အရမ္းေကာင္းလို႔ ဖတ္ျဖစ္ေအာင္ဖတ္က်ိပါ..

0
3475

(Zawgyi)

(1) သူမဟာ.. အျပင္မွာ ေနာက္ထပ္ ေယာက္်ားေလး အသစ္တစ္ေယာက္ ေတြ႕ေနတာေၾကာင့္ အိမ္က ေယာက်ာ္းနဲ႔ တစ္ကုတင္တည္း အတူမအိပ္ခ်င္ ေတာ့ဘူး။ ဘီဒိုထဲက ေစာင္နဲ႔ ေခါင္းအံုးအသစ္ ထပ္ထုတ္ၿပီး ေယာက်ာ္းနဲ႔ တစ္ကုတင္စီ ခြဲအိပ္တယ္။ တေယာက္တည္း ကုတင္ အထက္မွာ ခ်မ္းလြန္းလို႔ တုန္ေနတယ္။ ေယာက္်ားက ခ်က္ခ်င္း ကုတင္နား လာၿပီး သူ႔ေစာင္နဲ႔ လဲလိုက္တယ္.. ၿပီးေတာ့ ေျပာလိုက္တယ္..

“ ငတံုးမေလး.. အရင္ေန႔ေတြ ငါ နင့္ထက္ အရင္ေစာၿပီး အိပ္ရာဝင္တာ ငါ့ကိုယ္ေငြ႕နဲ႔ အရင္ေႏြးေပးေအာင္ လုပ္တာ.. စိတ္ခ်ပါ.. ငါ နင့္ေစာင္ကို မဖယ္ပါဘူး.. ”

သူမစိတ္ အရည္ေပ်ာ္သြားသည္။ ေနာက္ေန႔ အျပင္က ခ်စ္သူနဲ႔ ေတြ႕တဲ့အခါ သူမက ေမးလိုက္သည္။

“ ရွင္ က်မကို တကယ္ခ်စ္လား” ?

“ အမ္.. အင္း.. အင္း ခ်စ္တယ္ေလ.. ”

႐ုတ္တရတ္ ေမးလိုက္တဲ့ အေမးေၾကာင့္ ေကာင္ေလး နည္းနည္း ေၾကာင္သြားသည္။

“ ဒါဆို က်မရဲ႕ ေစာင္ကို ရွင္ေႏြးေထြးေအာင္ လုပ္ေပးမွာလား”

သူ ဒီ့ထက္ ပိုေၾကာင္သြားတယ္..

“ ဘယ္လို.. ဘယ္ဟာကို…”

သူမ အခန္း တံခါးကို ဆြဲဖြင့္လိုက္ၿပီး တစ္ခြန္း လွည့္ေျပာလိုက္တယ္..

“ ဒီေန႔ ရွင္နဲ႔က်မ ေနာက္ဆံုးပဲ… ဘိုင့္”

[ အခ်စ္ ဆိုတာ ကိုယ္ခႏၶာရဲ႕ အေႏြးဓာတ္ေလး တစ္ခု ]

(2) သူမ ကားေမာင္းရင္ အာရံု ပ်ံ႕လြင့္တတ္တယ္။ ရံုးက ျပန္လာေနတုန္း ပ်င္းေနတာနဲ႔ ေယာက္်ားဆီ ဖုန္းေခၚလိုက္တယ္.. ေယာက္်ားဆီ အၿမဲ အဲလို ဖုန္းဆက္တိုင္း “ အင္း… ” တစ္လံုးထက္ ပိုမေျပာဘူး… အဲဒါနဲ႔ ဖုန္းခ်ပစ္လိုက္ၿပီး ေက်ာင္းေနဖက္ သူငယ္ခ်င္းကို ဖုန္းလွမ္းေခၚ လိုက္တယ္။

 

