မဂၤလာ ေဆာင္တယ္ ဆုိတာ…

0
1013

(Zawgyi)

တကယ္တမ္းေတာ့ မဂၤလာ ေဆာင္တယ္ ဆိုတာ ကားတစ္စီး အပိုင္ရလိုက္ သလိုပါပဲ။ အိမ္ေထာင္ တစ္ခုမွာ လင္ေယာက်္ားက ” ေမာ္ေတာ္ကား” နဲ့တူတယ္။ အိမ္ရွင္မက”ဒရိုင္ဘာ” နဲ့ တူတယ္။

တခိ်ဳ႕ ေယာက်္ားေတြက ေလးဘီးကားနဲ႔ တူတယ္။ ကားက စုတ္တယ္။ ေဘာ္ဒီက မေကာင္းဘူး။ ဘရိတ္က မမိဘူး။ မိုးရြာရင္ အလုပ္ မျဖစ္ဘူး။

တစ္ခ်ိဳ႕ လင္ေယာက်္ားေတြက က်ေတာ့ ဆန္နီကားနဲ႔ တူတယ္။ တစ္ခ်ိဳ႕ လင္ေယာက်္ားေတြက က်ေတာ့ လိုင္းကားနဲ့တူတယ္။ တစ္ခ်ိဳ႕မ်ားက်ေတာ့ မတ္တူးကားနဲ႔ တူတယ္။ ပရာဒိုနဲ႔ တူတယ္။ လင္ခရူဇာနဲ႔ တူတယ္။ မိန္းမေတြကေတာ့ အဲဒီကားေတြရဲ႕ ဒရိုင္ဘာနဲ႔ တူတယ္။

တခ်ိဳ႕ မိန္းမေတြက ကိုယ္ရတဲ့ ေယာက်္ားကို သူမ်ားရတဲ့ ေယာက္က်ားေတြနဲ့ ႏႈိင္းယွဥ္ၿပီး ခံစားတတ္ၾကတယ္။ ငါ့ေယာက်္ားက သူ႕ေယာက်္ားေလာက္ ၀င္ေငြ မေကာင္းဘူး၊ သူတို႕ေယာက်္ားေတြ က်ေတာ့ အဆင္ေျပ လိုက္ၾကတာ။ ငါ့ေယာက်္ားကေတာ့ အသံုးမက်ဘူး။ ဒီလိုေတြ ေတြးတတ္ၾကတယ္။

တကယ္ေတာ့ အိမ္ရွင္မ ဆိုတာ ကားပိုင္ရွင္ ၊ဒရိုင္ဘာေတြပဲ။ ကိုယ့္ဘ၀နဲ႔ တန္တဲ့ ကားတစ္စီးကို ပိုင္ဆိုင္ၿပီးၿပီပဲ။ ကိုယ္ပိုင္ဆိုင္ရတဲ့ ကားကို ဂရုတစိုက္ ေမာင္းႏွင္သင့္တယ္။ သူမ်ားကား အေကာင္းစားႀကီးကို ၾကည့္ၿပီး ကိုယ္ေမာင္းေနရတဲ့ ကားကို အစုတ္ႀကီးလို႔ ထင္တတ္ၾကတယ္။

အိမ္ရွင္မေတြေရ….. ေဘာ္ဒီေဆြးၿပီး သံေခ်းလိုက္ေနတဲ့ အင္ဂ်င္မေကာင္းတဲ့ ကားကို ဂရုတစိုက္ ထိန္းသိမ္းပါမွ အိမ္ေထာင္ေရး ခရီးရွည္ႀကီးကို ျဖတ္သန္းႏိုင္ လိမ့္မယ္ေနာ္။ ကိုယ္ေမာင္းေနရတဲ့ ကားကို အျခားကားေတြနဲ႔ ႏိႈင္းယွဥ္ၿပီး လုမေမာင္းမိေစနဲ႔ေနာ္။

ကိုယ့္ကားကိုလည္း အထင္မေသး မိေစနဲ့။ သူ႕ကားေလာက္ မျမန္လို႔ ကိုယ္ကားကိုလည္း အထင္မေသး မိေစနဲ့။ သူ႔ကားေလာက္ မျမန္လို႔လည္း ကိုယ့္ကားကို အျပစ္မတင္ မိေစနဲ့။

ဘ၀ဆိုတဲ့ ေျပးလမ္း ရွည္ႀကီးေပၚမွာ ေမတၱာတရား ဆိုတဲ့ ကၽြမ္းက်င္မႈနဲ့ ကိုယ္ပိုင္တဲ့ကားကို ျပဳျပင္သင့္တာ ျပဳျပင္ရမယ္။ အစားထိုးသင့္တာ အစားထိုးရမယ္။ ေန႔ေန႔ညည ဂရုစိုက္ရမယ္။

ခရီးရွည္ႀကီးကို သြားခ်င္တယ္ ဆိုရင္ ျမန္ျမန္ေရာက္ဖို႔ထက္ မွန္မွန္ေမာင္းဖို႔က အေရးႀကီးတယ္။ စိတ္ရွည္ျခင္း၊ သည္းခံျခင္း၊ ျပဳျပင္ ထိန္းသိမ္းျခင္းေတြနဲ႔ ဒရိုင္ဘာေကာင္း တစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားပါ။

ေၾသာ္… ေျပာရအံုးမယ္။

” ကိုယ္ပိုင္တဲ့ကားကို ပစ္မထားနဲ့ေနာ္။ ကိုယ့္ကားကို တစ္ျခား ဒရိုင္ဘာ တက္ေမာင္းသြားအံုးမယ္….”

