သင့္ခ်စ္သူေကာင္ေလးကို မေမးသင့္တဲ့ေမးခြန္းမ်ား

0
3408

(Zawgyi)

ခ်စ္သူစုံတြဲေတြ အေနနဲ႔ ကိုယ့္ခ်စ္သူနဲ႔ ပတ္သက္ၿပီး အေသးအမႊား ေလးေတြက အစ သိခ်င္ၾကတာ သဘာဝ ပါပဲ။ ရည္းစား ဘဝ မွာပဲ ျဖစ္ျဖစ္ အိမ္ေထာင္သည္ဘဝ ေရာက္တဲ့ အခါပဲ ျဖစ္ျဖစ္ တစ္ဦးနဲ႔ တစ္ဦး ပြင့္ပြင့္လင္းလင္း ေနၿပီး အားနည္းခ်က္ အားသာခ်က္ ေတြကို သိေအာင္ ေလ့လာထား သင့္ပါတယ္။

ဒါမယ့္ တစ္ဖက္လူ စိတ္ အေႏွာင့္ယွက္ ျဖစ္ေစမယ့္ မေျဖခ်င္တဲ့ ေမးခြန္းမ်ဳိးေတြကို ေရွာင္သင့္ရင္ ေရွာင္ရပါမယ္။ ခ်စ္သူ မိန္းကေလးေတြ အေနနဲ႔ ကိုယ့္ခ်စ္သူ ကိုယ့္ေကာင္ေလးကို ဒီလို ေမးခြန္းမ်ိဳးေတြ ေမးမယ္ ဆိုရင္ေတာ့ သင္တို႔ရဲ႕ ခ်စ္သူ ေကာင္ေလးက မေျဖခ်င္မွာ အေသခ်ာ ပါပဲ။

(1) ရည္းစားေဟာင္းက ဘာႀကိဳက္တတ္သလဲ

သဝန္တိုလို႔ပဲ ျဖစ္ျဖစ္ တခါတေလမွာ ဒီလို ေမးခြန္းမ်ိဳး ေမးတတ္ၾကပါတယ္။ ဒါမယ့္ အရင္ဦးဆုံး သင္ စဥ္းစားရမွာက ဘာလို႔ ဒီေမးခြန္းကို ေမးမွာလဲ။ ဘာလို႔ သိခ်င္တာလဲ ဆိုတဲ့ အရာပါ။ သင္ေမးလိုက္လို႔ စိတ္သက္ေသာင့္သက္သာ ရွိရင္ သူဖက္ကေရာ။ သင္နဲ႔ မေတြ႕ခင္မွာ သူ႕မွာ အတိတ္ေဟာင္းေတြ ရွိခဲ့မွာ အမွန္ပါ။ ဒါမယ့္ ဒီလို ေမးခြန္းမ်ိဳးက သင္ မေမးသင့္ ပါဘူး။

(2) ဟိုေကာင္မေလး လွတယ္လို႔ ထင္လား။

ဒီ ေမးခြန္းက သင့္အတြက္ေရာ သင့္ခ်စ္သူ အတြက္ေရာ မေကာင္းတဲ့ ေမးခြန္း တစ္ခုပါ။ မသိရင္ပဲ ငါက ေကာင္မေလးေတြကို လိုက္ၾကည့္ေနတယ္ ထင္လို႔လား ဆိုတဲ့ ဘုေဘာက္က်က် စကားသံမ်ိဳး သင္ ျပန္ၾကားရပါလိမ့္မယ္။

(3) ေနာက္ထပ္ ၅ ႏွစ္ၾကာရင္ ငါတို႔ ဘာျဖစ္မယ္ထင္လဲ။

ေနာက္ ၅ႏွစ္ၾကာရင္ ငါတို႔ေတြ ဘာျဖစ္မယ္ ထင္တယ္။ ငါတို႔ႏွစ္ေယာက္ ဘာဆက္လုပ္ၾကမလဲ ဆိုတဲ့ ေမးခြန္းက အခုမွ ခ်စ္သူ စျဖစ္တဲ့ အခ်ိန္မွာ မေမးသင့္ပါဘူး။ အနာဂတ္အတြက္ အစီစဥ္တစ္ခု ရွိတာဟာ ေကာင္းပါတယ္။ ဒါေပမယ့္လည္း ဒီေမးခြန္းမ်ိဳးက သူ႕ကို ငါဘာဆက္လုပ္ ရမွာပါလိမ့္ ဆိုၿပီး ေတြးစရာ အေတြးေတြ ရွိသြားေစပါတယ္။ အဲဒီအစား ရွင့္ရဲ႕ ကိုယ္ပိုင္ ရည္႐ြယ္ခ်က္ ပန္းတိုင္ကဘာလဲ ဆိုတဲ့ ေမးခြန္းေမးတာ ပိုၿပီး သူ႕ကို သက္ေသာင့္သက္သာ ရွိေစမွာပါ။