တစ္ဖက္က က်ဴတဲ့ အဆင့္ထိ တက္လာေတာ့ သူမ အာရံုေထြျပားသြားၿပီး ကားတိုက္မႈ ျဖစ္သြားတယ္။ ေဆးရံုမွာ ေယာက္်ားျဖစ္သူက ေန႔ညမနား ျပဳစုေပးတယ္။ သူမ သတိရလာေတာ့ ေယာက္်ားက သူမလက္ကို ဆုပ္ကိုင္ၿပီး ေျပာတယ္။

 

“ ဘာျဖစ္လို႔ ဒီလို ေပါ့ဆရတာလဲဟင္… နင္ ကားေမာင္းေနတုန္း ငါ စကား တစ္ခြန္းထက္ ပိုမေျပာဘူး ဆိုတာ နင္အခုလို အက္စီးဒင့္ ျဖစ္မွာ စိုးရိမ္လို႔ေလ.. နင္က ဒီေလာက္ အာရံု မ်ားတတ္တာ ငါမသိဘဲ ေနမလား..”

 

သူမ သူ႔ရဲ႕လက္ကို တင္းတင္းေလး ျပန္ဆုပ္ကိုင္ ထားလိုက္သည္၊ ပါးျပင္ အထက္ကေန မ်က္ရည္ပူ အခ်ိဳ႕ စီးဆင္းလာသည္။ ရင္ဘတ္ထဲမွာေတာ့ ေႏြးေနသည္။

[ အခ်စ္ ဆိုတာ စကားတစ္ခြန္းထက္ ပိုမေျပာတာ ]

(3) ညအိပ္ခါနီး ေယာက္်ားကို ေမးတယ္

“ တကယ္လို႔ ရွင္နဲ႔ က်မ အသက္ေတြ ႀကီးလာလို႔ ႏွစ္ေယာက္ထဲက တစ္ေယာက္ အရင္ ေသရမယ္ဆို.. ဘယ္သူ႔ကို အရင္ ေသေစခ်င္လဲ”

“ ကိုယ့္မိန္းမကို အရင္ ေပးေသမွာေပါ့လို႔… ”

“ ဟြန္း… အက်င့္ မေကာင္းဘူး.. ဘာျဖစ္လို႔လဲ… ”

“ဘာျဖစ္လို႔လဲ ဆိုေတာ့ ကိုယ္မရွိတဲ့ ေန႔ရက္ေတြကို မိန္းမ တစ္ေယာက္တည္း အထီးက်န္ ဆန္ဆန္ မျဖတ္သန္းေစခ်င္ဘူးေလ… ကိုယ့္ကိုပဲ ျဖတ္သန္းခြင့္ေပးေပါ့”

“ ေအာ္…. ဒီလိုလား…. ဒါဆို ကို႔မွာ ကုလို႔မရတဲ့ ေရာဂါ ရေနတယ္ ဆိုရင္ေကာ… ”

“ အာ… အိပ္ေတာ့… အိပ္ခါနီး ေပါက္ကရ ေလွ်ာက္ေတြးေနတယ္… ”

“ ဟာ… ကိုကလည္းကြာ.. ရဖူး.. ေျပာျပ.. တကယ္လို႔ ဆိုရင္ေျပာတာ”

“ အဲလိုဆို.. မကုေတာ့ဘူး.. ”

“ ဘာျဖစ္လို႔လဲ .. ”

“ မိန္းမ တေယာက္တည္း က်န္ခဲ့ရင္ ေငြရွာရတာ လြယ္လို႔လား… ”

[ အခ်စ္ ဆိုတာ ကိုယ္ေဘးဒုကၡ ေရာက္ေနသည့္တိုင္ေအာင္ ခ်စ္သူအတြက္ စိတ္ပူပန္ေပးေသးတာ ]

