သင့္လက္ဖ၀ါးေပၚက H Line ပုံစံေလး အေၾကာင္း

0
1682

(Zawgyi)

H line on your palm လကၡဏာ အေရးေၾကာင္း

မထင္မွတ္ပဲ သူမ်ားတင္ထားတာ တခု ေတြ႔လို႔ပါ။ ကြ်န္ေတာ္က လကၡဏာ အေၾကာင္း မသိပါ။ ငယ္ငယ္တုန္းကေတာ့ ကိုင္ရို စာအုပ္ေတြ ဖတ္ခဲ့ဘူးတယ္။ စာမွန္မွ် အနားရွိတာ အကုန္ ဖတ္တာ။ ကံေကာင္းခ်င္ေတာ့ အကိုႀကီးက စာအုပ္ေတြ လိုက္ရွာ စုတယ္။ ထင္းရႈး ေသတၲာႀကီးနဲ႔ အနည္းဆံုး ေလးလံုး အျပည့္။

တျခားသူေတြ ျမန္မာလို တင္ထားတာက M အမ္ အေရး အေၾကာင္းတဲ့။ ကြ်န္ေတာ္က အဂၤလိပ္လို ေရးထားတဲ့ H အိတ္ခ်္ကို ရွာဖတ္တယ္။ X ဆိုတာလည္း ရွိေသးတယ္။ လကၡဏာ ပညာရွင္ေတြက လက္ဝါးေပၚက အေရးအေၾကာင္းတိုင္းရဲ႕ ထူးျခားမႈေတြကို သုေတသနျပဳျပီး ဆန္းစစ္ေလ့လာ ဖတ္ၾကားေပးၾကတယ္။

လိုင္း အကုန္လံုးမွာ သီးျခား ဆန္းျပားတာေတြ ရွိသတဲ့။ အေရးအေၾကာင္း တခုနဲ႔တခု ျဖတ္ျခင္းေတြမွာလည္း ထူးျခားတာေတြရွိသတဲ့။ H line က အဓိကလိုင္း သံုးခုၾကားမွာ ရွိတယ္။ အဓိကလိုင္းသံုးခုဆိုတာ ဟဒ္ ေခၚ ႏွလံုးသား၊ လပ္ခ္ ေခၚ ကံၾကမၼာနဲ႔ ဟဒ္ ေခၚ ဦးေႏွာက္ကိုေခၚပါသတဲ့။ အဲတာေတြနဲ႔ အိတ္ခ်္လိုင္းက ဆက္စပ္ေနသတဲ့။ ဖက္ရွင္တမ်ိဳးျဖစ္တယ္တဲ့။

အဲလို လူဟာ ကံၾကမၼာမွာ ေအာင္ျမင္တဲ့ အေျပာင္းအလဲေတြ ျဖစ္ၾကံဳရပါမယ္တဲ့။ အထူးသျဖင့္ အသက္ ၄ဝ ေက်ာ္ရင္လို႔ ဆိုပါတယ္။ သူတို႔ဟာ အဲလိုအေရးပါတဲ့အခ်ိန္ကာလမွာ ယူတန္း ေခၚ ဂငယ္ေကြ႔ ေကြ႔ၾကတယ္။ အေကာင္းဆံုးကို ဦးတည္တယ္။ အဲဒီပန္းတိုင္ဆီ ေရာက္ဘို႔ရာ အခက္အခဲေပါင္းမ်ားစြာကို ရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ရပါလိမ့္မယ္။ ေဆာရီး။

ဝင္ေငြရလမ္း ရုတ္ရက္ ျမင့္တက္လာႏိုင္တာမ်ိဳး ရွိပါမယ္။ ကြန္ဂရက္ က်ဴေလးရွင္း။ အဲဒီ ကာလ မတိုင္မီကေတာ့ သူ႔ရဲ႕အလုပ္ၾကိဳးစားမႈနဲ႔ စြမ္းေဆာင္မႈေတြဟာ အရာမထင္ ျဖစ္ခဲ့ပါလိမ့္မယ္။ ေဆာရီး။ အသက္ ၄ဝ ေက်ာ္လာၿပီ ဆိုရင္ေတာ့ ေကာင္းလာၿပီတဲ့။ သူတို႔သဘာဝဟာ အီမိုးရွင္း ေခၚ စိတ္ခံစားမႈ ၾကီးၾကတယ္ လြန္ကဲၾကတယ္တဲ့။ သတိထားပါေလ။