(4) ကေလးေတြ အမ်ားႀကီး လိုခ်င္လား။

ဒီ ေမးခြန္းေတြက သင့္ခ်စ္သူထက္ သင္ဘက္က ပိုအေရးႀကီးပါတယ္။ သင္က ဘယ္ေလာက္ထိ အေလးထားသလဲ ဆိုတဲ့အေပၚမွာ မူတည္ပါတယ္။ သူ႕ရဲ႕ ငယ္စဥ္က ဆိုက္ကိုေတြကိုလည္း အရင္ ေလ့လာသင့္ပါတယ္။ သင့္ကို အေပ်ာ္တြဲတာမ်ိဳး မဟုတ္ေပမယ့္ တခါတေလမွာ သူတို႔စိတ္ထဲ ကေလးဘဝရဲ႕ စိတ္ထိခို္က္မႈ ေလးေတြ ရွိတတ္ပါတယ္။

(5) ရွင့္ မိဘေတြနဲ႔ ဘယ္ေတာ့ ေတြ႕ရမလဲ။

ဒါက ခ်စ္သူႏွစ္ဦး ဆက္ဆံေရးမွာ အေရးႀကီးတဲ့ ေမးခြန္း မဟုတ္ဘူးလား ဆိုေတာ့ ဟုတ္ပါတယ္။ ဒါေပမယ့္ သင္တို႔ႏွစ္ေယာက္ ဆက္ဆံေရးကို သာမက သူ႕မိသားစုနဲ႔ သူ႕ရဲ႕ ဆက္ဆံေရး ဘယ္လို ရွိတယ္ ဆိုတာကို သင္အရင္ ေလ့လာသင့္ပါတယ္။ သူက Broken Family လား။ ဒါမွမဟုတ္ မိသားစုေတြနဲ႔ ဆက္ဆံေရး အဆင္ေျပသူလား မေျပသူလား ဆိုတာကို အရင္သိေအာင္ လုပ္ပါ။ ဘယ္အခ်ိန္မဆို ေတြ႕ႏိုင္တယ္ လို႔ ေမွ်ာ္လင့္မထားပါနဲ႕။ အရင္ဆုံး သူ႕ကို ကိုယ့္မိသားစုဝင္ေတြနဲ႔ မိတ္ဆက္ေပးပါ။

source my love

(Unicode)

ချစ်သူစုံတွဲတွေ အနေနဲ့ ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီး အသေးအမွှား လေးတွေက အစ သိချင်ကြတာ သဘာဝ ပါပဲ။ ရည်းစား ဘဝ မှာပဲ ဖြစ်ဖြစ် အိမ်ထောင်သည်ဘဝ ရောက်တဲ့ အခါပဲ ဖြစ်ဖြစ် တစ်ဦးနဲ့ တစ်ဦး ပွင့်ပွင့်လင်းလင်း နေပြီး အားနည်းချက် အားသာချက် တွေကို သိအောင် လေ့လာထား သင့်ပါတယ်။

ဒါမယ့် တစ်ဖက်လူ စိတ် အနှောင့်ယှက် ဖြစ်စေမယ့် မဖြေချင်တဲ့ မေးခွန်းမျိုးတွေကို ရှောင်သင့်ရင် ရှောင်ရပါမယ်။ ချစ်သူ မိန်းကလေးတွေ အနေနဲ့ ကိုယ့်ချစ်သူ ကိုယ့်ကောင်လေးကို ဒီလို မေးခွန်းမျိုးတွေ မေးမယ် ဆိုရင်တော့ သင်တို့ရဲ့ ချစ်သူ ကောင်လေးက မဖြေချင်မှာ အသေချာ ပါပဲ။