(4) သူမက ပန္းသီး သိပ္ႀကိဳက္တယ္။ သူ ေန႔တိုင္း ပန္းသီးႏွစ္လံုး အခြံႏႊာတယ္၊ တစ္ေယာက္ တစ္လံုးေပါ့၊ သူမကလည္း ဒါကို ႐ိုမက္တစ္ ဆန္တယ္လို႔ ေတြးၿပီး ႏွစ္ၿခိဳက္တယ္။ ဒါေပမယ့္ မႀကိဳက္တာတခုက အၿမဲတမ္း သူက ပန္းသီးတစ္လံုးဆီကို တစ္ကိုက္ဆီ ကိုက္ၿပီး သူကိုက္ၿပီးသားမွ သူမကို ေပးတာပဲ.. ဒါကို စိတ္ထဲမွာ ေမးခ်င္ေနေပမယ့္ ေအာင့္ထားတာၾကာၿပီ။

တစ္ရက္.. သူ ဖုန္းသြားကိုင္တုန္း စားပြဲေပၚ တင္ထားခဲ့တဲ့ သူ႔ပန္းသီးကို သူမ တစ္ကိုက္ ျပန္သြားကိုက္လိုက္တယ္၊ အရသာက ကိုယ္စားေနက် ပန္းသီးေလာက္ မခ်ိဳဘူး ျဖစ္ေနတယ္။ မ်က္ရည္ေႏြးေလးက သူမ ပါးျပင္ထက္က စီးဆင္းလာတယ္…

[ အခ်စ္ ဆိုတာ သင့္အတြက္ ေကာင္းတာေလးကိုပဲ ခ်န္ထားတာ ]

(5) သူက သူမကို ေမးလိုက္တယ္၊ “ ငါ့ေဘာင္းဘီ အိတ္ထဲမွာ သၾကားလံုး ဘယ္ႏွစ္လံုး ရွိသလဲ မွန္းၾကည့္”

သူမက ေျဖတယ္..

“ ေျဖတာ မွန္ရင္ ေကြ်းမွာလားေျပာ”

သူေခါင္းညိတ္ၿပီး ျပန္ေျဖတယ္..

“ အင္း.. မွန္ရင္ ႏွစ္လံုးေကြ်းမယ္” သူမ တံေတြးကို ၿမိဳခ်လိုက္ၿပီးေျပာတယ္၊

“ ၅ လံုး ရွိတယ္ ”

သူက ရယ္ၿပီး သူမလက္ထဲကို သၾကားလံုး ထိုးထည့္ေပးၿပီး ေျပာလိုက္တယ္

“ သံုးလံုး အေႂကြးမွတ္ထား ”

[ အခ်စ္ ဆိုတာ သင့္ေလာဘစိတ္ ေသးေသးေလးကအစ လိုက္ပီး ျဖည့္ဆည္းေပးတာ ]

(6) ကုလားထိုင္ ေပၚမွာ အဖိုးႀကီး တစ္ေယာက္ မွိန္းၿပီး အနားယူေနသည္။ အဘြားႀကီးက အဖိုးႀကီးလက္ကို လာဆြဲၿပီးေျပာတယ္

“ အဖိုးႀကီးေရ… က်ဳပ္အခု ေတာ့္ကို ေတာင္းပန္စရာ တစ္ခုရွိတယ္ေအ… အဲဒီႏွစ္မွာ.. က်ဳပ္ကို က်ဳပ္ ငယ္ရည္းစား ျပန္လာရွာတယ္၊ သူကေျပာတယ္.. က်ဳပ္ကို ခ်စ္ေသးတုန္းပဲတဲ့… အခု က်ဳပ္ကို လာျပန္ေခၚတာတဲ့၊  က်ဳပ္လည္း အဲဒီတုန္းက သူ႔အေပၚ ခ်စ္ေသးသလိုေတာ့ ရွိသား… ဒါနဲ႔ပဲ သူနဲ႔လိုက္သြားဖို႔ အထုပ္အပိုး ျပင္မလို႔ အိမ္ကိုျပန္လာတယ္၊ အိမ္ထဲဝင္လိုက္တာနဲ႔ မီးဖိုေခ်ာင္က ၾကက္ေပါင္းရည္ ျပဳတ္ေနတဲ့ ေတာ့္ကို ေတြ႕လိုက္ရေတာ့တာပဲ.. ေတာ္ ေတာင္ေျပာေသးတယ္

