အတူအိပ်ရန် ငွေ ၁၀၀၀ ကျော်လောက်သာပေးတဲ့ ရဲအရာရှိ အမှုဖွင့်ခံရ

0
6734

(Zawgyi)







Ref – SAW

(Unicode)

အတူတူအိပ်ရန် ခေါ်သွားခဲ့ပြီး မတန်တဆ ဈေးနိမ်တန်ဘိုးဖြတ်ခဲ့သူ ရဲအရာရှိ အမှုဖွင့်ခံရ…

( 52 ) နှစ်ရှိ ရဲအရာရှိ တစ်ဦးက သူ့ကို ဟော်တည်ခေါ်သွားပြီး အတူအိပ်ဖို့ ဘတ်ငွေ (90) မြန်မာငွေ ကျပ် 1000 ကျော်နဲ့ တန်ဖိုးဖြတ်ခဲ့လို့ အတင်းရုန်းကန် ထွက်ပြေးခဲ့ရသူ Mickey Rachaya မိုက်ကီးရချရာရဲ့ သတင်းတွေဟာ ထိုင်းနိုင်ငံ သတင်းတွေမှာ နာမည်ကြီး နေပါတယ်။

ဒီရဲအရာရှိဟာ ဘန်ကောက်မြို့က ရဘူရနခရိုင်အတွင်းမှာ တာဝန်ထမ်းဆောင် နေတဲ့သူ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မရှိတဲ့ဈေးနဲ့ အတူအိပ်ခအဖြစ် ကွေ့တယို နှစ်ပွဲစာသာ ပေးပြီး တန်ဖိုးဖြတ် ခံရတဲ့အတွက် သူမက ရဲစခန်းမှာ အတင်းအကြပ် ကာမ ဆက်ဆံရန် ကြိုးစားမှုနဲ့ အမှုဖွင့် ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ နိုက်ကလပ်က အမျိုးသမီး တစ်ဦးကို နှစ်ဦး သဘောတူ အိပ်ဖို့ အပြင်ကို ခေါ်သွားမယ် ဆိုရင် ထိုင်းဘတ်ငွေ ၁၀၀၀ က နေ ၁၅၀၀ အထိ ပေးချေရပါတယ်။

မိန်းမလျာ တစ်ဦးဖြစ်လို့ ခုလိုဈေးနှိမ်ပြီး ဘတ် (၉၀) သာ ပေးခဲ့တဲ့ ရဲအရာရှိဟာ ချောမောတဲ့ မိန်းမလျာတွေရဲ့ အပြင်ဈေးက ဘယ်ဈေး ပေါက်တယ် ဆိုတာ သူအနေနဲ့ မသိတာလား၊ (အမျိုးသမီးများ ပေါက်ဈေးအတိုင်း တန်းတူညီတူ ပေးရသည်) မိန်းခလေး ထင်ပြီး ခေါ်သွားခဲ့ပြီးကာမှ အခြောက်ဖြစ်နေလို့ ခုလို မထူးဇတ်ခင်းပြီး ဘတ်ငွေကိုးဆယ်နဲ့ လိင်ဆက်ဆံဘို့ကြိုးစားရင်းက စကားများ ရန်ဖြစ်ခဲ့တာလား ဆိုတာတော့ အခန်းတွင်း ဇတ်လမ်းကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။

ခုလို ဖြစ်ရပ်တွေ မကြာခဏ ဖြစ်နေတာဗျ နှစ်ဦး စကားများ ရန်ဖြစ်ရင်းနဲ ထိုးကြိတ်နှဘန်း လုံးကြတဲ့ အထိဖြစ်ခဲ့လို့ ဟော်တယ် ဝန်ထမ်းတွေက ဝင်ဆွဲဟန့်တား ခဲ့ရကြောင်း အဆိုပါ ဟော်တယ်ရဲ့အစောင့် ဝန်ထမ်းက ပြောပါတယ်။

Ref – SAW

LEAVE A REPLY

Please enter your comment!
Please enter your name here