္သည့္ တိုင္ ခ်စ္ရည္လူးတဲ့ အခါတိုင္း အဲ့ဒီ အေလ့အက်င့္ ေလးကို ယူသြား ျဖစ္လိုက္တယ္။

တရက္ေတာ့ ေနလယ္ေလာက္မွာ အလုပ္ကေန အရက္ေတြ အရမ္းမူးၿပီး ျပန္လာတဲ့ ခင္ပြန္းသည္ကို ေတြ႕ေတာ့ ဇနီးသည္ အံ့ၾသသြားတယ္ ။ တခါမွ ဒီလို အခ်ိန္မွာ မေသာက္စဖူး ထူးျခား ေနတာေပါ့။

အိမ္ထဲ ေရာက္ၿပီး ခဏအၾကာမွာ ဇနီးသည္ေလး မေမးခင္ အေၾကာင္းစံုကို ဖြင့္ေျပာျပ လိုက္တယ္ ။

” ကိုတို႔ အလုပ္ရွင္က လုပ္ငန္းေတြ က်ဆင္း လာတဲ့အတြက္ ကိုယ့္ကို အလုပ္ကေန ျဖဳတ္ပစ္ လိုက္တယ္ကြာ အသက္ ( ၅၉ ) ႏွစ္ အရြယ္ေရာက္ၿပီ ဆိုေတာ့ အလုပ္သစ္ ရွာႏိုင္မယ့္ ပံုလည္း မေပၚေတာ့ပါဘူး ။

ကုမၸဏီ ေတြကလည္း အလုပ္ခန္႔ မယ္ မထင္ေတာ့ပါဘူး မိန္းမရာ ။ အားကိုးစရာ သားသမီးလည္း မရွိေတာ့ ေရရွည္မွာ စားဝတ္ေနေရး အဆင္ မေျပမွာ စိုးတယ္ကြာ ”

ဆိုၿပီး မ်က္ရည္ေလး ဝဲၿပီး ဝမ္းနည္းစြာ ေျပာျပေန ရွာတယ္ ။

ဒီအခါမွာ ဇနီးျဖစ္သူက ေအးေဆး တည္ၿငိမ္စြာပဲ ေယာက်္ားကို ႏွစ္ (၃၀) ေက်ာ္ သက္တမ္းရွိတဲ့ ဘဏ္စာအုပ္ ထုတ္ျပလိုက္တယ္။

စာအုပ္ထဲ မွာေတာ့ ကာလ ၾကာရွည္ ထားရွိလို႕ ရလာတဲ့ အတိုးအျမတ္ေတြ ေပါင္းရင္ ေဒၚလာ တသန္း နီးပါး ရွိတယ္။

ေယာက်ာ္းျဖစ္သူ မ်က္လံုး ဝိုင္းသြားတယ္ ၿပီးေတာ့ သူ ဘာမွ မေျပာႏိုင္ ေသးခင္မွာ ဇနီးသည္က ထပ္ရွင္းျပတယ္။

” ဒီပိုက္ဆံေတြဟာ ခ်စ္ရည္လူးတဲ့ အခါတိုင္း ေတာင္းထားတဲ့ ပိုက္ဆံေတြပါ

အဲ့ဒီ ပိုက္ဆံေတြကို ဘဏ္ထဲမွာ ႏွစ္သံုးဆယ္ေက်ာ္ ၾကာေအာင္ မွန္မွန္ စုေဆာင္း လာႏိုင္ခဲ့လို႕ ခုလို အမ်ားႀကီး ျဖစ္လာတာေပါ့

” ကၽြန္မတို႕ ဒီပိုက္ဆံေတြနဲ႔ ေကာင္းေကာင္း ရင္းႏွီး လုပ္ကိုင္စားလို႕ ရတယ္ မဟုတ္လား ကို ရဲ႕ ”

ေယာက်ာ္းျဖစ္သူ စကား မေျပာႏိုင္ ေလာက္ေအာင္ အံ့အားသင့္ သြားတယ္ ။

ေႏွာင္ေရး အတြက္ အိုစာ မင္းစာေလး မစုေဆာင္း မိခဲ့ပါလား ဆိုတဲ့ ေနာင္တေတြလည္း ရ​ေနတယ္​။

ၿပီး​ေတာ့ ​​ေၾကကြဲစြာနဲ႔ ​ေျပာတယ္​ ။

” ဒီလုိမွန္​း သိရင္​ အရင္​က ဒီလို မိန္​းက​ေလး ဆယ္​​ေယာက္​ ယူခဲ့ပါတယ္ ​တဲ့ ”

” တိန္ ”

FunnyPC

(Unicode)

နောင်တ

( အရမ်းကောင်းတဲ့ ပညာပေးလေးပါ ၊ လူတိုင်း ဖတ်စေ ချင်ပါတယ် )

မင်္ဂလာဦးညမှာ ဇနီးသည် ဖြစ်သူက ခင်ပွန်းသည် နားကပ်ပြီး သူတို့ရဲ့ ပထမဆုံး ချစ်ရည် လူးပလူး တဲ့ အထိမ်းအမှတ် အနေနဲ့ ဒေါ်လာ ၂၀ တောင်းတယ် ။