” က်ဳပ္ အခုတေလာ စိတ္ကေယာင္ ေခ်ာက္ျခားျဖစ္ေနလို႔တဲ့၊ အားရွိသြားေအာင္ ျပဳတ္ေပးတာတဲ့ ”

“ အဲတုန္းက က်ဳပ္ အိပ္ခန္းထဲ တန္းေျပးဝင္သြားၿပီး ငိုခ်င္း ခ်ေတာ့တာပဲ အဲဒီတုန္းက က်ဳပ္ဆံုးျဖတ္ခဲ့တယ္.. ေတာ့္ကို မခြဲသြားေတာ့ဘူး လို႔… ” . . .

 

အဖိုးႀကီးက မ်က္လံုးကို ေမွးေနေအာင္ ရယ္လိုက္ၿပီး ျပန္ေျဖတယ္၊

“ အဖြားႀကီးရ… ဒီကိစၥကို ငါ အေစာႀကီးတည္းက သိေနတယ္.. အဲတုန္းက နင္တို႔ ႏွစ္ေယာက္ အျပန္အလွန္ ပို႔ခဲ့တဲ့ စာေတြငါ ခိုးဖတ္ခဲ့တယ္၊ အဲဒီ ၾကက္ေပါင္းရည္ကလည္း နင္သြားေတာ့မယ္ ဆိုတာ ငါသိေနလို႔ ေနာက္ဆံုးအေနနဲ႔ ငါ့ဘက္က တတ္ႏိုင္တာ လုပ္ေပးတာ၊ ဗိုက္ထဲ အစာမရွိေပမယ့္ ၾကက္ေပါင္းရည္ေလး ေသာက္ထားေတာ့ ကားမူးနည္းနည္း သက္သာတာေပါ့. .. နင္ငယ္ငယ္က ကားအရမ္း မူးတတ္တယ္ မဟုတ္လား… ”

ပါးေရတြန္႔ေနတဲ့ အဘြားႀကီး မ်က္ႏွာမွာ မ်က္ရည္ေတြနဲ႔ စိုရႊဲသြားတယ္.. ခဏေနေတာ့ အဘြားႀကီးကေျပာတယ္…

“ အဖိုးႀကီး… က်ဳပ္ ဒီတစ္သက္ လုပ္ခဲ့ဖူးသမွ် ကိစၥမွာ အမွန္ဆံုး ကိစၥကေတာ့.. အဲဒီႏွစ္က ေတာ့ကို မခြဲသြားခဲ့တာပဲ.. ”

ေယာက်ာ္းေလးေတြ တစ္သက္လံုး သိမွာ မဟုတ္ဘူး၊ မိန္းကေလးေတြ ဘာေတြ ေတြးေနတယ္ ဆိုတာ။ မိန္းကေလး တစ္သက္လံုး သိမွာမဟုတ္ဘူး၊ ေယာက္်ားေလးေတြ ဘာလိုခ်င္သလဲ ဆိုတာ။ အရမ္းကို လက္ရာေသသပ္ လွပတဲ့ အခ်စ္တိုင္းက အက်ိဳးအေၾကာင္း မရွိဘဲ ျဖစ္ေပၚလာၾကတယ္ ဆိုတာ မရွိပါဘူး..။

ေကာင္းတဲ့ကံေၾကာင့္ပဲ ျဖစ္ျဖစ္၊ ဆိုးတဲ့ ကံေၾကာင့္ပဲျဖစ္ျဖစ္ အဲဒီ လူႏွစ္ေယာက္ ခ်စ္ေနတဲ့ အခ်စ္ တစ္ခုထဲကိုသာ ေရွ႕တန္းတင္ၿပီး နားလည္ေပးမယ္၊ အခ်င္းခ်င္း ခြင့္လႊတ္ ဖာေထးေပးမယ္ ဆိုမွသာ အခ်စ္ရဲ႕ တကယ့္ ေနာက္ခံပိတ္ကား အစစ္အမွန္ေပါ့…

