0
2053
(Zawgyi)
(Unicode)
ဝ တဲ့ အမျိုးသမီးတွေကို ရွေးချယ်ပြီး လက်ထပ်သူတွေဟာ ပိုမိုပျော်ရွှင်ရကြောင်း လေ့လာတွေ့ရှိ
National Autonomous University of Mexico တက္ကသိုလ်ရဲ့ စိတ်ပညာဌာနမှ သုတေသနပြုလုပ်ချက်အရ ဝတဲ့ အမျိုးသမီးတွေကို လက်ထပ် ထားတဲ့ ၊ အိမ်ရှင်မက ပြည့်ပြည့် ဖြိုးဖြိုးနဲ့ ဝဝတုတ်တုတ်လေး ဖြစ်နေတဲ့ အမျိုးသားတွေဟာ ပိန်တဲ့ အမျိုးသမီးတွေကို လက်ထပ်ထားသူတွေ ထက် ပိုပြီး ပျော်ရွှင်ရကြောင်း လေ့လာတွေ့ရှိခဲ့ ပါတယ် ။
ဝတဲ့ အမျိုးသမီးတွေဟာ အိမ်ထောင်ဖက်ကို ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်လို့ ဖိအားပေးနေမယ့် သူတွေ မဟုတ်ပါဘူး ။ ဒါ့အပြင် အစားအသောက်တွေ ကိုလည်း ဟိုရှောင် ဒီရှောင် လုပ်ခိုင်းတာမျိုး မရှိဘဲ ထမင်းဟင်းတွေ ကောင်းကောင်း ချက်ပြီး ခင်ပွန်းသည်နဲ့ အတူတူ ပျော်ပျော်ကြီး အတူတူစားပေးမယ့် သူတွေ ဖြစ်နေလို့ပါ ။
ဒါတင် မကသေးပါဘူး ။ ဝတဲ့အမျိုးသမီးတွေဟာ ဟာသဉာဏ် ရွှင်တဲ့သူတွေ ဖြစ်တာကြောင့် အမြဲလိုလို ရယ်စရာတွေကို ဖန်တီးတတ်တဲ့ အပြင် တဖက်သားကို အမြဲတမ်း ပြုံးရယ်အောင် လုပ်တတ်တဲ့ သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နားမှာ နေရင် အမြဲတမ်းလိုလို ပျော်ရွှင်နေရမှာ ဖြစ်ပါတယ် ။
ဝတဲ့ အမျိုးသမီးတွေဟာ ပွေ့ဖက်လိုက်တဲ့ အခါမှာလည်း ပိုနွေးထွေးတဲ့ ခံစားချက်မျိုးကို ပေးနိုင်သူတွေ ဖြစ်ပြီး သူတို့အနားမှာ နေရင် စိတ်ထဲမှာ လုံခြုံနွေးထွေးမှုကို ပိုပြီး ခံစားရစေ ပါတယ် ။ ခင်ပွန်းသည် အပေါ်ကို သစ္စာရှိရုံသာ မက သားသမီးတွေ ရလာတဲ့ အခါမှာလည်း မိခင်ကောင်းဖြစ်လာမယ့်သူတွေဖြစ်ပါတယ် ။
လှဖို့ပဖို့၊ ခန္ဓာကိုယ် ထိန်းသိမ်းဖို့ထက် သားသမီးတွေကို ရှေ့တန်းတင်ပြီး ရင်အုပ်မကွာ စောင့်ရှောက်ကာ မေတ္တာဓာတ် အပြည့် ပေးနိုင်တဲ့ မိခင်ကောင်းတွေ ဖြစ်လာခြေ ပိုများတာကြောင့် ဝဝလေးတွေကို ရွေးချယ်တဲ့ အမျိုးသားတွေက အိမ်ထောင်ရေးမှာ ပိုမို ပျော်ရွှင်ရတာ ဖြစ်တယ်လို့ အဖြေထွက်လာတာ ဖြစ်ပါတယ် ။
LEAVE A REPLY
Please enter your comment!
Please enter your name here