ဝတဲ့သူေလးေတြ ေသခ်ာေလးဖတ္ေပးပါ

0
10027

Weight loss..

ဝိတ္ခ်တဲ့ အေၾကာင္းေလး ေျပာရင္း ေခါင္းထဲ ေပၚလာတာေလး ေရးမယ္ေနာ္..။ ပတ္ဝန္းက်င္မွာ (မိသားစု၊ မိတ္ေဆြ၊ လုပ္ေဖာ္ကိုင္ဖက္၊ သူငယ္ခ်င္း၊ အိမ္နီးခ်င္း စသျဖင့္) တခိ်ဳ႕ေတြ ဝၾကတယ္။ ဝတဲ့အေၾကာင္းကို ၂ မိ်ဳး ခဲြေျပာပါမယ္။

ပထမ တစ္ခုက အလြန္အမင္း ဝတာပါ။ ၾကည့္လိုက္တာႏွင့္ မ်က္ႏွာကေန ေျခေထာက္ထိ အကုန္ ဝေနတာမိ်ဳး။ ဒါမိ်ဳးကို ဝတယ္ လို႔ ပတ္ဝန္းက်င္ကေရာ သူကိုယ္တိုင္ကပါ လက္ခံထားပါတယ္။ အဲ့လို လူမ်ိဳးေတြကို  အၿမဲ ဝိတ္ခ်ဖို႔ တိုက္တြန္း တတ္ပါတယ္။ ဒါကို တခိ်ဳ႕က သူက ပိန္ေတာ့ ငါဝတာကို ႏွိမ္တယ္ ထင္ၾကတယ္။ ငါ့ဖာသာ ဝတာ သူ႔အပူလား။ ငါဖာသာ စားႏိုင္ေသာက္ႏိုင္လို႔ ဝတာ ဆိုၿပီး ညိဳညင္ၾကပါတယ္။ အမွန္ေတာ့  ခ်စ္လို႔ေျပာတာပါ။  မခ်စ္ရင္ မခင္ရင္ ဟန္ေဆာင္ၿပီးေတာင္ စကားေျပာတတ္တဲ့ သူမဟုတ္ပါဘူး။ လူ႔ဘဝ တိုတိုေလးကို မခ်စ္သူေတြ အတြက္ အခိ်န္ မေပးႏိုင္ဘူးေလ။

ဒါ့ေၾကာင့္ ဒီေနရာမွာ တခါတည္း ေျပာပါမယ္..။ ဝ သည္ျဖစ္ေစ ပိန္သည္ ျဖစ္ေစ #သင့္အ႐ိုးက_ ဒီအ႐ိုးပါပဲ။ ••အ႐ိုးက ဝ မလာပါဘူး။ ဒီလိုပါပဲ ပိန္ရင္လဲ အ႐ိုးက လိုက္မပိန္ပါဘူး။ ကဲ ဒီေတာ့ သာမာန္ လူတေယာက္ရဲ႕ ခႏၶာကိုယ္က အသားေတြ အဆီေတြကို သတ္သတ္ ခဲြထုတ္လိုက္ရင္ ဆန္အိတ္ တအိတ္စာ ရွိတယ္ ဆိုပါေတာ့.. ။

အဲ့ဒီေတာ့ သူ႔အ႐ိုးက ဆန္အိတ္ တစ္အိတ္စာ ေန႔စဥ္ ထမ္းထားရတာေပါ့။ အကယ္၍ သူက အဝလြန္ၿပီး ဆန္အိတ္ ၅ အိတ္စာ ျဖစ္ေနတယ္ဆိုရင္ ဒီအ႐ိုးကပဲ ဆန္အိတ္ ၅ အိတ္ထမ္းရမွာ။ ဆန္အိတ္ကမွ ပင္ပန္းရင္ ေအာက္ခ်ထားလို႔ရတယ္။ လူကိုယ္က အဆီေတြက ခဏျဖဳတ္ထားလို႔ မရဘူး။ စားစား သြားသြား၊ အိပ္တာျဖစ္ျဖစ္၊ ေရခိ်ဳး၊ ေက်ာင္းသြား၊ လိုင္းကားစီး၊ ဆိုက္ကားစီး ၊ ေနာက္ဆံုး အိမ္သာတက္တာေတာင္ သယ္ထားရတာ မဟုတ္လား?

