ပရိသတ္ေတြကို လံုးဝကို အံ့အားသင့္ေစခဲ့တဲ့ ၿဖိဳးျမတ္ေအာင္ ရရွိတဲ့ အႏုပညာေၾကး (ရုပ္သံ)

0
19251

(Zawgyi)

ပရိသတ္ေတြကို လံုးဝကို အံ့အားသင့္ေစခဲ့တဲ့ ၿဖိဳးျမတ္ေအာင္ ရရွိတဲ့ အႏုပညာေၾကး

ပရိသတ္ခ်စ္တဲ့ ၿဖိဳးျမတ္ေအာင္ တေယာက္ဟာ ျမန္မာ အိုင္ေဒါျပိဳင္ပြဲကို လာေရာက္ မယွဥ္ၿပိဳင္ေသးတဲ့ အခ်ိန္က မိခင္ျဖစ္သူနဲ႔ ဟသၤာတမွာ မုန္႔ဟင္းခါး ေရာင္းၿပီး အသက္ေမြးဝမ္းေၾကာင္း ျပဳခဲ့သူျဖစ္ပါတယ္။

တျခား ဘာအလုပ္မွကုိ မလုပ္ဘဲ သူဝါသနာ ပါရာ ဂီတ အလုပ္မ်ားကိုသာ တစိုက္မတ္မတ္ လုပ္ကိုင္ခဲ့တာလည္း ျဖစ္ပါတယ္ ။ ဒီလို ဇြဲေကာင္းေကာင္းနဲ႔ ႀကိဳးစားေနတဲ့သူ အတြက္ ေအာင္ျမင္မႈ ဆိုတာ တေန႔မွာ ေရာက္ကို ေရာက္လာတယ္ ဆိုတာ ၿဖိဳးျမတ္ေအာင္ ကေတာ့ လက္ေတြ႔ ျပသြားခဲ့တာျဖစ္ပါတယ္။

ပုသိမ္မွာ ျမန္မာအိုင္ေဒါ သီခ်င္းဆို ၿပိဳင္ပြဲရဲ႕ အသံစစ္ကို သူငယ္ခ်င္းဆီက ေငြ ၂၀၀၀၀ ေခ်းၿပီး သြားေရာက္ ယွဥ္ၿပိဳင္ခဲ့တဲ့ ၿဖိဳးျမတ္ေအာင္ကေတာ့ ယခုအခါမွာ ျမန္မာအုိင္ေဒါရဲ႕ ဝင္းနားဆုကို ထိုက္ထိုက္တန္တန္ ရရွိခဲ့ပါတယ္ ။

တခ်ိန္တုန္းက ေငြေၾကး မျပည့္စံုတဲ့ ၿဖိဳးျမတ္ေအာင္ကို ပရိသတ္ေတြက ရိုးဂုဏ္၊ မိဘအေပၚ သိတတ္တဲ့ သားတေယာက္အျဖစ္ သေဘာက် ႏွစ္ျခိဳက္ျပီး ဝန္းရံခဲ့ၾကတာလည္း ျဖစ္ပါတယ္။

ယခုလို အိုင္ေဒါ ဝင္းနားဆုကို ရရွိသြားတဲ႔ ၿဖိဳးျမတ္ေအာင္ တေယာက္ကေတာ့ လက္ရွိမွာ အႏုပညာအလုပ္တခ်ိဳ႕ကို လက္ခံထားရွိျပီး ျဖစ္ပါတယ္။

ၿဖိဳးျမတ္ေအာင္ရဲ႕ အႏုပညာေၾကးကလည္း ပရိသတ္ေတြကို အံ့ၾသေလာက္ေစ ပါတယ္ ။ ျဖိဳးျမတ္ေအာင္ဟာ ေၾကာ္ျငာတပုဒ္ ရိုက္ကူးရင္ စကၠန္႔ ၄၀ စာကို သိန္း (၆၀) ရရွိတာလည္း ျဖစ္ပါတယ္ ။ သို႔ေသာ္လည္း ဒီလိုေၾကာ္ျငာရိုက္ကူးျခင္းေတြ၊ လက္ခံျခင္းေတြနဲ႔ ပတ္သက္တဲ့ အႏုပညာလုပ္ငန္းအားလံုး ကိုေတာ့ စာခ်ဳပ္ ခ်ဳပ္ဆိုထားတဲ့ MNTV ကသာ ျပဳလုပ္တာ ျဖစ္ပါတယ္ ။ ၿဖိဳးျမတ္ေအာင္ဟာ MNTV က ျပဳလုပ္ က်င္းပတဲ့ ျမန္မာအုိင္ေဒါ ၿပိဳင္ပြဲ ကေနျပီး ေအာင္ျမင္မႈေတြ တခဲနက္ ရရွိလာခဲ့တာလည္း ျဖစ္ပါတယ္ ။

