သူနဲ႔ ကိုယ္ ခ်စ္ခရီး ျမဲမျမဲ ဆိုတာ ဒီအခ်က္ေလးေတြက ေျပာျပေပးႏိုင္တယ္

0
16683

(Zawgyi)

သူနဲ႔ ကိုယ္ ခ်စ္ခရီး ျမဲမျမဲ ဆိုတာ ဒီအခ်က္ေလးေတြက ေျပာျပေပးႏိုင္တယ္

ဖူးစာပါလုိ႕ ဆံုဆည္းလာ ၾကရတဲ့ ခ်စ္သူႏွစ္ဦး ဘယ္သူမဆုိ သူ႔ဘက္ ကိုယ့္ဘက္ သစၥာမေဖာက္၊ ယံုၾကည္မႈ ရွိရွိ နားလည္မႈ အျပည့္နဲ႕ ဘ၀ကို ျဖတ္သန္းခ်င္ၾက မွာပါ ။ တခ်ိဳ႕ အရာေတြက ကံတရားက ၾကားဝင္ျဖတ္လုိ႕ ျပတ္သြားတတ္တာမ်ိဳး ခၽြင္းခ်က္ ထားျပီး ကိုယ့္ခ်စ္သူဟာ ကိုယ္နဲ႕ တသက္ မခြဲပဲ ျမဲမလားဆုိတာ သိခ်င္တတ္ၾက ပါတယ္ ။ ဒီေတာ့ ခ်စ္သူႏွစ္ဦး ျမဲမျမဲ ဒီအေျခခံ က်တဲ့ အခ်က္ေလးေတြကို ၾကည့္ျပီး ခန္႕မွန္းႏိုင္ ပါတယ္ ။

(1) တဦးနဲ႔တဦး ဒီခ်စ္ျခင္းေမတၱ ာအတြက္ ေက်းဇူးတင္ စကား ဆုိျဖစ္တယ္ ။

ကိုယ့္ေဘးမွာ အၿမဲရွိေပးတဲ့ အတြက္၊ ကိုယ့္ကို နားလည္ေပးတဲ့ အတြက္ ေက်းဇူးတင္တယ္ ဆုိတဲ့အေၾကာင္း သူ႕ကိုရင္ထဲက လႈိက္လႈိက္ လွဲလွဲကို ေျပာျဖစ္တယ္ ။ ခ်စ္တယ္ ဆုိတဲ့ စကားကိုလည္း ေန႔တိုင္း တခါႏွစ္ခါ မက ေျပာျဖစ္တယ္ ဆုိရင္ ဒီအတြဲဟာ ၿမဲဖုိ႔ ေသခ်ာပါၿပီ ။

(2) ခ်စ္သူေကာင္ေလးဟာ က်န္းမာတယ္ ။

အတြဲတတြဲမွာ ခ်စ္သူေကာင္ေလးက က်န္းမာေရး ေကာင္းတယ္ ။ က်န္းမာေရး လိုက္စားတဲ့သူ တေယာက္ဆုိရင္ သင္တုိ႔အခ်စ္ေရးဟာ သာယာ စိုေျပမွာပါ ။ ကုိယ့္ရည္းစားက က်န္းမာေရး ခ်ဴခ်ာလြန္းလို႔ စိတ္ဆင္းရဲရ တာမ်ိဳး မျဖစ္ေတာ့ဘူးေပါ့ ။ က်န္းမာေရးကလည္း သင့္အခ်စ္ေရးမွာ အေရးပါတဲ့ အခန္းက႑ တရပ္ပဲ ဆုိတာ မေမ့ပါနဲ႕ ။

(3) စကားေျပာပံု ဆုိေပါက္က အစ တူေနတယ္ ။

သူနဲ႔ ကိုယ္နဲ႔ တူတဲ့ အခ်က္ေတြ အမ်ားႀကီး ရွိေနပါတယ္ ။ သူနဲ႔ ေတြးေခၚေနတဲ့ အရာေတြပါ တျဖည္းျဖည္း တူလာသလို ေျပာလိုက္တဲ့ စကားေတြလည္း အတူတူ ျဖစ္ေနတတ္တယ္ ။ စကားေျပာပံု ဆိုေပါက္ ကလည္း တူေနၿပီ ဆုိရင္ေတာ့ ဒါဟာ အဆံုးထိ လက္တြဲရမယ့္ သူေတြ ပဲေပါ့ ။