အဲ့ဒီေတာ့ ကိုယ့္အ႐ိုးကို သနားရင္ ေလ်ာ့က်ပါ။  ဝတာၾကာလာရင္ Metabolism က်လာၿပီး ပိုဝလာမယ္။ ဝိတ္ခ်ဖို႔ ပိုခက္မယ္။ အဆိုးဆံုးက စားသမွ် အဆီပဲ ျဖစ္ေနၿပီး အားမျဖစ္ေတာ့ မူးလာမယ္၊ အားနည္းမယ္။

က်ားကိုးစီး စားမကုန္ပဲ မူးေနေသးတယ္ လို႔ လူေတြက တမိ်ဳးထင္မယ္။ လူပိန္းစကား ေျပာရရင္ metabolism က ကိုယ္ထဲက အဆီေတြ၊ အသားေတြ ကို energy (အားအင္) ျဖစ္ဖို႔ ေလာင္ကၽြမ္းေပးတာပါ။ energy ဆိုတာက လမ္းေလ်ာက္တာ၊ အိပ္တာ ကအစ အကုန္လံုးမွာ လိုအပ္ေနတယ္။ ကားအင္ဂ်င္လိုေပါ့။ လူေတြ အသက္ရွင္ဖို႔ energy လိုအပ္ေနတယ္ေလ။

ဒီ Metabolism က က်လာၿပီဆိုရင္ သူက burning လုပ္ဖို႔ ရွာမေတြ႕ေတာ့ဘူး။ အစာအိမ္တခုပဲ သူသိေတာ့တယ္။ အစာအိမ္ထဲက အစာကို ေခ်ဖ်က္မယ္။ အစာကုန္သြားရင္ မဖ်က္ေတာ့ဘူး။ တျခားေနရာက အဆီေတြ အသားေတြ ကို မေတြ႕ေတာ့ဘူး။ အဲ့အဆီအသားေတြက လဲ သူကပဲ အစာထဲကေန စုပ္ယူၿပီ ကိုယ္ထဲသိမ္းထားတာ။ ဒါေပမယ့္ သူက အတိတ္ေမ့သြားတယ္။

တျဖည္းျဖည္း သူက အစာေတြစုလိုက္ ဆာလိုက္ burning လုပ္ဖို႔မေတြ႕ေတာ့ မူးလိုက္ေမာ္လိုက္၊ ေခၽြးေတြထြက္လိုက္၊ လူကလဲ စားမွ သက္သာတယ္ဆိုၿပီး ထပ္စားလိုက္၊ အသားထပ္တက္လိုက္နဲ႔ သံသရာလည္ေတာ့တာေပါ့။ အဲ့ အဆင့္မေရာက္ခင္ ကိုယ့္ဝိတ္ကိုယ္ ခ်ေပးပါ။

ကိုယ္လက္ ေလ့က်င့္ခန္း လုပ္ေပးျခင္းက Metabolism ကို တိုးတက္ေစတဲ့ အတြက္ ဝိတ္မခ်ခ်င္ရင္ေတာင္ အနည္းဆံုး တပတ္ ၃ ရက္ ေလာက္ေတာ့ ကိုယ္လက္ေလ့က်င့္ခန္း လုပ္ေပးပါ။

တခိ်ဳ႕က ဘယ္သူက ဝခ်င္မလဲ။ ဘယ္လိုခ်ခ် မရလို႔ေပါ့ ဆိုတာ ရွိေသးတယ္။ တကယ္ မျဖစ္ခ်င္ေသးလို႔ပါ လို႔ပဲ ေျပာပါရေစ။ တကယ္ျဖစ္ခ်င္ ျဖစ္ပါတယ္။ အပင္ပန္း မခံႏိုင္လို႔ တို႔၊ အခိ်န္မအားလို႔ ဆိုတာ အေၾကာင္းျပခ်က္ေတြပါ။ Facebook သံုးဖို႔၊ TV ၾကည့္ဖို႔ အခိ်န္ေပးႏိုင္ ၾကတယ္။ ေလ့က်င့္ခန္း လုပ္ဖို႔ အခိ်န္မေပးႏိုင္တာ အံ့ၾသလြန္းလို႔ပါ။

ေန႔တိုင္း ေရခိ်ဳးၾကပါတယ္။ ေရမခိ်ဳးခင္ ျဖစ္ေစ။ ေရခိ်ဳးခန္းထဲ ျဖစ္ေစ ထိုင္ထ လုပ္တာမိ်ဴး ၅ မိနစ္ ေလာက္ လုပ္ၾကည့္ရင္း အစပိ်ဳးလိုက္ရင္ တျဖည္းျဖည္း က်င့္သား ရသြားပါလိမ့္မယ္။ ေရမခိ်ဳးရင္ေတာ့ မေျပာတတ္ဘူးေပါ့ေနာ္။ ဒါက အရမ္းဝသူေတြ အတြက္ပါ။

