အေမကို ဆိုင္းျဖင့္ ထမ္း၍ မိုင္ ၂၀၀၀၀ ေက်ာ္ အထိ ဘုရားဖူးခရီး ပို႔ေပးတဲ့ သားအလိမၼာေလး

0
327

(Zawgyi)

အေမကို ဆိုင္းျဖင့္ ထမ္း၍ မိုင္ ၂၀၀၀၀ ေက်ာ္ အထိ ဘုရားဖူးခရီး ပို႔ေပးတဲ့ သားအလိမၼာေလး

အိႏၵိယႏိုင္ငံ မဒရာပရာဒက္႐ွ္ျပည္နယ္သား ကိုင္လာ့႐ွ္ဂီရိၿဗဟၼစာရီသည္ ဖခင္၊ အစ္ကို၊ ညီမတို႔ ဆံုးပါးသြားၿပီးေနာက္ မိခင္ကို ႐ိုေသစြာ ေကြၽးေမြးျပဳစု ေစာင့္ေ႐ွာက္လာ ခဲ့သည္ ။ မိခင္၏ ေ၀ယ်ာ၀စၥ မွန္သမွ် မၿငီးမျငဴ လုပ္ေပး သည္ ။ သို႔ေသာ္ မိခင္၏ ျပင္းျပေသာ ဆႏၵတစ္ခုကို ျဖည့္ဆည္းရန္မွာ သူ႔အဖို႔ အေတာ္ ခက္ခဲေနရသည္ ။

မိခင္ ကထက္ေဒ၀ီသည္ အိႏၵိယျပည္ အႏွံ႔႐ွိ ဗာရာဏသီ အပါအ၀င္ ဟိႏၵဴအထြတ္အျမတ္ ေနရာမ်ား၊ ဘုရားေက်ာင္းမ်ားကို ေရာက္ဖူးလိုသည္ ။ ေမြးကတည္းက စကၡဳႏွစ္ကြင္း အလင္းမရေသာ္လည္း ကထက္ေဒ၀ီသည္ ယင္းေနရာမ်ားသို႔ အေရာက္ သြားကာ အၾကားအာ႐ံု၊ မေနာအာ႐ံုတို႔ျဖင့္ ၀တ္ျပဳလိုလွသည္ ။

ကိုင္လာ့႐ွ္ဂီရိသည္ မိခင္ႀကီးကို ဘုရားဖူးပို႔ဖို႔ ေငြစုသည္ ။ အခ်ိန္သာ ေညာင္းလာသည္ ။ လက္ထဲတြင္ ေငြကမက်န္ ။ မိခင္က တျဖည္းျဖည္း အိုလာၿပီ၊ ေနာင္ဆိုလွ်င္ က်န္းမာေရး ခ်ဳိ႕တဲ့ဖို႔ပဲ ႐ွိသည္ ။ ဘယ္အခ်ိန္ လံုေလာက္မည္မွန္း မသိေသာ ေငြစုမိသည့္အခ်ိန္အထိ ေစာင့္ေနလွ်င္ မိခင္ ဘုရားဖူးထြက္ခ်င္မွ ထြက္ရေတာ့မည္ ။ ထို႔ေၾကာင့္ သူသည္ ရဲရင့္ျပတ္သား၍ သာမန္လူ မလုပ္ႏိုင္သည့္ အလုပ္ကိုလုပ္ရန္ ဆံုးျဖတ္ လိုက္ေတာ့သည္။ မိခင္ကို ေျခက်င္ခရီးျဖင့္ ႏိုင္ငံအႏွံ႔ ဘုရားဖူး ပို႔မည္ ။