(4) အၿမဲတမ္း နမ္းျဖစ္တယ္ ။

တလကို တခါေလာက္ နမ္းတာမ်ိဳး မဟုတ္ပဲ သူနဲ႔ ေတြ႕တုိင္း ႏွစ္ဦးသား ၾကည္ၾကည္ ႏူးႏူး အနမ္းေျခြျဖစ္တယ္ ဆုိရင္လည္း ဒါဟာ သံေယာဇဥ္ႀကိဳးကို တိုးေစတာပဲေလ ။ ဒါ ၿမဲမယ့္ အခ်က္ပဲေပါ့ ။

(5) သူငယ္ခ်င္း စံုတြဲနဲ႔ အတူ အျပင္ ထြက္လည္ ျဖစ္တယ္ ။

ကိုယ္ေတြခ်ည္းပဲ မဟုတ္ပဲ သူငယ္ခ်င္းစံုတြဲ နဲ႔ပါ ရုပ္ရွင္ၾကည့္ၾက တာမ်ိဳး၊ ဒင္နာ စားၾကတာမ်ိဳးေတြ လုပ္ျဖစ္တယ္ ဆုိရင္ေတာ့ ဒါဟာလည္း သင္တို႔ ႏွစ္ဦးကို ဘယ္ေတာ့မွ ျပတ္ေတာက္ မသြားေစဖုိ႔ ျဖစ္ႏို္င္ေခ်မ်ားတဲ့ အခ်က္တခု ပါပဲ ။

(6) ရုပ္ရွင္ အတူတူၾကည့္ရင္း အျမင္ေတြကို ဖလွယ္ ျဖစ္ၾကတယ္။ စာအုပ္ေတြ ဖတ္ၿပီးေတာ့လည္း ဗဟုသုတ ေဝမ်ွျဖစ္ ၾကတယ္ ။

ကိုယ့္ခ်စ္သူနဲ႔ အတူ ေပါက္ေပါက္ အတူတူစားရင္း အခ်စ္ဇာတ္လမ္းေလးေတြ၊ အိမ္ေထာင္ေရး ဇာတ္ကားေတြ ၾကည့္ျဖစ္တယ္ ။ ဇာတ္ကားအေၾကာင္းလည္း တဦးနဲ႔ တဦး ေျပာျဖစ္တယ္ ။ ဒါဟာ ႏွစ္ဦးသား နားလည္မႈ ပိုတိုးေစဖို႔ ေဖးကူတဲ့ အရာပဲေပါ့ ။

(7) စိတ္က အလုိလို ခံစားမိေနတယ္ ။

ဒီတခါေတာ့ ငါသူနဲ႔ ၿမဲၿပီ ဆိုတာ စိတ္ခံစားမႈအရ သိေနတယ္ ။ အရင္အခါေတြ တုန္းကလို မဟုတ္ဘူး ။ သူနဲ႔ဘယ္ေတာ့မွ ခြဲမွာ မဟုတ္ဘူး ဆုိၿပီး စိတ္က အလိုလို သိေနတာမ်ိဳးဟာလည္း ယံုခ်င္စရာေကာင္းတဲ့ အခ်က္ ပါပဲ ။

(8) သူငယ္ခ်င္း အေပါင္းအသင္းေတြ ကလည္း နင္တုိ႕ ႏွစ္ေယာက္ ၿမဲမွာပါ ။ သေဘာတူတယ္ စသျဖင့္ အေကာင္းေတြသာ ေျပာၾကတယ္ ။