အခ်စ္ ဆိုတာ ထင္တာထက္ နက္နဲတယ္ဟုတ္.. ခ်မ္းသာသုခ ဆိုတာ ဗလိုင္းႀကီး ျဖစ္မလာပါဘူး၊ သင္က စိတ္ရွည္ရွည္နဲ႔ ေျဖးေျဖးခ်င္း ျပဳစုပ်ိဳးေထာင္ ေပးမွသာ ရရွိမွာပါ။ သံေယာဇဥ္က ႀကီးထြားတတ္တာ.. ပ်ိဳးေထာင္ေပးပါ..

(Unicode)

(1) သူမဟာ.. အပြင်မှာ နောက်ထပ် ယောက်ျားလေး အသစ်တစ်ယောက် တွေ့နေတာကြောင့် အိမ်က ယောကျာ်းနဲ့ တစ်ကုတင်တည်း အတူမအိပ်ချင် တော့ဘူး။ ဘီဒိုထဲက စောင်နဲ့ ခေါင်းအုံးအသစ် ထပ်ထုတ်ပြီး ယောကျာ်းနဲ့ တစ်ကုတင်စီ ခွဲအိပ်တယ်။ တယောက်တည်း ကုတင် အထက်မှာ ချမ်းလွန်းလို့ တုန်နေတယ်။ ယောက်ျားက ချက်ချင်း ကုတင်နား လာပြီး သူ့စောင်နဲ့ လဲလိုက်တယ်.. ပြီးတော့ ပြောလိုက်တယ်..

“ ငတုံးမလေး.. အရင်နေ့တွေ ငါ နင့်ထက် အရင်စောပြီး အိပ်ရာဝင်တာ ငါ့ကိုယ်ငွေ့နဲ့ အရင်နွေးပေးအောင် လုပ်တာ.. စိတ်ချပါ.. ငါ နင့်စောင်ကို မဖယ်ပါဘူး.. ”

သူမစိတ် အရည်ပျော်သွားသည်။ နောက်နေ့ အပြင်က ချစ်သူနဲ့ တွေ့တဲ့အခါ သူမက မေးလိုက်သည်။

“ ရှင် ကျမကို တကယ်ချစ်လား” ?

“ အမ်.. အင်း.. အင်း ချစ်တယ်လေ.. ”

ရုတ်တရတ် မေးလိုက်တဲ့ အမေးကြောင့် ကောင်လေး နည်းနည်း ကြောင်သွားသည်။

“ ဒါဆို ကျမရဲ့ စောင်ကို ရှင်နွေးထွေးအောင် လုပ်ပေးမှာလား”

သူ ဒီ့ထက် ပိုကြောင်သွားတယ်..

“ ဘယ်လို.. ဘယ်ဟာကို…”

သူမ အခန်း တံခါးကို ဆွဲဖွင့်လိုက်ပြီး တစ်ခွန်း လှည့်ပြောလိုက်တယ်..

“ ဒီနေ့ ရှင်နဲ့ကျမ နောက်ဆုံးပဲ… ဘိုင့်”

[ အချစ် ဆိုတာ ကိုယ်ခန္ဓာရဲ့ အနွေးဓာတ်လေး တစ်ခု ]

(2) သူမ ကားမောင်းရင် အာရုံ ပျံ့လွင့်တတ်တယ်။ ရုံးက ပြန်လာနေတုန်း ပျင်းနေတာနဲ့ ယောက်ျားဆီ ဖုန်းခေါ်လိုက်တယ်.. ယောက်ျားဆီ အမြဲ အဲလို ဖုန်းဆက်တိုင်း “ အင်း… ” တစ်လုံးထက် ပိုမပြောဘူး… အဲဒါနဲ့ ဖုန်းချပစ်လိုက်ပြီး ကျောင်းနေဖက် သူငယ်ချင်းကို ဖုန်းလှမ်းခေါ် လိုက်တယ်။