ကထက္ေဒ၀ီႏွင့္ သားကိုင္လာ့႐ွ္ဂီရိတို႔သည္ ၁၉၉၆ ခုႏွစ္ ဇန္န၀ါရီလက ပီပါရီယားေက်း႐ြာမွ စတင္ ခရီးထြက္သည္ ။ မိခင္ ကထက္ေဒ၀ီသည္ မ်က္စိမျမင္သည့္အျပင္ အသက္လည္းႀကီးၿပီ ျဖစ္၍ လမ္းၾကာၾကာ မေလွ်ာက္ႏိုင္၊ ကိုင္လာ့႐ွ္ ဂီရိသည္ ေတာင္းႏွစ္လံုးကို ယူ၍ တလံုးတြင္ ၀န္စည္စလယ္ အသံုးအေဆာင္တို႔ကို ထည့္ကာ ေနာက္တလံုးတြင္ မိခင္ကို ထိုင္ေစ၍ အထမ္းျဖင့္ ခရီးႏွင္သည္ ။ သူသယ္လာသည့္ ပစၥည္းမ်ားမွာ မီးဖိုတလံုး၊ အိုးခြက္ အနည္းငယ္၊ ေစာင္ႏွင့္ အ၀တ္အထည္မ်ား၊ ပန္ကန္ျပား တခ်ပ္ႏွင့္ မိုဘိုင္းဖုန္းတို႔ ျဖစ္သည္ ။

ခရီးထြက္စကေတာ့ ကိုင္လာဂီရိ၏ ပခံုးတြင္ အနာမ်ား၊ ပြန္းပဲ့ရာမ်ားႏွင့္ အေတာ္ခံရခက္သည္ ။ ေနာက္ပိုင္းတြင္ ေတာ့ အသားက်သြားသည္ ။ ကိုင္လာ့႐ွ္ဂါရီက “ ေနမေကာင္း ျဖစ္မွာကို မပူပါဘူး၊ ေသသြားလည္း အေရးမႀကီးဘူး၊ အေရးႀကီးတာက ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ ေအာင္ၿပီး မိခင္ႀကီး ဘုရားစံုကို ေရာက္ဖို႔ပဲ ” ဟု ေျပာသည္။

အစကေတာ့ သူ႔ကို မျဖစ္ႏိုင္သည့္ အလုပ္ကို လုပ္လိုသည့္ အ႐ူးဟု ၀ိုင္းေျပာၾကသည္။ ဘယ္သူ ဘာေျပာေျပာ ကိုင္လာ့႐ွ္ဂီရိက ဂ႐ုမစိုက္ ။ သူ႔ရည္႐ြယ္ခ်က္ကို သူမ်ားေျပာသည့္ အတြက္ေၾကာင့္ေတာ့ အပ်က္မခံႏိုင္ ။ “ ကြၽန္ေတာ္ ေျပာခ်င္တာက ႐ိုး႐ိုးကေလးပါ၊ မိဘမ်ားကို ဂ႐ုစိုက္ၾကပါ၊ ဂ႐ုမစိုက္ရင္ ခင္ဗ်ားတို႔ သားသမီးေတြ ကလည္း ခင္ဗ်ားတို႔ကို ပစ္ထား ပါလိမ့္မယ္ ” ဟု ကိုင္လာ့႐ွ္ဂီရိက ေျပာသည္။

လမ္းတေလွ်ာက္႐ွိ လူမ်ားက သူတို႔သားအမိကို ေငြႏွင့္ အစားအစာမ်ား နားခိုရန္ ေနရာမ်ား ေထာက္ပံ့ၾကသည္။ သူ၏ ဇြဲလံု႔လႏွင့္ ေဘးမွ ကူပံ့မႈမ်ား ေၾကာင့္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ၌ မိုင္ ၂၂၀၀၀ ေက်ာ္ ခရီးေပါက္ခဲ့ၿပီ။ ျဖတ္ သန္းခဲ့ရာ လမ္းတေလွ်ာက္၌ ဟိႏၵဴတို႔၏ အထြတ္အျမတ္ ေနရာမ်ားကို ၀င္ေရာက္ ဖူးေျမာ္ ခဲ့သည္ ။