ေဘးက လူေတြက ကိုယ္မျမင္တဲ့ အရာေတြကို ပိုျမင္တတ္ၾက ပါတယ္ ။ တခါတလ ကိုယ္က အခ်စ္လြန္ မႊန္ျပီး မျမင္တဲ့အရာေတြဆို ေဘးက လူေတြက ပုိသိေနတတ္ ၾကပါတယ္ ။ ခုတခါေတာ့ ဒီလိုမဟုတ္ပဲ ကိုယ့္သူငယ္ခ်င္း အေပါင္းအသင္းေတြ အားလံုးက သေဘာတူ အားက်ၿပီး ကိုယ့္ခ်စ္သူကို အေကာင္းပဲျမင္ ခ်စ္ခင္ၾကတယ္ ဆုိရင္ေတာ့ ဒါဟာလည္း သင္တုိ႕ကို ျမဲေစတဲ့ အခ်က္ တခ်က္ပဲေပါ့ ။

Trend

(Unicode)

သူနဲ့ ကိုယ် ချစ်ခရီး မြဲမမြဲ ဆိုတာ ဒီအချက်လေးတွေက ပြောပြပေးနိုင်တယ်

ဖူးစာပါလို့ ဆုံဆည်းလာ ကြရတဲ့ ချစ်သူနှစ်ဦး ဘယ်သူမဆို သူ့ဘက် ကိုယ့်ဘက် သစ္စာမဖောက်၊ ယုံကြည်မှု ရှိရှိ နားလည်မှု အပြည့်နဲ့ ဘဝကို ဖြတ်သန်းချင်ကြ မှာပါ ။ တချို့ အရာတွေက ကံတရားက ကြားဝင်ဖြတ်လို့ ပြတ်သွားတတ်တာမျိုး ချွင်းချက် ထားပြီး ကိုယ့်ချစ်သူဟာ ကိုယ်နဲ့ တသက် မခွဲပဲ မြဲမလားဆိုတာ သိချင်တတ်ကြ ပါတယ် ။ ဒီတော့ ချစ်သူနှစ်ဦး မြဲမမြဲ ဒီအခြေခံ ကျတဲ့ အချက်လေးတွေကို ကြည့်ပြီး ခန့်မှန်းနိုင် ပါတယ် ။

(1) တဦးနဲ့တဦး ဒီချစ်ခြင်းမေတ္တ ာအတွက် ကျေးဇူးတင် စကား ဆိုဖြစ်တယ် ။

ကိုယ့်ဘေးမှာ အမြဲရှိပေးတဲ့ အတွက်၊ ကိုယ့်ကို နားလည်ပေးတဲ့ အတွက် ကျေးဇူးတင်တယ် ဆိုတဲ့အကြောင်း သူ့ကိုရင်ထဲက လှိုက်လှိုက် လှဲလှဲကို ပြောဖြစ်တယ် ။ ချစ်တယ် ဆိုတဲ့ စကားကိုလည်း နေ့တိုင်း တခါနှစ်ခါ မက ပြောဖြစ်တယ် ဆိုရင် ဒီအတွဲဟာ မြဲဖို့ သေချာပါပြီ ။

(2) ချစ်သူကောင်လေးဟာ ကျန်းမာတယ် ။

အတွဲတတွဲမှာ ချစ်သူကောင်လေးက ကျန်းမာရေး ကောင်းတယ် ။ ကျန်းမာရေး လိုက်စားတဲ့သူ တယောက်ဆိုရင် သင်တို့အချစ်ရေးဟာ သာယာ စိုပြေမှာပါ ။ ကိုယ့်ရည်းစားက ကျန်းမာရေး ချူချာလွန်းလို့ စိတ်ဆင်းရဲရ တာမျိုး မဖြစ်တော့ဘူးပေါ့ ။ ကျန်းမာရေးကလည်း သင့်အချစ်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍ တရပ်ပဲ ဆိုတာ မမေ့ပါနဲ့ ။

(3) စကားပြောပုံ ဆိုပေါက်က အစ တူနေတယ် ။

သူနဲ့ ကိုယ်နဲ့ တူတဲ့ အချက်တွေ အများကြီး ရှိနေပါတယ် ။ သူနဲ့ တွေးခေါ်နေတဲ့ အရာတွေပါ တဖြည်းဖြည်း တူလာသလို ပြောလိုက်တဲ့ စကားတွေလည်း အတူတူ ဖြစ်နေတတ်တယ် ။ စကားပြောပုံ ဆိုပေါက် ကလည်း တူနေပြီ ဆိုရင်တော့ ဒါဟာ အဆုံးထိ လက်တွဲရမယ့် သူတွေ ပဲပေါ့ ။