(1) ရည်းစားဟောင်းက ဘာကြိုက်တတ်သလဲ

သဝန်တိုလို့ပဲ ဖြစ်ဖြစ် တခါတလေမှာ ဒီလို မေးခွန်းမျိုး မေးတတ်ကြပါတယ်။ ဒါမယ့် အရင်ဦးဆုံး သင် စဉ်းစားရမှာက ဘာလို့ ဒီမေးခွန်းကို မေးမှာလဲ။ ဘာလို့ သိချင်တာလဲ ဆိုတဲ့ အရာပါ။ သင်မေးလိုက်လို့ စိတ်သက်သောင့်သက်သာ ရှိရင် သူဖက်ကရော။ သင်နဲ့ မတွေ့ခင်မှာ သူ့မှာ အတိတ်ဟောင်းတွေ ရှိခဲ့မှာ အမှန်ပါ။ ဒါမယ့် ဒီလို မေးခွန်းမျိုးက သင် မမေးသင့် ပါဘူး။

(2) ဟိုကောင်မလေး လှတယ်လို့ ထင်လား။

ဒီ မေးခွန်းက သင့်အတွက်ရော သင့်ချစ်သူ အတွက်ရော မကောင်းတဲ့ မေးခွန်း တစ်ခုပါ။ မသိရင်ပဲ ငါက ကောင်မလေးတွေကို လိုက်ကြည့်နေတယ် ထင်လို့လား ဆိုတဲ့ ဘုဘောက်ကျကျ စကားသံမျိုး သင် ပြန်ကြားရပါလိမ့်မယ်။

(3) နောက်ထပ် ၅ နှစ်ကြာရင် ငါတို့ ဘာဖြစ်မယ်ထင်လဲ။

နောက် ၅နှစ်ကြာရင် ငါတို့တွေ ဘာဖြစ်မယ် ထင်တယ်။ ငါတို့နှစ်ယောက် ဘာဆက်လုပ်ကြမလဲ ဆိုတဲ့ မေးခွန်းက အခုမှ ချစ်သူ စဖြစ်တဲ့ အချိန်မှာ မမေးသင့်ပါဘူး။ အနာဂတ်အတွက် အစီစဉ်တစ်ခု ရှိတာဟာ ကောင်းပါတယ်။ ဒါပေမယ့်လည်း ဒီမေးခွန်းမျိုးက သူ့ကို ငါဘာဆက်လုပ် ရမှာပါလိမ့် ဆိုပြီး တွေးစရာ အတွေးတွေ ရှိသွားစေပါတယ်။ အဲဒီအစား ရှင့်ရဲ့ ကိုယ်ပိုင် ရည်ရွယ်ချက် ပန်းတိုင်ကဘာလဲ ဆိုတဲ့ မေးခွန်းမေးတာ ပိုပြီး သူ့ကို သက်သောင့်သက်သာ ရှိစေမှာပါ။

(4) ကလေးတွေ အများကြီး လိုချင်လား။

ဒီ မေးခွန်းတွေက သင့်ချစ်သူထက် သင်ဘက်က ပိုအရေးကြီးပါတယ်။ သင်က ဘယ်လောက်ထိ အလေးထားသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သူ့ရဲ့ ငယ်စဉ်က ဆိုက်ကိုတွေကိုလည်း အရင် လေ့လာသင့်ပါတယ်။ သင့်ကို အပျော်တွဲတာမျိုး မဟုတ်ပေမယ့် တခါတလေမှာ သူတို့စိတ်ထဲ ကလေးဘဝရဲ့ စိတ်ထိခိုက်မှု လေးတွေ ရှိတတ်ပါတယ်။

(5) ရှင့် မိဘတွေနဲ့ ဘယ်တော့ တွေ့ရမလဲ။

ဒါက ချစ်သူနှစ်ဦး ဆက်ဆံရေးမှာ အရေးကြီးတဲ့ မေးခွန်း မဟုတ်ဘူးလား ဆိုတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သင်တို့နှစ်ယောက် ဆက်ဆံရေးကို သာမက သူ့မိသားစုနဲ့ သူ့ရဲ့ ဆက်ဆံရေး ဘယ်လို ရှိတယ် ဆိုတာကို သင်အရင် လေ့လာသင့်ပါတယ်။ သူက Broken Family လား။ ဒါမှမဟုတ် မိသားစုတွေနဲ့ ဆက်ဆံရေး အဆင်ပြေသူလား မပြေသူလား ဆိုတာကို အရင်သိအောင် လုပ်ပါ။ ဘယ်အချိန်မဆို တွေ့နိုင်တယ် လို့ မျှော်လင့်မထားပါနဲ့။ အရင်ဆုံး သူ့ကို ကိုယ့်မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးပါ။

source my love

LEAVE A REPLY

Please enter your comment!
Please enter your name here