သူ႔အနားက လူေတြကို ကူညီတတ္ ၾကတယ္။ သူမ်ား ဒုကၡေတြကို ကင္းေစေအာင္ လုပ္ကိုင္ေပးၾကတယ္။ သူ႔ကို ရက္ေရာသူလို႔ တျခားလူေတြက အကဲျဖတ္ ၾကလိမ့္မယ္။ ေကာင္းတယ္။

အိတ္ခ်္လိုင္း ပါေနသူဟာ ဘဝတေလွ်ာက္လံုး အခက္အခဲေတြေတာ့ တေပြ႔တပိုက္ႀကီး ရင္ဆိုင္ ေက်ာ္လႊားရရွာတယ္။ ငယ္ရာကေန ၾကီးျပင္းလာခ်ိန္မွာ ပိုမ်ားပါလိမ့္မယ္။ တသက္လံုး ဆန္႔က်င္သူေတြနဲ႔ အျမဲရင္ဆိုင္ရတယ္။ ေဆာရီး။

သူတို႔ဟာ သူတို႔ ခ်စ္ခင္ျမတ္ႏိုးသူေတြအတြက္ ဘာမဆို လုပ္ေပးလိုစိတ္ ထားတယ္။ အဲလို ကူညီဘို႔ရာ ႏွစ္ခါျပန္ စဥ္းစားမေနဘူးတဲ့။ သူ႔ဘက္မွာ ကံၾကမၼာက အၿမဲ မေကာင္းမေနလည္း ေမွ်ာ္လင္ခ်က္ကို စြန္႔လႊတ္သူေတာ့ မဟုတ္ပါတဲ့။

အျပဳသေဘာ ေတြးျမင္တယ္။ အလြန္အလုပ္ ႀကိဳးစားသူျဖစ္တယ္။ အဲတာ သူ႔ပင္ကိုယ္ သဘာဝျဖစ္တယ္။ ဉာဏ္ရည္လည္း ထက္ျမက္တယ္။ အျမင္ စူးရွတယ္တဲ့။ ဘာသာျပန္တာသာ ျဖစ္ေၾကာင္းပါ။

ေဒါက္တာတင့္ေဆြ

(Unicode)

H line on your palm လက္ခဏာ အရေးကြောင်း

မထင်မှတ်ပဲ သူများတင်ထားတာ တခု တွေ့လို့ပါ။ ကျွန်တော်က လက္ခဏာ အကြောင်း မသိပါ။ ငယ်ငယ်တုန်းကတော့ ကိုင်ရို စာအုပ်တွေ ဖတ်ခဲ့ဘူးတယ်။ စာမှန်မျှ အနားရှိတာ အကုန် ဖတ်တာ။ ကံကောင်းချင်တော့ အကိုကြီးက စာအုပ်တွေ လိုက်ရှာ စုတယ်။ ထင်းရှုး သေတ္တာကြီးနဲ့ အနည်းဆုံး လေးလုံး အပြည့်။

တခြားသူတွေ မြန်မာလို တင်ထားတာက M အမ် အရေး အကြောင်းတဲ့။ ကျွန်တော်က အင်္ဂလိပ်လို ရေးထားတဲ့ H အိတ်ချ်ကို ရှာဖတ်တယ်။ X ဆိုတာလည်း ရှိသေးတယ်။ လက္ခဏာ ပညာရှင်တွေက လက်ဝါးပေါ်က အရေးအကြောင်းတိုင်းရဲ့ ထူးခြားမှုတွေကို သုတေသနပြုပြီး ဆန်းစစ်လေ့လာ ဖတ်ကြားပေးကြတယ်။