ရုပ္ရည္အသင့္အတင့္နဲ႔ ပရိသတ္ေတြၾကား စန္းအရမ္းပြင့္ေနတဲ့ ၿဖိဳးျမတ္ေအာင္ရဲ႕ အႏုပညာေၾကးကို ၾကားၿပီး ပရိသတ္ေတြ အံ့ၾသဝမ္းသာ ျဖစ္ခ့ဲရပါတယ္ ။ ဒီစကားေလး ကိုေတာ့ ၿဖိဳးျမတ္ေအာင္က မိုးကုတ္က ပရိသတ္ေတြနဲ႕ ကားေပၚမွာ ေျဖခဲ့တာလည္း ျဖစ္ပါတယ္ ။

ၿဖိဳးျမတ္ေအာင္ဟာ ပရိသတ္ေတြ ေမးရင္ ဘာကိုမဆို ပြင့္ပြင့္လင္းလင္း ေျဖတတ္တာေလးကလည္း ပရိသတ္ေတြကို သူ႔ရဲ႕ရိုးသားမွုကိုအတုိင္းသား ေပၚလြင္ေစတာလည္း ျဖစ္ပါတယ္ ။ ေနာက္ဆံုးမွာေတာ့ ပရိသတ္ေတြ တင္ေပးခဲ့တဲ့ ၿဖိဳးျမတ္ေအာင္ဟာ အႏုပညာ လမ္းေၾကာင္းေပၚကို ေကာင္းမြန္စြာ ေလ်ွာက္လွမ္းေနၿပီလည္း ျဖစ္ပါတယ္ ။

စကၠန္႔ (၄၀) ေၾကာ္ျငာကို အႏုပညာေၾကး သိန္း (၆၀) ရတဲ့အေၾကာင္း ရိုးရုိးသားသား ေျပာျပထားတဲ့ ျဖိဳးျမတ္ေအာင္

ဗီဒီယိုကို ယုယုေဝ ေဖ႔ဘုတ္မွ တဆင့္ ကူးယူေဖာ္ျပထားျခင္း ျဖစ္ပါသည္။

(Unicode)

ပရိသတ်တွေကို လုံးဝကို အံ့အားသင့်စေခဲ့တဲ့ ဖြိုးမြတ်အောင် ရရှိတဲ့ အနုပညာကြေး

ပရိသတ်ချစ်တဲ့ ဖြိုးမြတ်အောင် တယောက်ဟာ မြန်မာ အိုင်ဒေါပြိုင်ပွဲကို လာရောက် မယှဉ်ပြိုင်သေးတဲ့ အချိန်က မိခင်ဖြစ်သူနဲ့ ဟင်္သာတမှာ မုန့်ဟင်းခါး ရောင်းပြီး အသက်မွေးဝမ်းကြောင်း ပြုခဲ့သူဖြစ်ပါတယ်။

တခြား ဘာအလုပ်မှကို မလုပ်ဘဲ သူဝါသနာ ပါရာ ဂီတ အလုပ်များကိုသာ တစိုက်မတ်မတ် လုပ်ကိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။ ဒီလို ဇွဲကောင်းကောင်းနဲ့ ကြိုးစားနေတဲ့သူ အတွက် အောင်မြင်မှု ဆိုတာ တနေ့မှာ ရောက်ကို ရောက်လာတယ် ဆိုတာ ဖြိုးမြတ်အောင် ကတော့ လက်တွေ့ ပြသွားခဲ့တာဖြစ်ပါတယ်။