တစ်ဖက်က ကျူတဲ့ အဆင့်ထိ တက်လာတော့ သူမ အာရုံထွေပြားသွားပြီး ကားတိုက်မှု ဖြစ်သွားတယ်။ ဆေးရုံမှာ ယောက်ျားဖြစ်သူက နေ့ညမနား ပြုစုပေးတယ်။ သူမ သတိရလာတော့ ယောက်ျားက သူမလက်ကို ဆုပ်ကိုင်ပြီး ပြောတယ်။

 

“ ဘာဖြစ်လို့ ဒီလို ပေါ့ဆရတာလဲဟင်… နင် ကားမောင်းနေတုန်း ငါ စကား တစ်ခွန်းထက် ပိုမပြောဘူး ဆိုတာ နင်အခုလို အက်စီးဒင့် ဖြစ်မှာ စိုးရိမ်လို့လေ.. နင်က ဒီလောက် အာရုံ များတတ်တာ ငါမသိဘဲ နေမလား..”

သူမ သူ့ရဲ့လက်ကို တင်းတင်းလေး ပြန်ဆုပ်ကိုင် ထားလိုက်သည်၊ ပါးပြင် အထက်ကနေ မျက်ရည်ပူ အချို့ စီးဆင်းလာသည်။ ရင်ဘတ်ထဲမှာတော့ နွေးနေသည်။

[ အချစ် ဆိုတာ စကားတစ်ခွန်းထက် ပိုမပြောတာ ]

(3) ညအိပ်ခါနီး ယောက်ျားကို မေးတယ်

“ တကယ်လို့ ရှင်နဲ့ ကျမ အသက်တွေ ကြီးလာလို့ နှစ်ယောက်ထဲက တစ်ယောက် အရင် သေရမယ်ဆို.. ဘယ်သူ့ကို အရင် သေစေချင်လဲ”

“ ကိုယ့်မိန်းမကို အရင် ပေးသေမှာပေါ့လို့… ”

“ ဟွန်း… အကျင့် မကောင်းဘူး.. ဘာဖြစ်လို့လဲ… ”

“ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်မရှိတဲ့ နေ့ရက်တွေကို မိန်းမ တစ်ယောက်တည်း အထီးကျန် ဆန်ဆန် မဖြတ်သန်းစေချင်ဘူးလေ… ကိုယ့်ကိုပဲ ဖြတ်သန်းခွင့်ပေးပေါ့”

“ အော်…. ဒီလိုလား…. ဒါဆို ကို့မှာ ကုလို့မရတဲ့ ရောဂါ ရနေတယ် ဆိုရင်ကော… ”

“ အာ… အိပ်တော့… အိပ်ခါနီး ပေါက်ကရ လျှောက်တွေးနေတယ်… ”

“ ဟာ… ကိုကလည်းကွာ.. ရဖူး.. ပြောပြ.. တကယ်လို့ ဆိုရင်ပြောတာ”

“ အဲလိုဆို.. မကုတော့ဘူး.. ”

“ ဘာဖြစ်လို့လဲ .. ”

“ မိန်းမ တယောက်တည်း ကျန်ခဲ့ရင် ငွေရှာရတာ လွယ်လို့လား… ”

[ အချစ် ဆိုတာ ကိုယ်ဘေးဒုက္ခ ရောက်နေသည့်တိုင်အောင် ချစ်သူအတွက် စိတ်ပူပန်ပေးသေးတာ ]