(4) အမြဲတမ်း နမ်းဖြစ်တယ် ။

တလကို တခါလောက် နမ်းတာမျိုး မဟုတ်ပဲ သူနဲ့ တွေ့တိုင်း နှစ်ဦးသား ကြည်ကြည် နူးနူး အနမ်းခြွေဖြစ်တယ် ဆိုရင်လည်း ဒါဟာ သံယောဇဉ်ကြိုးကို တိုးစေတာပဲလေ ။ ဒါ မြဲမယ့် အချက်ပဲပေါ့ ။

(5) သူငယ်ချင်း စုံတွဲနဲ့ အတူ အပြင် ထွက်လည် ဖြစ်တယ် ။

ကိုယ်တွေချည်းပဲ မဟုတ်ပဲ သူငယ်ချင်းစုံတွဲ နဲ့ပါ ရုပ်ရှင်ကြည့်ကြ တာမျိုး၊ ဒင်နာ စားကြတာမျိုးတွေ လုပ်ဖြစ်တယ် ဆိုရင်တော့ ဒါဟာလည်း သင်တို့ နှစ်ဦးကို ဘယ်တော့မှ ပြတ်တောက် မသွားစေဖို့ ဖြစ်နိုင်ချေများတဲ့ အချက်တခု ပါပဲ ။

(6) ရုပ်ရှင် အတူတူကြည့်ရင်း အမြင်တွေကို ဖလှယ် ဖြစ်ကြတယ်။ စာအုပ်တွေ ဖတ်ပြီးတော့လည်း ဗဟုသုတ ဝေမျှဖြစ် ကြတယ် ။

ကိုယ့်ချစ်သူနဲ့ အတူ ပေါက်ပေါက် အတူတူစားရင်း အချစ်ဇာတ်လမ်းလေးတွေ၊ အိမ်ထောင်ရေး ဇာတ်ကားတွေ ကြည့်ဖြစ်တယ် ။ ဇာတ်ကားအကြောင်းလည်း တဦးနဲ့ တဦး ပြောဖြစ်တယ် ။ ဒါဟာ နှစ်ဦးသား နားလည်မှု ပိုတိုးစေဖို့ ဖေးကူတဲ့ အရာပဲပေါ့ ။

(7) စိတ်က အလိုလို ခံစားမိနေတယ် ။

ဒီတခါတော့ ငါသူနဲ့ မြဲပြီ ဆိုတာ စိတ်ခံစားမှုအရ သိနေတယ် ။ အရင်အခါတွေ တုန်းကလို မဟုတ်ဘူး ။ သူနဲ့ဘယ်တော့မှ ခွဲမှာ မဟုတ်ဘူး ဆိုပြီး စိတ်က အလိုလို သိနေတာမျိုးဟာလည်း ယုံချင်စရာကောင်းတဲ့ အချက် ပါပဲ ။

(8) သူငယ်ချင်း အပေါင်းအသင်းတွေ ကလည်း နင်တို့ နှစ်ယောက် မြဲမှာပါ ။ သဘောတူတယ် စသဖြင့် အကောင်းတွေသာ ပြောကြတယ် ။

ဘေးက လူတွေက ကိုယ်မမြင်တဲ့ အရာတွေကို ပိုမြင်တတ်ကြ ပါတယ် ။ တခါတလ ကိုယ်က အချစ်လွန် မွှန်ပြီး မမြင်တဲ့အရာတွေဆို ဘေးက လူတွေက ပိုသိနေတတ် ကြပါတယ် ။ ခုတခါတော့ ဒီလိုမဟုတ်ပဲ ကိုယ့်သူငယ်ချင်း အပေါင်းအသင်းတွေ အားလုံးက သဘောတူ အားကျပြီး ကိုယ့်ချစ်သူကို အကောင်းပဲမြင် ချစ်ခင်ကြတယ် ဆိုရင်တော့ ဒါဟာလည်း သင်တို့ကို မြဲစေတဲ့ အချက် တချက်ပဲပေါ့ ။

Trend

LEAVE A REPLY

Please enter your comment!
Please enter your name here