စိတ်ဝင်စားစရာ ကောင်းတာနဲ့ ကောင်လေးက ချက်ချင်း သဘောတူ လိုက်တယ် ။

ကောင်မလေးရဲ့ ချစ်စရာ အပြုအမူလေး တစ်ခု မို့လည်း ကြည်ကြည် ဖြူဖြူ ပေးခဲ့တာပေါ့ ။

လိုချင်တာလေးတွေ ဝယ်ဖို့၊ သုံးဖို့ စွဲဖို့ တောင်းတာပဲ ဖြစ်မှာပါ ဆိုပြီး ကောင်လေးက မှတ်ချက် ပြုထားတာပေါ့။

အဲ့လိုနဲ့ …

သူတို့ အိမ်ထောင်သက် အနှစ် ( ၃၀ ) ကျော်သည့် တိုင် ချစ်ရည်လူးတဲ့ အခါတိုင်း အဲ့ဒီ အလေ့အကျင့် လေးကို ယူသွား ဖြစ်လိုက်တယ်။

တရက်တော့ နေလယ်လောက်မှာ အလုပ်ကနေ အရက်တွေ အရမ်းမူးပြီး ပြန်လာတဲ့ ခင်ပွန်းသည်ကို တွေ့တော့ ဇနီးသည် အံ့သြသွားတယ် ။ တခါမှ ဒီလို အချိန်မှာ မသောက်စဖူး ထူးခြား နေတာပေါ့။

အိမ်ထဲ ရောက်ပြီး ခဏအကြာမှာ ဇနီးသည်လေး မမေးခင် အကြောင်းစုံကို ဖွင့်ပြောပြ လိုက်တယ် ။

” ကိုတို့ အလုပ်ရှင်က လုပ်ငန်းတွေ ကျဆင်း လာတဲ့အတွက် ကိုယ့်ကို အလုပ်ကနေ ဖြုတ်ပစ် လိုက်တယ်ကွာ အသက် ( ၅၉ ) နှစ် အရွယ်ရောက်ပြီ ဆိုတော့ အလုပ်သစ် ရှာနိုင်မယ့် ပုံလည်း မပေါ်တော့ပါဘူး ။

ကုမ္ပဏီ တွေကလည်း အလုပ်ခန့် မယ် မထင်တော့ပါဘူး မိန်းမရာ ။ အားကိုးစရာ သားသမီးလည်း မရှိတော့ ရေရှည်မှာ စားဝတ်နေရေး အဆင် မပြေမှာ စိုးတယ်ကွာ ”

ဆိုပြီး မျက်ရည်လေး ဝဲပြီး ဝမ်းနည်းစွာ ပြောပြနေ ရှာတယ် ။

ဒီအခါမှာ ဇနီးဖြစ်သူက အေးဆေး တည်ငြိမ်စွာပဲ ယောကျ်ားကို နှစ် (၃၀) ကျော် သက်တမ်းရှိတဲ့ ဘဏ်စာအုပ် ထုတ်ပြလိုက်တယ်။

စာအုပ်ထဲ မှာတော့ ကာလ ကြာရှည် ထားရှိလို့ ရလာတဲ့ အတိုးအမြတ်တွေ ပေါင်းရင် ဒေါ်လာ တသန်း နီးပါး ရှိတယ်။

ယောကျာ်းဖြစ်သူ မျက်လုံး ဝိုင်းသွားတယ် ပြီးတော့ သူ ဘာမှ မပြောနိုင် သေးခင်မှာ ဇနီးသည်က ထပ်ရှင်းပြတယ်။

” ဒီပိုက်ဆံတွေဟာ ချစ်ရည်လူးတဲ့ အခါတိုင်း တောင်းထားတဲ့ ပိုက်ဆံတွေပါ

အဲ့ဒီ ပိုက်ဆံတွေကို ဘဏ်ထဲမှာ နှစ်သုံးဆယ်ကျော် ကြာအောင် မှန်မှန် စုဆောင်း လာနိုင်ခဲ့လို့ ခုလို အများကြီး ဖြစ်လာတာပေါ့

” ကျွန်မတို့ ဒီပိုက်ဆံတွေနဲ့ ကောင်းကောင်း ရင်းနှီး လုပ်ကိုင်စားလို့ ရတယ် မဟုတ်လား ကို ရဲ့ ”

ယောကျာ်းဖြစ်သူ စကား မပြောနိုင် လောက်အောင် အံ့အားသင့် သွားတယ် ။

နှောင်ရေး အတွက် အိုစာ မင်းစာလေး မစုဆောင်း မိခဲ့ပါလား ဆိုတဲ့ နောင်တတွေလည်း ရနေတယ်။

ပြီးတော့ ကြေကွဲစွာနဲ့ ပြောတယ် ။

” ဒီလိုမှန်း သိရင် အရင်က ဒီလို မိန်းကလေး ဆယ်ယောက် ယူခဲ့ပါတယ် တဲ့ ”

” တိန် ”

FunnyPC

LEAVE A REPLY

Please enter your comment!
Please enter your name here