(4) သူမက ပန်းသီး သိပ်ကြိုက်တယ်။ သူ နေ့တိုင်း ပန်းသီးနှစ်လုံး အခွံနွှာတယ်၊ တစ်ယောက် တစ်လုံးပေါ့၊ သူမကလည်း ဒါကို ရိုမက်တစ် ဆန်တယ်လို့ တွေးပြီး နှစ်ခြိုက်တယ်။ ဒါပေမယ့် မကြိုက်တာတခုက အမြဲတမ်း သူက ပန်းသီးတစ်လုံးဆီကို တစ်ကိုက်ဆီ ကိုက်ပြီး သူကိုက်ပြီးသားမှ သူမကို ပေးတာပဲ.. ဒါကို စိတ်ထဲမှာ မေးချင်နေပေမယ့် အောင့်ထားတာကြာပြီ။

တစ်ရက်.. သူ ဖုန်းသွားကိုင်တုန်း စားပွဲပေါ် တင်ထားခဲ့တဲ့ သူ့ပန်းသီးကို သူမ တစ်ကိုက် ပြန်သွားကိုက်လိုက်တယ်၊ အရသာက ကိုယ်စားနေကျ ပန်းသီးလောက် မချိုဘူး ဖြစ်နေတယ်။ မျက်ရည်နွေးလေးက သူမ ပါးပြင်ထက်က စီးဆင်းလာတယ်…

[ အချစ် ဆိုတာ သင့်အတွက် ကောင်းတာလေးကိုပဲ ချန်ထားတာ ]

(5) သူက သူမကို မေးလိုက်တယ်၊ “ ငါ့ဘောင်းဘီ အိတ်ထဲမှာ သကြားလုံး ဘယ်နှစ်လုံး ရှိသလဲ မှန်းကြည့်”

သူမက ဖြေတယ်..

“ ဖြေတာ မှန်ရင် ကျွေးမှာလားပြော”

သူခေါင်းညိတ်ပြီး ပြန်ဖြေတယ်..

“ အင်း.. မှန်ရင် နှစ်လုံးကျွေးမယ်” သူမ တံတွေးကို မြိုချလိုက်ပြီးပြောတယ်၊

“ ၅ လုံး ရှိတယ် ”

သူက ရယ်ပြီး သူမလက်ထဲကို သကြားလုံး ထိုးထည့်ပေးပြီး ပြောလိုက်တယ်

“ သုံးလုံး အကြွေးမှတ်ထား ”

[ အချစ် ဆိုတာ သင့်လောဘစိတ် သေးသေးလေးကအစ လိုက်ပီး ဖြည့်ဆည်းပေးတာ ]

(6) ကုလားထိုင် ပေါ်မှာ အဖိုးကြီး တစ်ယောက် မှိန်းပြီး အနားယူနေသည်။ အဘွားကြီးက အဖိုးကြီးလက်ကို လာဆွဲပြီးပြောတယ်

“ အဖိုးကြီးရေ… ကျုပ်အခု တော့်ကို တောင်းပန်စရာ တစ်ခုရှိတယ်အေ… အဲဒီနှစ်မှာ.. ကျုပ်ကို ကျုပ် ငယ်ရည်းစား ပြန်လာရှာတယ်၊ သူကပြောတယ်.. ကျုပ်ကို ချစ်သေးတုန်းပဲတဲ့… အခု ကျုပ်ကို လာပြန်ခေါ်တာတဲ့၊  ကျုပ်လည်း အဲဒီတုန်းက သူ့အပေါ် ချစ်သေးသလိုတော့ ရှိသား… ဒါနဲ့ပဲ သူနဲ့လိုက်သွားဖို့ အထုပ်အပိုး ပြင်မလို့ အိမ်ကိုပြန်လာတယ်၊ အိမ်ထဲဝင်လိုက်တာနဲ့ မီးဖိုချောင်က ကြက်ပေါင်းရည် ပြုတ်နေတဲ့ တော့်ကို တွေ့လိုက်ရတော့တာပဲ.. တော် တောင်ပြောသေးတယ်

” ကျုပ် အခုတလော စိတ်ကယောင် ချောက်ခြားဖြစ်နေလို့တဲ့၊ အားရှိသွားအောင် ပြုတ်ပေးတာတဲ့ ”

“ အဲတုန်းက ကျုပ် အိပ်ခန်းထဲ တန်းပြေးဝင်သွားပြီး ငိုချင်း ချတော့တာပဲ အဲဒီတုန်းက ကျုပ်ဆုံးဖြတ်ခဲ့တယ်.. တော့်ကို မခွဲသွားတော့ဘူး လို့… ” . . .