လိုင်း အကုန်လုံးမှာ သီးခြား ဆန်းပြားတာတွေ ရှိသတဲ့။ အရေးအကြောင်း တခုနဲ့တခု ဖြတ်ခြင်းတွေမှာလည်း ထူးခြားတာတွေရှိသတဲ့။ H line က အဓိကလိုင်း သုံးခုကြားမှာ ရှိတယ်။ အဓိကလိုင်းသုံးခုဆိုတာ ဟဒ် ခေါ် နှလုံးသား၊ လပ်ခ် ခေါ် ကံကြမ္မာနဲ့ ဟဒ် ခေါ် ဦးနှောက်ကိုခေါ်ပါသတဲ့။ အဲတာတွေနဲ့ အိတ်ချ်လိုင်းက ဆက်စပ်နေသတဲ့။ ဖက်ရှင်တမျိုးဖြစ်တယ်တဲ့။

အဲလို လူဟာ ကံကြမ္မာမှာ အောင်မြင်တဲ့ အပြောင်းအလဲတွေ ဖြစ်ကြုံရပါမယ်တဲ့။ အထူးသဖြင့် အသက် ၄ဝ ကျော်ရင်လို့ ဆိုပါတယ်။ သူတို့ဟာ အဲလိုအရေးပါတဲ့အချိန်ကာလမှာ ယူတန်း ခေါ် ဂငယ်ကွေ့ ကွေ့ကြတယ်။ အကောင်းဆုံးကို ဦးတည်တယ်။ အဲဒီပန်းတိုင်ဆီ ရောက်ဘို့ရာ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါလိမ့်မယ်။ ဆောရီး။

ဝင်ငွေရလမ်း ရုတ်ရက် မြင့်တက်လာနိုင်တာမျိုး ရှိပါမယ်။ ကွန်ဂရက် ကျူလေးရှင်း။ အဲဒီ ကာလ မတိုင်မီကတော့ သူ့ရဲ့အလုပ်ကြိုးစားမှုနဲ့ စွမ်းဆောင်မှုတွေဟာ အရာမထင် ဖြစ်ခဲ့ပါလိမ့်မယ်။ ဆောရီး။ အသက် ၄ဝ ကျော်လာပြီ ဆိုရင်တော့ ကောင်းလာပြီတဲ့။ သူတို့သဘာဝဟာ အီမိုးရှင်း ခေါ် စိတ်ခံစားမှု ကြီးကြတယ် လွန်ကဲကြတယ်တဲ့။ သတိထားပါလေ။

သူ့အနားက လူတွေကို ကူညီတတ် ကြတယ်။ သူများ ဒုက္ခတွေကို ကင်းစေအောင် လုပ်ကိုင်ပေးကြတယ်။ သူ့ကို ရက်ရောသူလို့ တခြားလူတွေက အကဲဖြတ် ကြလိမ့်မယ်။ ကောင်းတယ်။

အိတ်ချ်လိုင်း ပါနေသူဟာ ဘဝတလျှောက်လုံး အခက်အခဲတွေတော့ တပွေ့တပိုက်ကြီး ရင်ဆိုင် ကျော်လွှားရရှာတယ်။ ငယ်ရာကနေ ကြီးပြင်းလာချိန်မှာ ပိုများပါလိမ့်မယ်။ တသက်လုံး ဆန့်ကျင်သူတွေနဲ့ အမြဲရင်ဆိုင်ရတယ်။ ဆောရီး။

သူတို့ဟာ သူတို့ ချစ်ခင်မြတ်နိုးသူတွေအတွက် ဘာမဆို လုပ်ပေးလိုစိတ် ထားတယ်။ အဲလို ကူညီဘို့ရာ နှစ်ခါပြန် စဉ်းစားမနေဘူးတဲ့။ သူ့ဘက်မှာ ကံကြမ္မာက အမြဲ မကောင်းမနေလည်း မျှော်လင်ချက်ကို စွန့်လွှတ်သူတော့ မဟုတ်ပါတဲ့။

အပြုသဘော တွေးမြင်တယ်။ အလွန်အလုပ် ကြိုးစားသူဖြစ်တယ်။ အဲတာ သူ့ပင်ကိုယ် သဘာဝဖြစ်တယ်။ ဉာဏ်ရည်လည်း ထက်မြက်တယ်။ အမြင် စူးရှတယ်တဲ့။ ဘာသာပြန်တာသာ ဖြစ်ကြောင်းပါ။

ဒေါက်တာတင့်ဆွေ

LEAVE A REPLY

Please enter your comment!
Please enter your name here