ဒုတိယတမိ်ဳးကေတာ့ အဆီမ်ားတဲ့ ေနရာေတြပဲ ကြက္ဝတာ။ ဗိုက္၊ ခါး၊ တင္၊ ေပါင္၊ လက္ေမာင္း စသည္ျဖင့္ေပါ့။ တခိ်ဳ႕က လူပိန္တယ္ တေနရာတည္း ကြက္ဝတာ။ အမ်ားစုက ဗိုက္ပူတာေပါ့ေလ။ ကၽြန္မဆို ဗိုက္ပူတာ မွန္ေပမယ့္ ဗိုက္ထက္ပို အဆီစုတာက လက္ျပင္။ weight တက္ၿပီဆို စတက္တာ လက္ျပင္ ၿပီးရင္ ခါး အေနာက္ဘက္က အဆီျပင္ ေနာက္မွ ဗိုက္တက္တာ။

ဒါမိ်ဳး လူေတြက ခ်ဖို႔ ပိုပ်င္းၾကတယ္ဆို ယံုမလား?

မွန္ေရွ႕ ရပ္ၿပီး ေအာ္ ငါဗိုက္ပူေနပါလား။ ခ်ရမယ္လို႔ ေတြးေပမယ္။ မွန္ေရွ႕က ခြာတာႏွင့္ ေအာ္ငါက ဗိုက္ေလးပဲ ပူတာပါ က်န္တာက လွၿပီးသား ျဖစ္သြားေရာ။ ဒီလိုလူေတြက ေတာ့ ပိန္ဖို႔ အာရံုမစိုက္ပဲ က်န္းမာဖို႔ အာရံုစိုက္ပါ။ ကိုယ့္ကိုယ္ကိုအသိဆံုးပါ။ ခါးနာလား ဒူးနာေနလား ဆိုတဲ့ ေရာဂါေတြ အျပင္ အသက္ကို ၾကည့္ပါ။ ငါႏွင့္ Level တန္းမွာ ငါ့အေျခအေနက ဘယ္လိုလဲ။ ၿပိဳင္ဖို႔ေျပာတာ မဟုတ္ဘူး။ ကိုယ့္က်န္းမာေရးကို ဆန္းစစ္ဖို႔ ေျပာတာ။

ခႏၶာကိုယ္က လူ​​ေတြရဲ့ ဖြားဖက္ေတာ္ပါ။ ေမြးကတည္းက အတူႀကီးလာတာ။ တခါမွ ခဲြခြာ မေနဖူးသလို။ တခါမွလဲ spare parts မလဲခဲ့ပါဘူး။ လဲစရာလဲ အပို မပါပါဘူး။ ဒီေတာ့ ကိုယ့္ခႏၶာကိုယ္ကို ကိုယ္မွ ဂ႐ုမစိုက္ခ်င္ရင္ ဘယ္သူက ဂ႐ုစိုက္ပါ့မလဲ?။

ေငြကို အသည္းအသန္ ရွာၾကတယ္။ က်န္းမာေရးက ေနာက္မွ။ ေနမေကာင္း ျဖစ္ေတာ့မွ လူမေသ ေငြမရွား ဆိုၿပီး ရွာထားသမွ် ကုန္ေအာင္ ကုၾကျပန္ေရာ။ ေကာင္းသြားေတာ့ ေငြျပန္ ရွာၾကျပန္ေရာ။ Steve Jobs ကိုၾကည့္။ သူ႔ေလာက္ခ်မ္းသာေအာင္ ရွာႏိုင္ရင္ေတာင္ သူလိုပဲ ေသႏိုင္ေသးတာပဲေလ။ သူ႔ေငြေတြက သူ႔ကိုယ္ မကယ္ႏိုင္ဘူး။

ေနာက္ တခုက က်န္းမာေရးနဲ႔ အလွအပက တိုက္႐ိုက္ အခိ်ဳးက်တယ္ေနာ္။ ဘယ္ေလာက္ပဲ မိတ္ကပ္ေတြ လိမ္း၊ Skin care ေတြလုပ္၊body spa ေတြသြားေနလဲ မက်န္းမာရင္ မ်က္ကြင္းႀကီးညိဳၿပီး ေမ်ာက္အိုမႀကီးလို ျဖစ္ေနတတ္တယ္။ မိတ္ကပ္ အားကိုးလြန္းရင္လဲ အေရးအေၾကာင္းေတြ ပိုၿပီးေစာေစာ ေပၚလာတတ္တယ္။ မိတ္ကပ္ မပါရင္ ႀကည့္မေကာင္းေတာ့ဘူး။