အဖိုးကြီးက မျက်လုံးကို မှေးနေအောင် ရယ်လိုက်ပြီး ပြန်ဖြေတယ်၊

“ အဖွားကြီးရ… ဒီကိစ္စကို ငါ အစောကြီးတည်းက သိနေတယ်.. အဲတုန်းက နင်တို့ နှစ်ယောက် အပြန်အလှန် ပို့ခဲ့တဲ့ စာတွေငါ ခိုးဖတ်ခဲ့တယ်၊ အဲဒီ ကြက်ပေါင်းရည်ကလည်း နင်သွားတော့မယ် ဆိုတာ ငါသိနေလို့ နောက်ဆုံးအနေနဲ့ ငါ့ဘက်က တတ်နိုင်တာ လုပ်ပေးတာ၊ ဗိုက်ထဲ အစာမရှိပေမယ့် ကြက်ပေါင်းရည်လေး သောက်ထားတော့ ကားမူးနည်းနည်း သက်သာတာပေါ့. .. နင်ငယ်ငယ်က ကားအရမ်း မူးတတ်တယ် မဟုတ်လား… ”

ပါးရေတွန့်နေတဲ့ အဘွားကြီး မျက်နှာမှာ မျက်ရည်တွေနဲ့ စိုရွှဲသွားတယ်.. ခဏနေတော့ အဘွားကြီးကပြောတယ်…

“ အဖိုးကြီး… ကျုပ် ဒီတစ်သက် လုပ်ခဲ့ဖူးသမျှ ကိစ္စမှာ အမှန်ဆုံး ကိစ္စကတော့.. အဲဒီနှစ်က တော့ကို မခွဲသွားခဲ့တာပဲ.. ”

ယောကျာ်းလေးတွေ တစ်သက်လုံး သိမှာ မဟုတ်ဘူး၊ မိန်းကလေးတွေ ဘာတွေ တွေးနေတယ် ဆိုတာ။ မိန်းကလေး တစ်သက်လုံး သိမှာမဟုတ်ဘူး၊ ယောက်ျားလေးတွေ ဘာလိုချင်သလဲ ဆိုတာ။ အရမ်းကို လက်ရာသေသပ် လှပတဲ့ အချစ်တိုင်းက အကျိုးအကြောင်း မရှိဘဲ ဖြစ်ပေါ်လာကြတယ် ဆိုတာ မရှိပါဘူး..။

ကောင်းတဲ့ကံကြောင့်ပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့ ကံကြောင့်ပဲဖြစ်ဖြစ် အဲဒီ လူနှစ်ယောက် ချစ်နေတဲ့ အချစ် တစ်ခုထဲကိုသာ ရှေ့တန်းတင်ပြီး နားလည်ပေးမယ်၊ အချင်းချင်း ခွင့်လွှတ် ဖာထေးပေးမယ် ဆိုမှသာ အချစ်ရဲ့ တကယ့် နောက်ခံပိတ်ကား အစစ်အမှန်ပေါ့…

အချစ် ဆိုတာ ထင်တာထက် နက်နဲတယ်ဟုတ်.. ချမ်းသာသုခ ဆိုတာ ဗလိုင်းကြီး ဖြစ်မလာပါဘူး၊ သင်က စိတ်ရှည်ရှည်နဲ့ ဖြေးဖြေးချင်း ပြုစုပျိုးထောင် ပေးမှသာ ရရှိမှာပါ။ သံယောဇဉ်က ကြီးထွားတတ်တာ.. ပျိုးထောင်ပေးပါ..

LEAVE A REPLY

Please enter your comment!
Please enter your name here