ခရီး စထြက္စဥ္က အသက္ ၃၀ မျပည့္ေသးေသာ ကိုင္လာ့႐ွ္ဂီရိၿဗဟၼစာရီ သည္ ယခု အသက္ ၅၀ နီးၿပီျဖစ္သည္ ။ မိခင္ႀကီး ကေတာ့ အသက္ ၈၀ ေက်ာ္ အ႐ြယ္သို႔ ေရာက္ၿပီ။ ၿဗဟၼသည္ ျမင့္ျမတ္ေသာ၊ စာရီသည္ ခရီး လွည့္လည္ ျခင္းဟု အဓိပၸာယ္ရရာ ကိုင္လာ့႐ွ္ဂီရိၿဗဟၼစာရီ၏ လုပ္ေဆာင္ခ်က္သည္ နာမည္ႏွင့္ လိုက္ဖက္လွသည္ ။

Thutasone

(Unicode)

အမေကို ဆိုင်းဖြင့် ထမ်း၍ မိုင် ၂၀၀၀၀ ကျော် အထိ ဘုရားဖူးခရီး ပို့ပေးတဲ့ သားအလိမ္မာလေး

အိန္ဒိယနိုင်ငံ မဒရာပရာဒက်ရှ်ပြည်နယ်သား ကိုင်လာ့ရှ်ဂီရိဗြဟ္မစာရီသည် ဖခင်၊ အစ်ကို၊ ညီမတို့ ဆုံးပါးသွားပြီးနောက် မိခင်ကို ရိုသေစွာ ကျွေးမွေးပြုစု စောင့်ရှောက်လာ ခဲ့သည် ။ မိခင်၏ ဝေယျာဝစ္စ မှန်သမျှ မငြီးမငြူ လုပ်ပေး သည် ။ သို့သော် မိခင်၏ ပြင်းပြသော ဆန္ဒတစ်ခုကို ဖြည့်ဆည်းရန်မှာ သူ့အဖို့ အတော် ခက်ခဲနေရသည် ။

မိခင် ကထက်ဒေဝီသည် အိန္ဒိယပြည် အနှံ့ရှိ ဗာရာဏသီ အပါအဝင် ဟိန္ဒူအထွတ်အမြတ် နေရာများ၊ ဘုရားကျောင်းများကို ရောက်ဖူးလိုသည် ။ မွေးကတည်းက စက္ခုနှစ်ကွင်း အလင်းမရသော်လည်း ကထက်ဒေဝီသည် ယင်းနေရာများသို့ အရောက် သွားကာ အကြားအာရုံ၊ မနောအာရုံတို့ဖြင့် ဝတ်ပြုလိုလှသည် ။

ကိုင်လာ့ရှ်ဂီရိသည် မိခင်ကြီးကို ဘုရားဖူးပို့ဖို့ ငွေစုသည် ။ အချိန်သာ ညောင်းလာသည် ။ လက်ထဲတွင် ငွေကမကျန် ။ မိခင်က တဖြည်းဖြည်း အိုလာပြီ၊ နောင်ဆိုလျှင် ကျန်းမာရေး ချို့တဲ့ဖို့ပဲ ရှိသည် ။ ဘယ်အချိန် လုံလောက်မည်မှန်း မသိသော ငွေစုမိသည့်အချိန်အထိ စောင့်နေလျှင် မိခင် ဘုရားဖူးထွက်ချင်မှ ထွက်ရတော့မည် ။ ထို့ကြောင့် သူသည် ရဲရင့်ပြတ်သား၍ သာမန်လူ မလုပ်နိုင်သည့် အလုပ်ကိုလုပ်ရန် ဆုံးဖြတ် လိုက်တော့သည်။ မိခင်ကို ခြေကျင်ခရီးဖြင့် နိုင်ငံအနှံ့ ဘုရားဖူး ပို့မည် ။