ဒီေတာ့ အသက္ရလာတာနဲ႔ အမွ် သဘာဝ အတိုင္းေလး လွေနဖို႔ အသက္ ႏွင့္အညီ ရင့္က်က္တဲ့ အလွေပၚလြင္ဖို႔က ကိုယ္တြင္း ကိုယ္ျပင္ စိတ္တြင္းစိတ္ျပင္ က်န္းမာဖို႔ အေရးအႀကီးဆံုးပါ လို႔ ေျပာရင္း…။

DMY

(Unicode)

Weight loss..

ဝိတ်ချတဲ့ အကြောင်းလေး ပြောရင်း ခေါင်းထဲ ပေါ်လာတာလေး ရေးမယ်နော်..။ ပတ်ဝန်းကျင်မှာ (မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ အိမ်နီးချင်း စသဖြင့်) တချို့တွေ ဝကြတယ်။ ဝတဲ့အကြောင်းကို ၂ မျိုး ခွဲပြောပါမယ်။

ပထမ တစ်ခုက အလွန်အမင်း ဝတာပါ။ ကြည့်လိုက်တာနှင့် မျက်နှာကနေ ခြေထောက်ထိ အကုန် ဝနေတာမျိုး။ ဒါမျိုးကို ဝတယ် လို့ ပတ်ဝန်းကျင်ကရော သူကိုယ်တိုင်ကပါ လက်ခံထားပါတယ်။ အဲ့လို လူမျိုးတွေကို  အမြဲ ဝိတ်ချဖို့ တိုက်တွန်း တတ်ပါတယ်။ ဒါကို တချို့က သူက ပိန်တော့ ငါဝတာကို နှိမ်တယ် ထင်ကြတယ်။ ငါ့ဖာသာ ဝတာ သူ့အပူလား။ ငါဖာသာ စားနိုင်သောက်နိုင်လို့ ဝတာ ဆိုပြီး ညိုညင်ကြပါတယ်။ အမှန်တော့  ချစ်လို့ပြောတာပါ။  မချစ်ရင် မခင်ရင် ဟန်ဆောင်ပြီးတောင် စကားပြောတတ်တဲ့ သူမဟုတ်ပါဘူး။ လူ့ဘဝ တိုတိုလေးကို မချစ်သူတွေ အတွက် အချိန် မပေးနိုင်ဘူးလေ။

ဒါ့ကြောင့် ဒီနေရာမှာ တခါတည်း ပြောပါမယ်..။ ဝ သည်ဖြစ်စေ ပိန်သည် ဖြစ်စေ #သင့်အရိုးက_ ဒီအရိုးပါပဲ။ ••အရိုးက ဝ မလာပါဘူး။ ဒီလိုပါပဲ ပိန်ရင်လဲ အရိုးက လိုက်မပိန်ပါဘူး။ ကဲ ဒီတော့ သာမာန် လူတယောက်ရဲ့ ခန္ဓာကိုယ်က အသားတွေ အဆီတွေကို သတ်သတ် ခွဲထုတ်လိုက်ရင် ဆန်အိတ် တအိတ်စာ ရှိတယ် ဆိုပါတော့.. ။

အဲ့ဒီတော့ သူ့အရိုးက ဆန်အိတ် တစ်အိတ်စာ နေ့စဉ် ထမ်းထားရတာပေါ့။ အကယ်၍ သူက အဝလွန်ပြီး ဆန်အိတ် ၅ အိတ်စာ ဖြစ်နေတယ်ဆိုရင် ဒီအရိုးကပဲ ဆန်အိတ် ၅ အိတ်ထမ်းရမှာ။ ဆန်အိတ်ကမှ ပင်ပန်းရင် အောက်ချထားလို့ရတယ်။ လူကိုယ်က အဆီတွေက ခဏဖြုတ်ထားလို့ မရဘူး။ စားစား သွားသွား၊ အိပ်တာဖြစ်ဖြစ်၊ ရေချိုး၊ ကျောင်းသွား၊ လိုင်းကားစီး၊ ဆိုက်ကားစီး ၊ နောက်ဆုံး အိမ်သာတက်တာတောင် သယ်ထားရတာ မဟုတ်လား?