ပုသိမ်မှာ မြန်မာအိုင်ဒေါ သီချင်းဆို ပြိုင်ပွဲရဲ့ အသံစစ်ကို သူငယ်ချင်းဆီက ငွေ ၂၀၀၀၀ ချေးပြီး သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဖြိုးမြတ်အောင်ကတော့ ယခုအခါမှာ မြန်မာအိုင်ဒေါရဲ့ ဝင်းနားဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ် ။

တချိန်တုန်းက ငွေကြေး မပြည့်စုံတဲ့ ဖြိုးမြတ်အောင်ကို ပရိသတ်တွေက ရိုးဂုဏ်၊ မိဘအပေါ် သိတတ်တဲ့ သားတယောက်အဖြစ် သဘောကျ နှစ်ခြိုက်ပြီး ဝန်းရံခဲ့ကြတာလည်း ဖြစ်ပါတယ်။

ယခုလို အိုင်ဒေါ ဝင်းနားဆုကို ရရှိသွားတဲ့ ဖြိုးမြတ်အောင် တယောက်ကတော့ လက်ရှိမှာ အနုပညာအလုပ်တချို့ကို လက်ခံထားရှိပြီး ဖြစ်ပါတယ်။

ဖြိုးမြတ်အောင်ရဲ့ အနုပညာကြေးကလည်း ပရိသတ်တွေကို အံ့သြလောက်စေ ပါတယ် ။ ဖြိုးမြတ်အောင်ဟာ ကြော်ငြာတပုဒ် ရိုက်ကူးရင် စက္ကန့် ၄၀ စာကို သိန်း (၆၀) ရရှိတာလည်း ဖြစ်ပါတယ် ။ သို့သော်လည်း ဒီလိုကြော်ငြာရိုက်ကူးခြင်းတွေ၊ လက်ခံခြင်းတွေနဲ့ ပတ်သက်တဲ့ အနုပညာလုပ်ငန်းအားလုံး ကိုတော့ စာချုပ် ချုပ်ဆိုထားတဲ့ MNTV ကသာ ပြုလုပ်တာ ဖြစ်ပါတယ် ။ ဖြိုးမြတ်အောင်ဟာ MNTV က ပြုလုပ် ကျင်းပတဲ့ မြန်မာအိုင်ဒေါ ပြိုင်ပွဲ ကနေပြီး အောင်မြင်မှုတွေ တခဲနက် ရရှိလာခဲ့တာလည်း ဖြစ်ပါတယ် ။

ရုပ်ရည်အသင့်အတင့်နဲ့ ပရိသတ်တွေကြား စန်းအရမ်းပွင့်နေတဲ့ ဖြိုးမြတ်အောင်ရဲ့ အနုပညာကြေးကို ကြားပြီး ပရိသတ်တွေ အံ့သြဝမ်းသာ ဖြစ်ခဲ့ရပါတယ် ။ ဒီစကားလေး ကိုတော့ ဖြိုးမြတ်အောင်က မိုးကုတ်က ပရိသတ်တွေနဲ့ ကားပေါ်မှာ ဖြေခဲ့တာလည်း ဖြစ်ပါတယ် ။

ဖြိုးမြတ်အောင်ဟာ ပရိသတ်တွေ မေးရင် ဘာကိုမဆို ပွင့်ပွင့်လင်းလင်း ဖြေတတ်တာလေးကလည်း ပရိသတ်တွေကို သူ့ရဲ့ရိုးသားမှုကိုအတိုင်းသား ပေါ်လွင်စေတာလည်း ဖြစ်ပါတယ် ။ နောက်ဆုံးမှာတော့ ပရိသတ်တွေ တင်ပေးခဲ့တဲ့ ဖြိုးမြတ်အောင်ဟာ အနုပညာ လမ်းကြောင်းပေါ်ကို ကောင်းမွန်စွာ လျှောက်လှမ်းနေပြီလည်း ဖြစ်ပါတယ် ။

စက္ကန့် (၄၀) ကြော်ငြာကို အနုပညာကြေး သိန်း (၆၀) ရတဲ့အကြောင်း ရိုးရိုးသားသား ပြောပြထားတဲ့ ဖြိုးမြတ်အောင်

ဗီဒီယိုကို ယုယုဝေ ဖေ့ဘုတ်မှ တဆင့် ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here