ကထက်ဒေဝီနှင့် သားကိုင်လာ့ရှ်ဂီရိတို့သည် ၁၉၉၆ ခုနှစ် ဇန်နဝါရီလက ပီပါရီယားကျေးရွာမှ စတင် ခရီးထွက်သည် ။ မိခင် ကထက်ဒေဝီသည် မျက်စိမမြင်သည့်အပြင် အသက်လည်းကြီးပြီ ဖြစ်၍ လမ်းကြာကြာ မလျှောက်နိုင်၊ ကိုင်လာ့ရှ် ဂီရိသည် တောင်းနှစ်လုံးကို ယူ၍ တလုံးတွင် ဝန်စည်စလယ် အသုံးအဆောင်တို့ကို ထည့်ကာ နောက်တလုံးတွင် မိခင်ကို ထိုင်စေ၍ အထမ်းဖြင့် ခရီးနှင်သည် ။ သူသယ်လာသည့် ပစ္စည်းများမှာ မီးဖိုတလုံး၊ အိုးခွက် အနည်းငယ်၊ စောင်နှင့် အဝတ်အထည်များ၊ ပန်ကန်ပြား တချပ်နှင့် မိုဘိုင်းဖုန်းတို့ ဖြစ်သည် ။


ခရီးထွက်စကတော့ ကိုင်လာဂီရိ၏ ပခုံးတွင် အနာများ၊ ပွန်းပဲ့ရာများနှင့် အတော်ခံရခက်သည် ။ နောက်ပိုင်းတွင် တော့ အသားကျသွားသည် ။ ကိုင်လာ့ရှ်ဂါရီက “ နေမကောင်း ဖြစ်မှာကို မပူပါဘူး၊ သေသွားလည်း အရေးမကြီးဘူး၊ အရေးကြီးတာက ကျွန်တော်တို့ရဲ့ ရည်မှန်းချက် အောင်ပြီး မိခင်ကြီး ဘုရားစုံကို ရောက်ဖို့ပဲ ” ဟု ပြောသည်။

အစကတော့ သူ့ကို မဖြစ်နိုင်သည့် အလုပ်ကို လုပ်လိုသည့် အရူးဟု ဝိုင်းပြောကြသည်။ ဘယ်သူ ဘာပြောပြော ကိုင်လာ့ရှ်ဂီရိက ဂရုမစိုက် ။ သူ့ရည်ရွယ်ချက်ကို သူများပြောသည့် အတွက်ကြောင့်တော့ အပျက်မခံနိုင် ။ “ ကျွန်တော် ပြောချင်တာက ရိုးရိုးကလေးပါ၊ မိဘများကို ဂရုစိုက်ကြပါ၊ ဂရုမစိုက်ရင် ခင်ဗျားတို့ သားသမီးတွေ ကလည်း ခင်ဗျားတို့ကို ပစ်ထား ပါလိမ့်မယ် ” ဟု ကိုင်လာ့ရှ်ဂီရိက ပြောသည်။

လမ်းတလျှောက်ရှိ လူများက သူတို့သားအမိကို ငွေနှင့် အစားအစာများ နားခိုရန် နေရာများ ထောက်ပံ့ကြသည်။ သူ၏ ဇွဲလုံ့လနှင့် ဘေးမှ ကူပံ့မှုများ ကြောင့် ၂၀၁၈ ခုနှစ် သြဂုတ်လ၌ မိုင် ၂၂၀၀၀ ကျော် ခရီးပေါက်ခဲ့ပြီ။ ဖြတ် သန်းခဲ့ရာ လမ်းတလျှောက်၌ ဟိန္ဒူတို့၏ အထွတ်အမြတ် နေရာများကို ဝင်ရောက် ဖူးမြော် ခဲ့သည် ။

ခရီး စထွက်စဉ်က အသက် ၃၀ မပြည့်သေးသော ကိုင်လာ့ရှ်ဂီရိဗြဟ္မစာရီ သည် ယခု အသက် ၅၀ နီးပြီဖြစ်သည် ။ မိခင်ကြီး ကတော့ အသက် ၈၀ ကျော် အရွယ်သို့ ရောက်ပြီ။ ဗြဟ္မသည် မြင့်မြတ်သော၊ စာရီသည် ခရီး လှည့်လည် ခြင်းဟု အဓိပ္ပာယ်ရရာ ကိုင်လာ့ရှ်ဂီရိဗြဟ္မစာရီ၏ လုပ်ဆောင်ချက်သည် နာမည်နှင့် လိုက်ဖက်လှသည် ။

Thutasone

LEAVE A REPLY

Please enter your comment!
Please enter your name here