ဦးဘုန္း (ဓာတု) ၊မႏၱေလး

(Unicode)

တကယ်တမ်းတော့ မင်္ဂလာ ဆောင်တယ် ဆိုတာ ကားတစ်စီး အပိုင်ရလိုက် သလိုပါပဲ။ အိမ်ထောင် တစ်ခုမှာ လင်ယောကျ်ားက ” မော်တော်ကား” နဲ့တူတယ်။ အိမ်ရှင်မက”ဒရိုင်ဘာ” နဲ့ တူတယ်။

တချို့ ယောကျ်ားတွေက လေးဘီးကားနဲ့ တူတယ်။ ကားက စုတ်တယ်။ ဘော်ဒီက မကောင်းဘူး။ ဘရိတ်က မမိဘူး။ မိုးရွာရင် အလုပ် မဖြစ်ဘူး။

တစ်ချို့ လင်ယောကျ်ားတွေက ကျတော့ ဆန်နီကားနဲ့ တူတယ်။ တစ်ချို့ လင်ယောကျ်ားတွေက ကျတော့ လိုင်းကားနဲ့တူတယ်။ တစ်ချို့များကျတော့ မတ်တူးကားနဲ့ တူတယ်။ ပရာဒိုနဲ့ တူတယ်။ လင်ခရူဇာနဲ့ တူတယ်။ မိန်းမတွေကတော့ အဲဒီကားတွေရဲ့ ဒရိုင်ဘာနဲ့ တူတယ်။

တချို့ မိန်းမတွေက ကိုယ်ရတဲ့ ယောကျ်ားကို သူများရတဲ့ ယောက်ကျားတွေနဲ့ နှိုင်းယှဉ်ပြီး ခံစားတတ်ကြတယ်။ ငါ့ယောကျ်ားက သူ့ယောကျ်ားလောက် ဝင်ငွေ မကောင်းဘူး၊ သူတို့ယောကျ်ားတွေ ကျတော့ အဆင်ပြေ လိုက်ကြတာ။ ငါ့ယောကျ်ားကတော့ အသုံးမကျဘူး။ ဒီလိုတွေ တွေးတတ်ကြတယ်။

တကယ်တော့ အိမ်ရှင်မ ဆိုတာ ကားပိုင်ရှင် ၊ဒရိုင်ဘာတွေပဲ။ ကိုယ့်ဘဝနဲ့ တန်တဲ့ ကားတစ်စီးကို ပိုင်ဆိုင်ပြီးပြီပဲ။ ကိုယ်ပိုင်ဆိုင်ရတဲ့ ကားကို ဂရုတစိုက် မောင်းနှင်သင့်တယ်။ သူများကား အကောင်းစားကြီးကို ကြည့်ပြီး ကိုယ်မောင်းနေရတဲ့ ကားကို အစုတ်ကြီးလို့ ထင်တတ်ကြတယ်။

အိမ်ရှင်မတွေရေ….. ဘော်ဒီဆွေးပြီး သံချေးလိုက်နေတဲ့ အင်ဂျင်မကောင်းတဲ့ ကားကို ဂရုတစိုက် ထိန်းသိမ်းပါမှ အိမ်ထောင်ရေး ခရီးရှည်ကြီးကို ဖြတ်သန်းနိုင် လိမ့်မယ်နော်။ ကိုယ်မောင်းနေရတဲ့ ကားကို အခြားကားတွေနဲ့ နှိုင်းယှဉ်ပြီး လုမမောင်းမိစေနဲ့နော်။

ကိုယ့်ကားကိုလည်း အထင်မသေး မိစေနဲ့။ သူ့ကားလောက် မမြန်လို့ ကိုယ်ကားကိုလည်း အထင်မသေး မိစေနဲ့။ သူ့ကားလောက် မမြန်လို့လည်း ကိုယ့်ကားကို အပြစ်မတင် မိစေနဲ့။

ဘဝဆိုတဲ့ ပြေးလမ်း ရှည်ကြီးပေါ်မှာ မေတ္တာတရား ဆိုတဲ့ ကျွမ်းကျင်မှုနဲ့ ကိုယ်ပိုင်တဲ့ကားကို ပြုပြင်သင့်တာ ပြုပြင်ရမယ်။ အစားထိုးသင့်တာ အစားထိုးရမယ်။ နေ့နေ့ညည ဂရုစိုက်ရမယ်။

ခရီးရှည်ကြီးကို သွားချင်တယ် ဆိုရင် မြန်မြန်ရောက်ဖို့ထက် မှန်မှန်မောင်းဖို့က အရေးကြီးတယ်။ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းတွေနဲ့ ဒရိုင်ဘာကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားပါ။

သြော်… ပြောရအုံးမယ်။

” ကိုယ်ပိုင်တဲ့ကားကို ပစ်မထားနဲ့နော်။ ကိုယ့်ကားကို တစ်ခြား ဒရိုင်ဘာ တက်မောင်းသွားအုံးမယ်….”

ဦးဘုန်း (ဓာတု) ၊မန္တလေး

LEAVE A REPLY

Please enter your comment!
Please enter your name here