အဲ့ဒီတော့ ကိုယ့်အရိုးကို သနားရင် လျော့ကျပါ။  ဝတာကြာလာရင် Metabolism ကျလာပြီး ပိုဝလာမယ်။ ဝိတ်ချဖို့ ပိုခက်မယ်။ အဆိုးဆုံးက စားသမျှ အဆီပဲ ဖြစ်နေပြီး အားမဖြစ်တော့ မူးလာမယ်၊ အားနည်းမယ်။

ကျားကိုးစီး စားမကုန်ပဲ မူးနေသေးတယ် လို့ လူတွေက တမျိုးထင်မယ်။ လူပိန်းစကား ပြောရရင် metabolism က ကိုယ်ထဲက အဆီတွေ၊ အသားတွေ ကို energy (အားအင်) ဖြစ်ဖို့ လောင်ကျွမ်းပေးတာပါ။ energy ဆိုတာက လမ်းလျောက်တာ၊ အိပ်တာ ကအစ အကုန်လုံးမှာ လိုအပ်နေတယ်။ ကားအင်ဂျင်လိုပေါ့။ လူတွေ အသက်ရှင်ဖို့ energy လိုအပ်နေတယ်လေ။

ဒီ Metabolism က ကျလာပြီဆိုရင် သူက burning လုပ်ဖို့ ရှာမတွေ့တော့ဘူး။ အစာအိမ်တခုပဲ သူသိတော့တယ်။ အစာအိမ်ထဲက အစာကို ချေဖျက်မယ်။ အစာကုန်သွားရင် မဖျက်တော့ဘူး။ တခြားနေရာက အဆီတွေ အသားတွေ ကို မတွေ့တော့ဘူး။ အဲ့အဆီအသားတွေက လဲ သူကပဲ အစာထဲကနေ စုပ်ယူပြီ ကိုယ်ထဲသိမ်းထားတာ။ ဒါပေမယ့် သူက အတိတ်မေ့သွားတယ်။

တဖြည်းဖြည်း သူက အစာတွေစုလိုက် ဆာလိုက် burning လုပ်ဖို့မတွေ့တော့ မူးလိုက်မော်လိုက်၊ ချွေးတွေထွက်လိုက်၊ လူကလဲ စားမှ သက်သာတယ်ဆိုပြီး ထပ်စားလိုက်၊ အသားထပ်တက်လိုက်နဲ့ သံသရာလည်တော့တာပေါ့။ အဲ့ အဆင့်မရောက်ခင် ကိုယ့်ဝိတ်ကိုယ် ချပေးပါ။

ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပေးခြင်းက Metabolism ကို တိုးတက်စေတဲ့ အတွက် ဝိတ်မချချင်ရင်တောင် အနည်းဆုံး တပတ် ၃ ရက် လောက်တော့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။

တချို့က ဘယ်သူက ဝချင်မလဲ။ ဘယ်လိုချချ မရလို့ပေါ့ ဆိုတာ ရှိသေးတယ်။ တကယ် မဖြစ်ချင်သေးလို့ပါ လို့ပဲ ပြောပါရစေ။ တကယ်ဖြစ်ချင် ဖြစ်ပါတယ်။ အပင်ပန်း မခံနိုင်လို့ တို့၊ အချိန်မအားလို့ ဆိုတာ အကြောင်းပြချက်တွေပါ။ Facebook သုံးဖို့၊ TV ကြည့်ဖို့ အချိန်ပေးနိုင် ကြတယ်။ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်မပေးနိုင်တာ အံ့သြလွန်းလို့ပါ။

နေ့တိုင်း ရေချိုးကြပါတယ်။ ရေမချိုးခင် ဖြစ်စေ။ ရေချိုးခန်းထဲ ဖြစ်စေ ထိုင်ထ လုပ်တာမျိူး ၅ မိနစ် လောက် လုပ်ကြည့်ရင်း အစပျိုးလိုက်ရင် တဖြည်းဖြည်း ကျင့်သား ရသွားပါလိမ့်မယ်။ ရေမချိုးရင်တော့ မပြောတတ်ဘူးပေါ့နော်။ ဒါက အရမ်းဝသူတွေ အတွက်ပါ။

ဒုတိယတမျိုးကတော့ အဆီများတဲ့ နေရာတွေပဲ ကွက်ဝတာ။ ဗိုက်၊ ခါး၊ တင်၊ ပေါင်၊ လက်မောင်း စသည်ဖြင့်ပေါ့။ တချို့က လူပိန်တယ် တနေရာတည်း ကွက်ဝတာ။ အများစုက ဗိုက်ပူတာပေါ့လေ။ ကျွန်မဆို ဗိုက်ပူတာ မှန်ပေမယ့် ဗိုက်ထက်ပို အဆီစုတာက လက်ပြင်။ weight တက်ပြီဆို စတက်တာ လက်ပြင် ပြီးရင် ခါး အနောက်ဘက်က အဆီပြင် နောက်မှ ဗိုက်တက်တာ။

ဒါမျိုး လူတွေက ချဖို့ ပိုပျင်းကြတယ်ဆို ယုံမလား?

မှန်ရှေ့ ရပ်ပြီး အော် ငါဗိုက်ပူနေပါလား။ ချရမယ်လို့ တွေးပေမယ်။ မှန်ရှေ့က ခွာတာနှင့် အော်ငါက ဗိုက်လေးပဲ ပူတာပါ ကျန်တာက လှပြီးသား ဖြစ်သွားရော။ ဒီလိုလူတွေက တော့ ပိန်ဖို့ အာရုံမစိုက်ပဲ ကျန်းမာဖို့ အာရုံစိုက်ပါ။ ကိုယ့်ကိုယ်ကိုအသိဆုံးပါ။ ခါးနာလား ဒူးနာနေလား ဆိုတဲ့ ရောဂါတွေ အပြင် အသက်ကို ကြည့်ပါ။ ငါနှင့် Level တန်းမှာ ငါ့အခြေအနေက ဘယ်လိုလဲ။ ပြိုင်ဖို့ပြောတာ မဟုတ်ဘူး။ ကိုယ့်ကျန်းမာရေးကို ဆန်းစစ်ဖို့ ပြောတာ။

ခန္ဓာကိုယ်က လူတွေရဲ့ ဖွားဖက်တော်ပါ။ မွေးကတည်းက အတူကြီးလာတာ။ တခါမှ ခွဲခွာ မနေဖူးသလို။ တခါမှလဲ spare parts မလဲခဲ့ပါဘူး။ လဲစရာလဲ အပို မပါပါဘူး။ ဒီတော့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်မှ ဂရုမစိုက်ချင်ရင် ဘယ်သူက ဂရုစိုက်ပါ့မလဲ?။

ငွေကို အသည်းအသန် ရှာကြတယ်။ ကျန်းမာရေးက နောက်မှ။ နေမကောင်း ဖြစ်တော့မှ လူမသေ ငွေမရှား ဆိုပြီး ရှာထားသမျှ ကုန်အောင် ကုကြပြန်ရော။ ကောင်းသွားတော့ ငွေပြန် ရှာကြပြန်ရော။ Steve Jobs ကိုကြည့်။ သူ့လောက်ချမ်းသာအောင် ရှာနိုင်ရင်တောင် သူလိုပဲ သေနိုင်သေးတာပဲလေ။ သူ့ငွေတွေက သူ့ကိုယ် မကယ်နိုင်ဘူး။

နောက် တခုက ကျန်းမာရေးနဲ့ အလှအပက တိုက်ရိုက် အချိုးကျတယ်နော်။ ဘယ်လောက်ပဲ မိတ်ကပ်တွေ လိမ်း၊ Skin care တွေလုပ်၊body spa တွေသွားနေလဲ မကျန်းမာရင် မျက်ကွင်းကြီးညိုပြီး မျောက်အိုမကြီးလို ဖြစ်နေတတ်တယ်။ မိတ်ကပ် အားကိုးလွန်းရင်လဲ အရေးအကြောင်းတွေ ပိုပြီးစောစော ပေါ်လာတတ်တယ်။ မိတ်ကပ် မပါရင် ကြည့်မကောင်းတော့ဘူး။

ဒီတော့ အသက်ရလာတာနဲ့ အမျှ သဘာဝ အတိုင်းလေး လှနေဖို့ အသက် နှင့်အညီ ရင့်ကျက်တဲ့ အလှပေါ်လွင်ဖို့က ကိုယ်တွင်း ကိုယ်ပြင် စိတ်တွင်းစိတ်ပြင် ကျန်းမာဖို့ အရေးအကြီးဆုံးပါ လို့ ပြောရင်း…။

DMY

LEAVE A REPLY

Please enter your comment!
Please enter your name here